Monday, April 27, 2009
Sunday, July 20, 2008
Saturday, July 19, 2008
နီကိုရဲ(ကျွန်မ၏ ပြား)
(တစ်)
တင်းမာစူးရှပြတ်သားသော အကြည့်နှင့် အမေက မကျေမနပ်ကြည့်ကာ ဖျပ်ခနဲထသည်။
"ဒီအသက် ဒီအရွယ်ပဲ ရှိနေပြီ။ တစ်ခါလာလည်း ဒီပြဿနာ၊ တစ်ခါလာလည်း ဒါ.. .ပဲ။ ဘာမှ အရေးမကြီးတဲ့ကိစ္စကို နင်ဘာဖြစ်နေသလဲ။ ငါတော့ လုပ်မိတော့မယ်"
ဒေါသသံဖြင့် အမေပြောသွားသော 'ဘာမှ အရေးမကြီးတဲ့ကိစ္စ' ဆိုသော စကားလုံးသည် သူမနားထဲမှာ ဆူးတစ်ချောင်းလို မွှေကာ နှလုံးသားထဲမှာ ၀မ်းနည်းကြေကွဲ နာကျင်ရသည်။ ထိုကိစ္စအတွက် သူမ ဘယ်လောက် အရှက်ကွဲခဲ့ ရပြီးပြီလဲ။ ၀မ်းနည်းကြေကွဲခဲ့ရသလဲ။ နာကျင်ခံစားခဲ့ရသလဲ။ ပြောင်လှောင်မှု၊ အပြုံး၊ အော်သံ၊ ရယ်မောသံတွေနှင့် အကြိမ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသော သူ့ဘ၀၏ အရေးအကြီးဆုံး ပြဿနာကို အမေက ကိုယ်ချင်းစာ မခံစားသည့်အပြင် ဘာမှ အရေးမကြီးသည့်ကိစ္စဟု ယခုတိုင် ယုံနေဆဲဖြစ်သည်။
သူမ မျက်ရည် ချက်ချင်း ၀ဲတက်လာ၏။ အမေ ထိုလေသံမျိုး သုံးလျှင် ဆက်ပြော၍မရတော့ ဆိုတာကို သူမသိပါသည်။ အမေက ကန်စွန်းရွက်တွေကို ဆီကျင်နေသော ဒယ်အိုးထဲ ထည့်လိုက်သဖြင့် ဝေါခနဲ ဆူညံကာသွားသည်။ အမေက ဆားကို ခပ်ဖွဖွ ဖြူးသည်။ ပြီးတော့ များသွားပြီလားဟူသော အမူအရာဖြင့် ကန်စွန်းရွက်ဒယ်အိုးကို စိတ်မချသလို ကြည့်၏။ သူမ တစ်ဘ၀လုံးကို နှိပ်စက်ခဲ့သည့် ကိစ္စမှာ ကန်စွန်းရွက်ကြော်ထဲ ဆားများမများလောက်မှ အရေးမကြီးဘူးတဲ့လား။
မုန်းသည်။
သူမကိုယ်သူမ မုန်းသည်။
သိပ်သည်းပြီး ခါးလယ်အထိရောက်နေသော ဆံပင်ရှည်ရှည်၊ ကြက်ဥအခွံလို နီထွေးနေတဲ့ အသားအရေ၊ မျက်ရစ်ထင်းထင်းနှင့် ၀ိုင်းစက်လှပသော မျက်ဝန်း၊ မျက်ခုံးထူထူနှင့် ညွတ်ကွေးနေသော မျက်တောင်၊ နီထွေးပြည့်တင်းနေသော မျက်ဝန်း၊ မဟူရာထွေးတို့ နောက်မှ အမြဲအားကျကာ သိုင်းဖက်လျက်ရှိသော ခါးသေးသေး တင်ကားကား၊ အားလုံးမှာ အလကားပင်ဖြစ်သည်။
ရုပ်ရည် အတန်အသင့်ရှိသူများ လှပလာစေရန် ပြုပြင်စ၇ာနည်း ပေါင်းစုံရှိသည်။ ကျန်းမာရေးလေ့ကျင့်ခန်း၊ အ၀တ်အစားရောင်စုံနှင့် နည်းပညာအပြည့် ခေတ်ဒီဇိုင်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံ၊ တော်တန်ရုံ မိန်ကလေးတစ်ယောက်သည် အထက်ပါအကြောင်းအရာများနှင့် ခန္ဓာကိုယ်ကို ဖုံးကာဖော်ကာ အလှဖြစ်အောင် ဖန်တီးနိုင်ပါသည်။
သူမကတော့ ဘာမှမလုပ်ဘဲ ဘာမှမပြင်ဘဲ ပင်ကိုယ် ဘယ်လောက်လှလှ သူတို့ကို ယှဉ်နိုင်စရာ အကြောင်းမရှိ၊ အဘယ်ကြောင့်ဆိုသော် သူမတွင် သူငယ်ချင်းများလို လှပသော နာမည်တစ်ခုမရှိ။ သူမ၏ နာမည်မှာ ရွံ့မုန်းစရာ ကောင်းလောက်အောင် ခေတ်နောက်ကျနေသော နာမည်ဖြစ်သည်။ သူမအမည်မှာ မကြားဝံ့စ၇ာ 'မအုန်းကြည်' ဟူ၍ဖြစ်သည်။
ထို'မအုန်းကြည်'ဟူသော နာမည်သည် ငယ်စဉ်က မထူးခြားသော်လည်း ၈ တန်းလောက်မှစ၍ သူမကို ဒုက္ခပေးလာသည်။ နာမည်လှလှတွေ အပြိုင်အဆိုင်ဖြစ်နေသော အချိန်တွင် သူမနာမည်က လူကြားထဲမှာ ခေါ်လျှင် လူတိုင်းပြုံးကြသော နာမည်ကြီး ဖြစ်၏။
ကျောင်းတက်သည့်အချိန် မနက်တိုင်း နာမည်ခေါ်သည့်အခါ ဆရာမက မအုန်းကြည်ဟု ခေါ်လျှင် ရှိပါတယ်ရှင့်ဟု ထူးရသော သူမအသံက နင်ချင်နေခဲ့သည်။ မနင်ခံနိုင်ပါ့မလား။ အတန်းထဲမှ အရှက်မရှိ မျက်နှာပြောင်တက်သော ရွှေဖုန်းလူတို့၊ မင်းခိုက်စိုးစန်တို့၊ မင်းထက်မောင်တို့က သူမကို လှည့်ကြည့်ကာ အမြဲ ပြုံးတတ်ကြသည်။ ထိုအပြုံးကိုရတိုင်း သူမခေါင်းငုံ့နေရစမြဲ။
ဆရာအသစ်တစ်ယောက် ပြောင်းလာ၍ မိတ်ဆက်တုန်းကလည်း သူမနာမည်ကိုပြောတော့ ဆရာက 'ဘာ'ဆိုကာ အံ့သြသွားခဲ့ဖူးသည်။ ပြီးမှ သူမကိုတစ်ချက်ကြည့်ကာ
"မအုန်းကြည်၊ မအုန်းကြည် အင်း အင်း မအုန်းကြည်တဲ့"ဟု ပြောရင်း မျက်နှာလွှဲသွား၏။
ထိုနေ့မှ စကာ ရွှေဖုန်းလူက ကျောင်းခန်းထဲတွင် အသံပြဲကြီးနှင့် အော်တတ်စတတ်သည်။
"အုန်း၊ ထန်း၊ ပေလက်၊ တမာရွက်တို့ အဟီး မဟုတ်ဘူးကွ။ အုန်းကြည်၊ ထန်း၊ ပေလက်၊ တမာရွက်တို့ ရွှေစက်ရွှေပျော်က ရွှေရည်သောက်၏"
သူမ ရှက်လွန်းသဖြင့် မျက်ရည်ဝဲကာ ဆရာမကိုတိုင်တော့ ဆရာမက'အဲဒါဘာဖြစ်သလဲ။ ပြီးတော့ ဘာဆက်ပြောသလဲ' ဟု လေသံမာမာနှင့် မေးသဖြင့် သူမ ဘာမှ ဆက်မပြောနိုင်တော့ဘဲ မျက်ရည်ဝဲကာ ထိုင်ရသည်။
အသက် ဆယ့်လေးနှစ်သာသာ မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် နာမည်ကို မုန်းတီးရုံမှလွဲ၍ သူမဘာမှ မလုပ်တတ်ခဲ့။ နောက်ပြောင်မှုပေါင်း များလာသောအခါ သူမ သည်းမခံနိုင်တော့ အမေ့ကိုမေးရသည်။ ဒီတော့မှ သူမဘ၀၏ တရားခံသည် ဘုန်းကြီးဘ၀နှင့် ပျံလွန်တော်မူသွားသော သူမအဘိုး ဦးပဉ္စင်း ဦးသောပါကမှန်း သိရ၏။
သူမကို မမွေးခင်ကတည်းက သူမအဘိုးက ဘုန်းကြီးဝတ်သည်။ သူမကို မွေးပြီေးတာ့ အဘိုးက အိမ်ကိုလာရင်း သူမကို နာမည်ပေးသည်။ အဘိုးသည် ဗေဒင်၊ ဆန်းကျမ်း၊ လက္ခဏာ အနည်းအကျဉ်း တတ်ကွှမ်းသဖြင့် မြေးဦးသူမကို သူ တတ်သမျှ;နှင့် တွက်ချက်ကြည့်သည်။ တနင်္ဂနွေ၊ အထွန်းဖွား၊ အုတ်တစ်ချပ်နှင့် ကျော်တစ်ကျော်ရသော သူမနာမည်မှာ မအုန်းကြည် ဖြစ်ခဲ့သည်။ အမေနှင့် အဖေကလည်း ဘုန်းကြီးဝတ်အဘိုး၏ စကားကို မပယ်ရှားဘဲ သူမကို ထိုနာမည်သာ ပေးခဲ့သည်။
မအုန်းကြည်ဟူသော နာမည်သည် အဘိုးတို့ခေတ်တုန်းကတော့ အတော်တာစားခဲ့သော နာမည်မျိုးဖြစ်လိမ့်မည်။ သို့သော် ခေတ်ဆိုတာက တစ်နေရာတည်းမှာ ရပ်တန့်နေသည်မဟုတ်။ အဘိုးက သူ့ခေတ်ကို သူစံထားခဲ့သဖြင့် သူမမှာ ဒုက္ခပေါင်းများစွာကို ခံစားခဲ့ရသည်။ သူမ မမြင်လိုက်ရသော အဘိုးကို စိတ်ထဲမှ ကြိတ်မုန်းပစ်လိုက်၏။ ဆယ်တန်းနှစ်ရောက်လာတော့ သူမသည် အတန်းထဲမှ အလှဆုံးဖြစ်သော်လည်း အလှဆုံးဟူသော ပညတ်ချက်ရသွားသူက 'ညအက္ခရာ' ဖြစ်သွားသည်။
"ညအက္ခရာက မင်းလောက်မလှဘူးကွ။ ဒါပေမယ့် မင်းနာမည်က မအုန်းကြည်ဆိုတော့"
သူငယ်ချင်း ဖွေးဖြူယံ၏ ဆက်မပြောသော စကားက သူမကို ညပေါင်းများစွာ ၀မ်းနည်းကြေကွဲစေခဲ့သည်။ ထို ဆယ်တန်းနှစ်မှာပင် သူမကို ချစ်ခင်သည့်လူမရှိ။ မအုန်းကြည်ဟု လှောင်ပြောင်မည့်သူသာ ရှိသည်။ ရွှေဖုန်းလူတို့ လူစုက ညဘက်ဆိုလျှင် သူတို့အိမ်ရှေ့မှ ဖြတ်တိုင်း 'အုန်းကြည်ရမယ်၊ အုန်းဆီရမယ်၊ အုန်းကြည်ရမယ်'ဟု အော်အော်သွားတတ်သည်။ မကြာခင် ရွှေဖုန်းလူက သူမကို ရည်းစားစကား လိုက်ပြောသည်။ တစ်သက်လုံး ခံစားခဲ့ရသည့် အငြိုးဖြင့် သူမ ရွှေဖုန်းလူကို လွယ်အိတ်ဖြင့် ရိုက်သည်။ အသည်းကွဲမကွဲတော့ မသိ၊ လွယ်အိတ်ထောင့်တွင် ထည့်ထားသော သူမကွန်ပါဗူးကြောင့် ရွှေဖုန်းလူ ခေါင်းကွဲကာ သွားလေသည်။
နာမည်ဆိုသည်မှာ အင်္ကျီလို တစ်နေ့ဝတ်၊ တစ်ခါခွှတ်မရသည့် အရာမို့ ထို မအုန်းကြည်သည် သူမကို တက္ကသိုလ်ရောက်သည်အထိ လိုက်ဒုက္ခပေးနေခဲ့သည်။ သူမကို တက္ကသိုလ်လို ရင်ခုန်လွယ်တဲ့ဒေသမျိုးမှာ ဘယ်ယောက်ျားလေးမှ စိတ်မ၀င်စားကြခြင်းသည် ထိုနာမည်ကြောင့်သာ ဖြစ်ရမည်ဟု သူမကျိန်းသေ တွက်ထား၏။
ထို့ကြောင့် အသိဥာဏ်ရှိလာသော သူမ နာမည်ပြောင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သတင်းစာထဲတွင် ထည့်ကြော်ငြာရမည်၊ မှတ်ပုံတင်ကဒ်ပြား ပြောင်းရမည်၊ ထို့ထက် ဆယ်တန်းအောင်လက်မှတ်တွင် မအုန်းကြည်ဖြစ်သဖြင့် ပြောင်းလိုက်သော နာမည်လှလှသည် မအုန်းကြည်ဟူသော နာမည်နောက်တွင် (ခ)ဖြင့်သာ ပါရတော့မည်ဟု သိရသဖြင့် လက်လျှေ;ာ့ကာ သူမသည် မအုန်းကြည်သာ ဖြစ်နေခဲ့သည်။
ထိုအားနည်းချက်ကြောင့် အားနည်းချက်များစွာ၊ အရှက်များစွာ ရခဲ့သော သူမ၏လျှို့ဝှက်ချက်သည် သူမနာမည် ဖြစ်လာ၏။ သူမသည် ခင်မင်ရင်းနှီးခြင်းမရှိသော မိတ်ဆွေများကို သူမ၏ နာမည်ကို ဘယ်တော့မှ မပြော။ အထူးသဖြင့် ယောက်ျားလေး တော်တော်များများကို သူမအမည်သိမှာ အရမ်းစိုးရိမ်ခဲ့လေသည်။
(နှစ်)
သူမသူငယ်ချင်းများတွင်မတော့ ဘုန်းကြီးဝတ်သွားသော ဗေဒင်တတ်သည့် အဘိုးမရှိ၍ပဲလားမသိ။ နာမည်လှလှကလေးတွေနှင့် ဖြစ်သည်။ ငယ်မဒီတဲ့၊ အရိပ်ဦး၊ ရွှေယမင်းပြည့်၊ နှင်းယွန်းခါ၊ နွဲ့အိန္ဒြာစိုး၊ ပွင့်ဦးစော၊ ညအက္ခရာ တဲ့။ အမြွှာညီအစ်မ၏ နာမည်ကလည်း သကာဦးနှင့် တမာဖူးတဲ့။ တခြားမိန်းကလေးတွေရဲ့ နာမည်တွေကလည်း မကောင်းရင်သာ ရှိရမည်။ ဆိုးတော့မဆိုးကြ။ ရန်ကုန်တက္ကသိုလ်ကြီး တစ်ခုလုံးထဲမှာ သူမနာမည်တစ်ခုတည်းသာ အဆိုးဆုံး ရှက်စရာအကောင်းဆုံးဟု သူမထင်သည်။
လူဆိုသည့် သတ္တ၀ါမှာ တစ်ဦးနှင့်တစ်ဦး ဆက်ဆံသည့်အခါ နာမည်သည် အရေးအကြီးဆုံးမဟုတ်လား။ လူတစ်ယောက်ကို သိချင်လျှင် နာမည်ဘယ်သူလည်း မေးရ၏။ မိတ်ဆက်သည့်အခါ နာမည်ကို ပြောရသည်။ တစ်ခုခုကို တာဝန်ယူသည့်အခါ နာမည်နှင့် လက်မှတ်ထိုးရသည်။ နာမည်ညံ့လျှင် တစ်သက်လုံး လူတောမတိုးတာကြောင့် ရုပ်ရှင်မင်းသမီးတွေ၊ အဆိုတော်တွေက သူတို့နာမည်တွေကို ခပ်ဆန်းဆန်း မှည့်တတ်ကြခြင်းပင် ဖြစ်၏။ အဆိုတော် ထူးအိမ်သင်ကို အင်တာဗျူးတစ်ခုတွင် နာမည်အကြောင်းမေးတော့ ထူးအိမ်သင်က ကျွန်တော့်နာမည်အရင်း ကျော်မြင့်လွင်ဆိုရင် ကျွန်တော့်ကို ဘယ်သူက စိတ်ဝင်စားမှာလဲ။ လူစိတ်ဝင်စားဖို့ တစ်ခုတည်းပါ ဟု ဖြေဖူးတာကို သူမ ကျေနပ်မဆုံး လက်ခံမဆုံးတော့။ သူမ၏ အလှအပများကို ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ မည်သူမှ စိတ်မ၀င်စားခဲ့ခြင်း၏ တရားခံသည် သူမအမည်သာ ဖြစ်ရမည်။ ကိုယ့်နာမည်ကိုယ် မုန်းရသော အဖြစ်ထက်ဆိုးသော ဒုက္ခသည် မရှိတော့ဟု မအုန်းကြည်ထင်သည်။
"နွေဦးလေ၊ ကိုယ့်ကို မအုန်းကြည်လို့ မခေါ်နဲ့ကွာ။ အဲဒီနာမည်ကြီးကို တို့မကြိုက်ဘူး။ တခြားလူတွေကြားမှာလည်း ရှက်တယ်။ ဘယ်သူမှ မသိစေချင်ဘူးဟာ" နွေဦးလေနှင့် ယဉ်ကြော့ခေါင်တို့က မျက်ခုံးကို ပင့်ကြ၏။
"ဒါဆိုရင် တို့က မင်းကို ဘယ်လိုခေါ်ရမလဲ"
"တတ်နိုင်သမျှ ကိုယ်နဲ့မင်းနဲ့၊ တို့နဲ့မင်းနဲ့ပဲ ပြောကွာ။ ရတယ်"
"တစ်ယောက်ယောက်က မေးလာရင်ရော"
ယဉ်ကြော့ခေါင်အမေးကို မအုန်းကြည်ပြန်မဖြေနိုင်။ တော်တော်စဉ်းစားယူရ၏။
"ဒီလို၊ တို့စဉ်းစားထားတာ တစ်ခုရှိတယ်။ စိတ်ကြိုက်နာမည်ကလည်း မတွေ့တော့ ဒီလိုလေ။ မအုန်းကြည်ဆိုတာ အင်္ဂလိပ်အက္ခရာဆိုရင် အိုနဲ့ ကေနဲ့ စတာမဟုတ်လား။ ဒီတော့ တို့ကို အိုကေလို့ခေါ်ဟာ နော်"
"အိုကေ၊ ဟင်.. အိုကေ တဲ့"
"အတိုကောက်သဘောမျိုးပေါ့ဟာ နော်။ တခြားလူမေးရင်လည်း မပြောမဖြစ်ရင် ဒါကိုပဲပြော"
မအုန်းကြည် စကားဆုံးတော့ နွေဦးလေက စဉ်းစားသည်။
"OK ဟုတ်ပါပြီ။ ဒါပေမယ့် ယောက်ျားလေးတွေက ခေါ်ရင် မကောင်းဘူးနော်။ သူတို့က OK လို့ခေါ်လို့ မင်းက ပြုံးပြရင် ဟာ မကောင်းဘူး"
နွေဦးလေ စကားကြောင့် အားလုံးတိတ်သွားကြပြီး မအုန်းကြည်လည်း စိတ်ညစ်သွား၏။ OK ဆိုတာ နေရာတကာ ကောင်းတာမဟုတ်။
"OK ဆိုတာထက် ကေလို့ ခေါ်ရင် ပိုမကောင်းဘူးလား"
"ကေ"
မအုန်းကြည်ပြန်ရွတ်ကြည့်ရ၏။
"ကေ .. ကေ၊ အေး။ ကေက မဆိုးဘူးဟ ကေပဲခေါ်ဟာ"
"ကေ နော် ကေ၊ အေး ဟုတ်ပြီ"
သို့သော် ထို 'ကေ'ကလည်း သူငယ်ချင်းနှစ်ယောက် ကြားမှာသာ ကေရသည်။ လက်တွေ့လုပ်သည့်အခါ ကျူတိုရီယယ် ဖြေရသည့်အခါ၊ ကျောင်းသားကဒ် တပ်ရသည့်အခါ သူ့နာမည်ကို သိပြီးသား ကျောင်းသားကျောင်းသူများက မကေကြ၊ မအုန်းကြည်ပဲ ခေါ်ကြသည်။ သူမနာမည်သည် မအုန်းကြည်သာ ဖြစ်သည်။ ကျောင်းသားကဒ်နှင့် စာအုပ်အဖုံးတွင်လည်း မအုန်းကြည်။ ဘွဲ့လက်မှတ်မှာလည်း မအုန်းကြည်။ မင်္ဂလာဆောင်လျှင်လည်း မအုန်းကြည်။ သေလျှင်တောင်မှ သူမခေါင်းတွင် ရေးမည့်အမည်မှာ ဒေါ်အုန်းကြည်ပဲ ဖြစ်လိမ့်မည်ဟု သူမစိတ်နာနာနှင့် တွေးမိသည်။
ထို့ကြောင့် သူမသည် ၀တ္ထုဖတ်သည့်အခါ မင်းသားမင်းသမီး နာမည်မလှလျှင် လုံးဝမဖတ်။ ၀တ္ထုထဲမှ မင်းသမီး နာမည်လှလှတွေ၊ ဆန်းဆန်းတွေကို ရွေးကူးထားတတ်၏။ ယောကျာ်လေးဆိုလျှင်လည်း နာမည်လှမှ စိတ်ဝင်စားချင်သည်။ လှဝင်း၊ သောင်းဌေး၊ အောင်တင့်၊ သန်းအုန်း စသော နာမည်တွေကို လုံးဝ စိတ်မ၀င်စားခဲ့။ သူမသာ တန်ခိုးရှင်တစ်ယောက် ဖြစ်မည်ဆိုလျှင် သူမနာမည်ကို တကမ္ဘာလုံးက တအံ့တသြဖြစ်ကာ စိတ်အ၀င်စားဆုံး နာမည်ဖြစ်အောင် ပြောင်းပစ်လိုက်မည်ဟု အမြဲတွေးနေမိသည်။
(သုံး)
မအုန်းကြည် ကျောင်းဝင်ခွင့်များ ရေးထားသော စာရွက်ကို စိုက်ကြည့်နေခဲ့သည်။ ထုံးစံအတိုင်း တခြားသော ကျောင်းသားများ၏ လှပသော နာမည်များကို ဖတ်နေခြင်းသာ ဖြစ်သည်။ ကြည့်စမ်းပါဦး။ လှလိုက်တဲ့ နာမည်ကလေးတွေ။ မောင်တည်ကြည်ခန့်၊ ကမ္ဘာညွန့်၊ ခေါင်ချုပ်ကျော်၊ တိမ်စိုင်ဖွေး၊ ဖုန်းသဘာ၊ အောင်မြေ၊ ထွဋ်မြတ်ဦး တဲ့။ ဟေကြင်မေခက်စိုး၊ မာကျူရီ၊ ရတနာစိုးအံ့၊ မြမြက်ဦး၊ နွဲ့မေထူး၊ ရွှေကြာမြတ် တဲ့။ သွန်းနှင်းအိမ်၊ ရော်ရော်ထွေးတဲ့။ သင်းသင်းသာသက် တဲ့။
မအုန်းကြည် လေးပင်စွာဖြင့် ကျောင်းဝင်ခွင့်ကြော်ငြာများမှ မျက်နှာကို ခွာလိုက်သည်။ သူ့နာမည်သည် တခြားနေရာတွင် ကပ်ထားရာမှ ဒဏ်ရာအနာတရဖြင့် ပြုတ်ကျထွက်ပြေးသွားပြီဟု ထင်ရသည်။ သူမနာမည်နံဘေးက ခုံနံပါတ်ကိုတော့ မဖတ်ချင်ဘဲ မှတ်လာရသေး၏။ ဒီနှစ် နောက်ဆုံးနှစ်ဆိုတော့ ဘွဲ့ယူလျှင် သူမနာမည်ကို လော်စပီကာဖြင့် အော်ကြဦးမည်။ ဟား။
"ဟာ ဘောလ်ပင် ဘောလ်ပင်။ လွယ်အိတ်မှာ ဘောလ်ပင် တန်းလန်းဖြစ်နေတယ်"
"ရှင်"
ရုတ်တရက် စူးရှသော အော်သံကြောင့် လန့်ဖျပ်ကာ လှည့်ကြည့်တော့ လွယ်အိတ်ထောင့်မှာ အောက်ကျတော့မလို တန်းလန်းဖြစ်နေသော ဘောလ်ပင်ကို တွေ့ရ၏။ သူမ ရှက်ရွံ့စွာ ဖမ်းထားလိုက်ရသည်။ သူမသည် လွယ်အိတ်ဒေါင့်တွင် Dove ထီးကို ထိုးထည့်ထားတတ်သဖြင့် ထီးထိပ်ကြောင့် ပေါက်သွားသော နေရာမှ ဘောလ်ပင်က ထွက်ကျတော့မလို ဖြစ်နေခြင်းဖြစ်သည်။ ရှက်ရှက်ဖြင့် လှမ်းကြည့်တော့ ပြုံးကြည်သော မျက်ဝန်းတစ်စုံကို တွေ့ရ၏။ ဒုက္ခပဲ။ ငါ့လွယ်အိတ်ပေါက်တာကို သိသွားပြီ။
"ကျေးဇူးပါပဲ"
"ရပါတယ်။ ခုနက ကတည်းက ပြောမလို့။ သူက ၀င်ခွင့်ကို ငေးနေတာနဲ့"
ဒုတိယအကြိမ် မအုန်းကြည် ရှက်သွားရပြန်သည်။ သူက နဖူးရှေ့တွင် ၀ဲကျနေသော ဆံပင်ကို ပင့်တင်ကာ ပြုံးနေ၏။ မအုန်းကြည် ရင်တစ်ချက်ခုန်သွားသည်။ မအုန်းကြည် နှစ်သက်စွဲလမ်းရသော လှိုင်းရိပ်ပြေပြေ ဆံပင်တွန့်တွန့်များ သူ့မှာရှိသည်။ မျက်လုံးက စူးရှဝင်းလက်ကာ မျက်ခုံးမွှေးက ထူထူ။ နှုတ်ခမ်းက အနည်းငယ်ပြည့်သည်ဟု ထင်ရသော်လည်း အဖျားက လေးကိုင်းလို ကွေးနေသဖြင့် ပြုံးသည့်အခါလှသည်။ သွားတွေက ညီညာဖြူဖွေး၏။ Giordano ဂျင်း အပြာနုနှင့် ရှပ်အင်္ကျီမီးခိုးရောင်ကို ၀တ်ထားသည်။ မအုန်းကြည်သည် အချိန် (၆)စက္ကန့်အတွင်း မိန်းကလေးတို့ တတ်အပ်သော ပညာဖြင့် လေ့လာကာ မျက်လုံးလွှဲလိုက်၏။
"ဟို ၀င်ခွင့် အခုမှ ကြည့်တာလား။ ရှာလို့ရော ရရဲ့လား။ ဟိုလေ .."
"ရှင့်ကို ကျေးဇူးလို့ ပြောပြီးပြီလေ"
သူ့ကိုတော့ မအုန်းကြည် မသွားစေချင်သေးပါ။ သို့သော် မိန်းကလေးတို့၏ ဖြစ်အပ်သော သံယောဇဉ်ဖြင့် အရဲစွန့်ကာ အားတင်းရခြင်းဖြစ်၏။ ကိုယ်က ပြောရက်သားနှင့် သူက ထွက်မသွားတာမျိုးဆိုလျှင် ကိုယ့်မှာ အပြစ်မရှိတော့။
သို့သော် သူ့မျက်နှာ ရဲခနဲ ဖြစ်သွား၏။
"Sorry နော်" ဟု ခေါင်းကိုငုံ့ကာ တိုးတိုးပြောရင်း ထွက်သွားသည်။ မအုန်းကြည်ရင်ထဲတွင် ဟာပြီး ကျန်ခဲ့လေသည်။ သတိလက်လွတ် လှမ်းငေးမိသေး၏။ 'ငတုံး'ဟုလည်း စိတ်ထဲမှာ အော်မိသည်။ သို့သော် ချက်ချင်းသတိဝင်လာကာ ထိတ်လန့်တကြား သူမလည်း ထိုနေရာမှ ထွက်ရ၏။ ကောင်းပါတယ်လေ။ ထွက်မသွားဘဲ ငါ့နာမည်မေးနေရင် ဒုက္ခ။
နွေဦးလေတို့ကိုပြောပြတော့ သူတို့လည်း စိတ်ဝင်တစားရှိကြ၏။
"အဲဒါ ကောင်းတာပေါ့။ မင်းကို စိတ်ဝင်စားရင် သူ့ဘာသာ ရောက်လာလိမ့်မယ်။ တွေ့တွေ့ချင်းမှာ ခပ်တည်တည်နေနိုင်တာ အကောင်းဆုံးပဲ"
အချစ်ကိစ္စနှင့် ပတ်သက်လာလျှင် ရည်းစားထားဖူးသူတို့၏ စကားသည် ရာခိုင်နှုန်းကိုးဆယ် မှန်လေသည်။ သူက အတန်းထဲတော့ ရောက်မလာပါ။ သို့သော် ကင်တင်းတွင် တွေ့ရ၏။ သူက မအုန်းကြည်ကို အားရပါးရ နှစ်လိုစွာ ပြုံးပြတာ အားလုံးတွေ့လိုက်ကြသည်။ ပြီးတော့ သူမကို ခိုးခိုးငေးသည်ကိုလည်း အတိုင်းသားမြင်ရ၏။ ရှက်နေသော မအုန်းကြည်ကို ယဉ်ကျော့ခေါင်တို့က ခပ်တည်တည်ပဲ ဆက်နေခိုင်းသည်။ နွေဦးလေက စ၏။ "မင်းရည်းစားရတော့မယ် မအုန်းကြည်"တဲ့။ မအုန်းကြည်ရင်ထဲ လှိုက်ခနဲ ခုန်သွားသည်။
(လေး)
"တို့ အသိချင်ဆုံးက သူ့နာမည်ပဲ။ တို့အခုအချိန်မှာ မသိစေချင်ဆုံးကလည်း တို့နာမည်ပဲ"
မအုန်းကြည်စကားကြောင့် သူငယ်ချင်းများ တိတ်တဆိတ် ပြုံးကြသည်။
"သူ့နာမည်က အရေးမကြီးပါဘူးကွာ။ အဓိကက သူကိုယ့်အပေါ် ထားတဲ့ သဘောထားနဲ့ သူ့အချစ်ပဲ"
"ဟာ မရဘူး။ ဒါတော့ လုံးဝမဖြစ်နိုင်ဘူး။ တို့အတွက် ရုပ်ရည်ထက် မေတ္တာထက် နာမည်က ပိုအရေးကြီးတယ်။ တို့ချစ်သူရဲ့ နာမည်က လှလှကလေး ဖြစ်ရမယ်။ ကြားလိုက်တာနဲ့ လူတိုင်းစိတ်ဝင်စားပြီး ထူးခြားတဲ့ နာမည်မျိုး"
"ကဲ ထားလိုက်တော့။ သူမင်းကို စိတ်ဝင်စားနေတာက သေချာပြီ။ တကယ်လို့ သူ့နာမည်က ဘာမှမထူးခြားတဲ့ စန်းဦးတို့၊ လှသန်းတို့၊ ကြွက်နီတို့ဆိုင် ဘယ်လိုလုပ်မလဲ"
နွေဦးလေ၏ စကားကြောင့် မအုန်းကြည်တွေဝေသွားသည်။ ဘာပြန်ပြောရမှန်းမသိ။ သူတို့ပြောသော နာမည်တွေနှင့် သူ့ပုံစံကို ယှဉ်ကာ ခံစားကြည့်သည်။ ခံစား၍ လုံးဝမရ။
"မဖြစ်နိုင်ဘူး။ နွေဦးတို့ပြောတဲ့ နာမည်တွေနဲ့ သူ့ပုံစံက လုံးဝ မလိုက်ဘူး။ သူ့နာမည်က လုံးဝ လှရမယ်။ ဥပမာ လွန်းထားထားတို့၊ လမင်းမိုမိုတို့၊ တာရာမင်းဝေတို့ ၀တ္ထုထဲက ဇာတ်ကောင်မျိုး စပ်နေဗလတို့၊ နေဒွန်းတို့ လင်းဆက်တို့လိုမျိုး"
သူငယ်ချင်းများက မအုန်းကြည်ကို ပြုံးကြည့်ကာ ခေါင်းကို ခါကြသည်။ လူတစ်ယောက်မှာ တစ်ခုခုတော့ ရူးသွပ်ခွင့်ရှိသည် မဟုတ်လား။ ထိုနေ့မှစ၍ သူအတန်းရှေ့သို့လာတိုင်း ကော်ရစ်တာနှင့် ကင်တင်းမှာတွေ့တိုင်း၊ နာမည်လှလှတစ်ခုနှင့် သူ့ကို ယှဉ်ကြည့်မိတတ်သည်။ သို့သော် သူနှင့်လိုက်ဖက်သော နာမည်ကို မတွေ့ပါ။ သူ့နာမည်က ဘာတဲ့လဲကွယ်။
မအုန်းကြည် သူ့နာမည်ကို အရမ်းသိချင်ပါသည်။
အခု သူ့အကြောင်းကို တွေးသည့်အခါတွင် မပြည့်စုံ။ သူ့ပုံစံကိုသာ မျက်စိထဲမြင်ရသည်။ သူ့နာမည်ကို မသိရ။ ကိုယ်က တိတ်တိတ်ပြန် ရင်ခုန်ချင်သော ချစ်သူ၏ နာမည်ကို မသိရသော ရင်ခုန်သံသည် ရင်ထဲမျာ ရာခိုင်နှုန်းပြည့် ပျော်စရာမကောင်းချေ။ သူ အတန်းရှေ့လာလျှင် သူ့နောက်က ပါလာလျှင် သူ့နာမည်ကို ခေါ်မေးလို့လည်း မကောင်းသေး။ သူက ဘာမှမပြောဘဲနှင့် ကိုယ့်ဘက်က သိက္ခာမဲ့သွားနိုင်၏။ နောက် စိုးရိမ်စရာအချက်တစ်ခုကတော့ သူက သူမနောက်ကိုလိုက်ကာ နာမည်မေးလျှင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ ဖြစ်သည်။
ထိုကိစ္စကို တွေးလိုက်မိလျှင် ရှေ့မှာ စိတ်ကူးနှင့် ကြည်နူးရသမျှတို့ လွင့်စင်ကွဲကျသွားတတ်၏။ ခွှေးစေးတွေပြန်ကာ အိပ်မရတော့။ မအုန်းကြည်အတွက် ခုခံစရာမရှိ။ သူမ ဘာပြောရမလဲ။ သူ့နာမည်က သိပ်လှနေ၍ သူမက နာမည်လှလှချစ်သူတစ်ယောက်ကို ရသွားပြီထားပါတော့။ သူ့ချစ်သူက သူမကို ပြန်ခေါ်သည့်နာမည်က 'အကြည်'တို့ 'အအုန်း'တို့ဆိုလျှင် သွားပြီ။
မအုန်းကြည် အတွေးထဲမှာ ဂျပ်စင်သည် ယိမ်းယိုင်ကာသွား၏။ ရေတမာပင်တွေ အရွက်ဝါသွားသည်။ ခုံတန်းပြာရိပ်ကလည်း မလှတော့။ အဓိပတိလမ်းသည် မညီညာတော့။ ကန်ရေလေပြည်က ပူလောင်သွားသည်။ ခွှေးစေးတွေပြန်ကာ သူမထထိုင်ရသည်။ ပြန်အိပ်၍မရတော့။
အတန်းရှေ့တွင် သူလာကြည့်စဉ်က လွင့်မြောက်သွားသော သူမရင်ခုန်သံသည် မအုန်းကြည်ဆိုသော နာမည်တွင် ချိတ်ကာ တန်းလန်းကြီး ဖြစ်နေ၏။ ထိုနေ့ညက ပြန်အိပ်တော့ အိပ်မက်တစ်ခုကို မက်သည်။ သူက သူမနာမည်ကို လာမေးရင်း မအုန်းကြည်ဟု သိသွားသောအခါ တဟားဟား အော်ရယ်ကာ ထွက်သွားသည်တဲ့။ နောက်ဆုံးတော့ သူမ၏ မလွန်မြောက်နိုင်သော အခက်အခဲကို သူငယ်ချင်းများက ၀ိုင်းကာ ဖြေရှင်းပေးကြရသည်။
"ဘာမှမပူနဲ့။ သူရည်းစားစကား လာပြောရင်လည်း ကြောက်ကြောက်နဲ့ လာပြောမှာ။ မင်းနာမည်မေးလည်း မပြောနဲ့ပေါ့။ ဘာမှပြန်မပြောနဲ့။ အော်ပစ်လိုက်"
"ဟာ တို့မအော်ရဲဘူး"
"ရတယ်၊ သူ့ကို အလိုက်သင့်သာ ပြောကွာ။ အချိန်တွေ ရှိသေးတာပဲ။ တို့နာမည်ကောင်းကောင်း တစ်ခုမရမချင်း သူ့ကို နာမည်မပြောနဲ့။ တို့ကို လာမေးလည်း တို့လုံးဝမပြောဘူး"
သူငယ်ချင်းနှစ်ဦး အားပေးစကားကြောင့် မအုန်းကြည် အနည်းငယ် စိတ်သက်သာရာ၇သည်။ ထိုနေ့မှစ၍ မအုန်းကြည် သူ့ကို လိမ်ပြောစရာ နာမည်လှလှတစ်ခုကို ရွေးရရှာသည်။ ၀တ္ထုတွေထဲမှာ၊ ဗီဒီယို ကားတွေထဲမှာ၊ အဆိုတော်တွေထဲမှာ နာမည်လှလှတစ်ခုကို ရှာသော်လည်း မအုန်းကြည်လိုချင်သော နာမည်မျိုးက တစ်ခုမှမရ။ ခဂ္ဂါ၊ မဟူရာပွင့်၊ လင်းလတ်ဖြိုး၊ ဖွေးရည်ဦး၊ အရိပ်ဝေ၊ လရောင်ဝါ၊ မေသကြာ။ သူမရှာ၍မရသမျှ သူငယ်ချင်းတွေ ရှာပေးသမျှ; ဘာတစ်ခုမှမကြိုက်၊ အစတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ဆုံးတွင် မကြိုက်ရေးချမကြိုက်။ သူမလိုချင်သည့်နာမည်က ကြားလိုက်တာနှင့် ထူးခြားသွားစေရမည့် နာမည်မျိုး။
(ငါး)
ထိုနေ့က ကျောင်းအပြန် သူငယ်ချင်းနှစ်ယောက်နှင့် အဓိပတိလမ်းမှာ အေးအေးဆေးဆေး လျှေ;ာက်လာတုန်း နွေဦးက နောက်မှသူပါလာပြီဟု ပြောသဖြင့် မအုန်းကြည် လက်ဖျားတွေ ချက်ချင်းအေးစက်ကာ လာ၏။
"ကဲ ငါတို့လစ်တော့မယ်။ ငါတို့ရှိနေရင် သူဝင်ရဲမှာမဟုတ်ဘူးကွ"
"ဟာ .. နေကြဦးလေ။ တို့တစ်ယောက်တည်း .."
"ရတယ် ဘာမှမကြောက်နဲ့။ ဒါက ဒီလိုပဲ။ ကြောက်စရာမလိုဘူး"
"မဟုတ်ဘူး။ တို့နာမည် နာမည်"
"နာမည် မလိုသေးဘူးလေကွာ။ မေးလည်းမပြောနဲ့။ ဒါပဲ။ လစ်ပြီနော် တာ့တာ"
မအုန်းကြည်တစ်ယောက်တည်း ကျန်ခဲ့သည်။ ရင်တွေ တဆတ်ဆတ်တုန်ကာ လက်ဖျားတွေ အေးစက်ကာနေ၏။ ခြေထောက်အောက်မှ အဓိပတိလမ်းသည် အရှိန်တစ်ခုနှင့် ရွေ့လျားနေသလို ထင်ရ၏။ ရေတမာရွက်တွေ၊ မအုန်းကြည်နံဘေးမှာ တဖျပ်ဖျပ်လွင့်ကာ ကျန်ခဲ့သည်။ ကမ္ဘာလောကကြီးသည် ကျဉ်းသွားလိုက်၊ ကျယ်သွားလိုက်ဖြစ်နေ၏။ သူမလျှ;ာထဲမှာ ဘာမှန်းမသိသည့် အရသာတစ်ခု ကခုန်ကာနေသည်။ ထိုစဉ် သူမနာသို့ ရေမွှေးဆွတ်ထားသော ယောက်ျားလေး ကိုယ်ရနံ့တစ်ခု အုပ်မိုးကာလာသည်။
ဘုရား ဘုရား။ ငါ့နာမည်ကို မမေးပါစေနဲ့။
သို့သော် သူမနံဘေးမှာ ဘာသံမျှ ထွက်မလာ။ လှည့်လည်းမကြည့်ရဲ။ လမ်းလျှောက်ရတာ မူမမှန်ချင်တော့။ ကြာလျှင် ဒူးညွတ်ကာ လဲကျသွားတော့မည်ထင်သည်။ နာမည်မမေးပါစေနဲ့။
"ဟို စိတ်မဆိုးနဲ့နော်။ ကျွန်တော်လိုက်နှောင့်ယှက်တာ မဟုတ်ပါဘူး"
မအုန်းကြည်၏ အသိစိတ်တစ်ခုလုံး တုန်ခါသွားသည်။ ကမ္ဘာသည် တိတ်ဆိတ်သွားကာ မအုန်းကြည် ခန္ဓာကိုယ်က လေထဲမှာ လွင့်နေပုံရလေသည်။
"ဟိုဟာ ကျွန်တော် ဟိုလေ ရိုးရိုးသားသား အဲ ဟိုဟာလေ အဲဒါ ဖြည်းဖြည်း လျှေ;ာက်ပေးပါလားဗျာ။ ကျွန်တော် မောလို့ပါ။ ဟိုဒင်းလေ"
"ဘာ .. ဘာလဲ"
"ဗျာ၊ ဟိုဟာပါ။ ဟိုလေ .. ဟိုဟာ"
"ရှင် ရှင် လွန်လာပြီနော်"
"ဟာ စိတ် စိတ်မဆိုးပါနဲ့။ ဟိုဟာပါ။ ဒီလိုဗျာ။ ခွင့်ပြုပါ။ ဒါမှမဟုတ်ရင် ခွင့်လွှတ်ပါ။ ကျွန်တော် သူ့ကိုချစ်လို့ပါ"
"လဲသေလိုက်"
တကယ်တော့ နောက်ဆုံးစကားများကို သူမ ပြောမိလို့ပြောမိခဲ့မှန်း မသိခဲ့ပါ။ ပြောမိခဲ့တယ်ဆိုလျှင်တောင်မှ ထိုစကား၏ အဓိပ္ပါယ်ကို ပြောစဉ်က လုံးဝမသိခဲ့ပါ။ ချစ်တယ်ဆိုသော သူ့စကားက နှလုံးသားကို ၀ုန်းခနဲလာရိုက်ခတ်သဖြင့် ယောင်ရမ်းကာ နှုတ်မှ ထွက်သွားခြင်းပင်ဖြစ်ပါသည်။
သူမ သတိပြန်ရတော့ ကိုယ်တော်ချောက ခြေလှမ်းဆယ်လှမ်းစာလောက် ပြတ်ကာ ရပ်ငေးရင်း ကျန်ခဲ့သည်။ မအုန်းကြည် ရင်တွေလည်း ဟာကာသွား၏။ အခုမှပင် တကယ်ဒူးတွေခွေကျကာ သွားခဲ့သည်။ နောက်တစ်နေ့ပြန်ပြောပြတော့ သူငယ်ချင်းနှစ်ဦးစလုံးက ထိုကိစ္စသည် အဆင်ပြေကြောင်း ၀မ်းသာအားရ ပြောကြ၏။
"ဒါ ကိုယ့်အတွက် ကောင်းတာပေါ့။ မင်းတစ်ခါတည်း အဖြေပေးချင်လို့လား"
"မဟုတ်ဘူးလေ။ တို့ဆိုလိုတာက ဒီထက်နူးညံ့တဲ့ စကားလုံးပေါ့ဟာ။ အခုဟာက တော်တော်ကြမ်းသွားတော့ သူလန့်ပြီး .."
"အမယ်လေး ယောက်ျားလေးဆိုတာက ဒီလောက်နဲ့ လန့်မှာမဟုတ်ဘူး။ လက်လည်းမလျှော့ဘူး။ ဒီကောင် လာကိုလာမှာ သေချာတယ်"
"ဟဲ့ ဒါနဲ့ သူ့နာမည်က ဘယ်သူလဲဟင်"
"ဟာ ဒီလောက်အသည်းအသန်ဖြစ်နေတာ ဘယ်လိုလုပ် မေးနိုင်မှာလည်းဟ"
ဒီတော့လည်း သူငယ်ချင်းများက ရယ်မောကာ ဟုတ်တယ်ဟု ထောက်ခံကြ၏။ မအုန်းကြည်၏ ရောဂါကြောင့် သူငယ်ချင်းများလည်း သူ့နာမည်ဘာဆိုတာကို သိချင်နေကြလေသည်။ နောက်တစ်နေ့ကျတော့ ကိုယ်တော်ချောက နောက်မှ ကပ်ပါလာပြန်သည့်အတွက် မအုန်းကြည်ရင်ထဲမှာ ကျေနပ်ကာသွား၏။ သို့သော် အတင့်ရဲကာ စကားလာမပြောသဖြင့် ရင်ဖိုရတာ အဖတ်တင်သည်။ မအုန်းကြည်က နှုတ်ခမ်းများကို တင်းစေ့ထားသော်လည်း ကိုယ်ဟန်အမူအရာနှင့် မျက်ဝန်းတွေကိုတော့ ဖျော့ကာထားလိုက်၏။ တတိယနေ့ကျမှ ကိုယ်တော်ချောက အနားမရဲတရဲကပ်ကာ ဟိုတစ်နေ့ကိစ္စကို သူ့ဘက်က မလွန်ပါဘဲနှင့် အနူးအညွတ်တောင်းပန်သည်။ သူ့လေသံ ဖျော့ဖျော့ကြောင့် မအုန်းကြည် အရင်နေ့တုန်းကလောက် မကြောက်တော့။ ရပါတယ်ဟု တည်ငြိမ်စွာ ဖြေနိုင်ခဲ့သည်။ သူလာကြည့်တာ သိလား ဘာညာ ဆက်မေး၏။ မအုန်းကြည်က ရှင်လာကြည့်ကြည့်နေတာ တစ်တန်းလုံးမြင်တယ်ဆိုတော့ ကျွန်တော်က တစ်ယောက်ပဲ သိစေချင်တာတဲ့။
စတုတ္ထနေ့ကျတော့ ဘာကြောင့်မှန်း ဘယ်ကမှန်းမသိ။ ရယ်ရယ်မောမော စကားပြောဖြစ်သွား၏။ ကိုယ်တော်ချောက ချစ်တယ် ဘာညာတော့ မပြောတော့။ နွေဦးတို့ပြောသလို မအုန်းကြည် စိတ်ဆိုးမှာ ကြောက်ဟန်တူသည်။ အတန်းရှေ့အထိ လိုက်ပို့ကာ ပြန်သွားသည်။ မြင်လိုက်ရသော သူငယ်ချင်းနှစ်ယောက်က မအုန်းကြည်အတွက် ၀မ်းသာကြ၏။ ခက်နေတာက မအုန်းကြည်။ သူ့နာမည်ကို အရမ်းသိချင်နေခဲ့သော်လည်း သူက ပြန်မေးလျှင် ပြန်ဖြေစရာ နာမည်ကောင်းကောင်းတစ်ခု မရသေးသဖြင့် မမေးရဲသေး။ နောက်တစ်ချက်က သူလာစကားပြောတာကို ခွင့်ပြုထားသော်လည်း
သူပြောသည့်စကားများကို စိတ်မ၀င်စားသလို လှည့်ထွက်နေရသောကြောင့် သူ့နာမည်ကို သိချင်နေမှန်း မသိအောင် နေရပြန်၏။ သူငယ်ချင်းများက မေးပေးမည်ဆိုပြန်တော့လည်း ကိုယ်တော်ချောက နွေဦးနှင့် ယဉ်ကျော့ပါလျှင် လုံးဝအနားသို့ မကပ်။ သူမတစ်ယောက်တည်းကျမှသာ လာတတ်၏။
ဒီလိုနှင့်ပင် နှစ်လခန့်ကြာသွားပြီဖြစ်သည်။ အချင်းချင်းလည်း တော်တော်ရင်းနှီးနေကြပြီဖြစ်၏။ အရင်က စိုးရိမ်ခဲ့သလို သူက မအုန်းကြည်နာမည်ကို လုံးဝမမေးခဲ့သဖြင့် တော်တော်စိတ်သက်သာရာ ရသည်။ တစ်ဦးနှင့်တစ်ဦး ထားရှိသော သံယောဇဉ်ကိုပင် လျှို့ဝှက်မထားကြသော်လည်း သူတို့အကြားတွင် လျှို့ဝှက်ထားရသောအရာမှာ နာမည်သာ ဖြစ်သည်။
(ခြောက်)
ဒီနေ့တော့ သူက လိုင်ဘရီရှေ့က ကံ့ကော်ပင်တွေအောက်မှာ ခဏထိုင်ခွင့်တောင်းကာ သူမထံမှ အဖြေတောင်းသည်။ လှိုင်းရိပ်ပြေပြေ ဆံပင်တွေအောက်က သူ့နဖူးကလေးမှာ ခွှေးစတွေ စုကာနေသည်ကို မအုန်းကြည် ငေးကာနေမိသည်။ အမြဲတမ်း တောက်ပစူးရှသော သူ့မျက်ဝန်းမှာ ညှိုးငယ်နေရှာ၏။
"ဒီလိုပဲ နှစ်သိမ့်မထားပါနဲ့ဗျာ။ ကျွန်တော် မနေတတ်တော့ဘူး။ ကွှန်တော့်အချစ်ကို ယုံပါ။ ကျွန်တော်သူ့ကို မြတ်နိုးပိုင်ဆိုင်ချင်စိတ် အပြည့်နဲ့ ချစ်တာပါ။ ဟိုဟာလေ တခြားလူတွေလို မပိုင်ဆိုင်ချင်ဘူး ဘာညာ မပြောချင်ပါဘူး။ ကျွန်တော် သူ့ကို မပိုင်ဆိုင်ရရင် မဖြစ်တော့ဘူး"
သူမ ဖတ်နေသည့် ၀တ္ထုနှင့် ကြည့်နေသည့် ဗီဒီယိုကားတွေထဲကလို လှပသော စကားများကို သူတကယ်ပြောတာဆိုတာကိုတော့ သူမယုံကြည်ပါသည်။ မအုန်းကြည်လည်း သူ့ကို ချစ်နေတာာ သေချာပါသည်။ သို့သော် ခက်နေတာက ငယ်ငယ်ကတည်းက ထိတ်လန့်ခဲ့သော အစွဲနာမည်သာ ဖြစ်သည်။ အခုနေ သူ့နာမည်ကို မေးလိုက်လျှင် လုံးဝသဘာဝကျပါသည်။ သို့သော် သူက ပြန်မေးလျှင် ဘာဖြေရမလဲ။ မအုန်းကြည်တို့ စိုးရိမ်နေစဉ်ကာလက သူကဘာမှ မမေးခဲ့သဖြင့် မအုန်းကြည်တို့ ထိုနာမည်ကိစ္စကို မေ့ထားလိုက်ကြသည်။ ထို့ကြောင့် မအုန်းကြည်က သူ့ကို ယာယီလိမ်ပြောဖို့ နာမည်လှလှတစ်ခုကို ရွေးမထားခဲ့။ ဘာလုပ်ရရင်ကောင်းမလဲ။ သို့သော် မအုန်းကြည်သည် အရင်တုန်းကလောက် ထူအသော မိန်းကလေးလည်း မဟုတ်တော့ပါ။
"ဟုတ်ပြီလေ။ တို့စဉ်းစားမယ်။ မနက်ဖြန် ဒီနေရာကိုပဲ လာခဲ့။ တို့ တိကျတဲ့ အဖြေတစ်ခုပေးမယ်။"
သူငယ်ချင်းများနှင့် အတန်းထဲမှာတွေ့တော့ ထူးခြားသော အခြေအနေကို ပြောပြရင်း ကိုယ့်ဘက်မှ ကြိုတင်ပြင်ဆင်သည့် အနေနှင့် တစ်နေကုန် စာမသင်နိုင်တော့ဘဲ မအုန်းကြည်တို့ အလုပ်ရှုပ်သွားခဲ့ကြသည်။ ရသမျှ; နာမည်လှလှတွေကို စဉ်းစား၊ ချရေး၊ ဝေဖန်၊ အကြိုက်ရွေးကြရင်း နောက်ဆုံးညနေစောင်းမှာပင် ရွေးထားသမျှ; နာမည်များထဲမှာ မေထိုက်အိမ်နှင့် ခဲယမုံဆိုသော နာမည်နှစ်ခုကို ရသည်။ မအုန်းကြည် စိတ်တော်တော်ပေါ့ပါးသွား၏။ မနက်ဖြန်သည် သာယာလှပသော နေ့တစ်နေ့ဖြစ်ရမည်။
"ဒါဆိုရင် သူ့နာမည် ဘာပဲဖြစ်ဖြစ်၊ တို့နာမည်က အဆင့်မနိမ့်တော့ဘူးပေါ့ကွာ"
"ဟုတ်တယ်။ ဒီကောင်ကြည့်ရတာ လူက လူပျော့ဆိုတော့ နာမည်နုနုပဲနေမှာ။ မျိုးငြိမ်းဆွေတို့၊ သက်ဇော်ထွေး အဲဒီလိုပေါ့ဟာ"
ယဉ်ကျော့စကားကြောင့် နွေဦးက မျက်နှာကို မဲ့၏။
"ဆိုင်ပါဘူး။ ယဉ်ကျော့ကလည်း တို့လူကို ကြည့်ပါလား။ နာမည်က သတ္တိတဲ့။ လူက ပုရွက်ဆိတ်ကိုက်ရင်တောင် ငိုချင်နေတာ"
နွေဦးစကားကြောင့် ပေါ့ပေါ့ပါးပါး ရယ်ရသေး၏။ ဘာပဲဖြစ်ဖြစ်လေ မနက်ဖြန်အတွက် မအုန်းကြည် ရင်တော်တော်အေးသွား၏။
"ဟဲ့ အဖြေမပေးခင် သူ့နာမည်ကို အရင်မေးနော်။ မင်းရွေးပြီးတဲ့နာမည်ကိုလည်း သတိအမြဲရနေအောင် ခဏခဏ ရွတ်ကြည့်ထားဦး။ တော်ကြာ ဟိုက ခေါ်မှ လှည့်မကြည့်မိဘဲ နေဦးမယ်"
ထိုသတိပေးစကားအရရော မနက်ဖြန်သူ့ကို ပေးရမည့် အဖြေအတွက် ပါ မအုန်းကြည်တော်တော်နှင့် အိပ်မရတော့။ အိပ်မရတော့မှန်းသိသဖြင့် မျက်စိကိုမှိတ်ကာ သူမရွေးထားပြီးပြီဖြစ်သော မေထိုက်အိမ်ဆိုသည့် နာမည်ကို စိတ်ထဲက ရွတ်နေမိသည်။ ထိုညသည် တစ်ညလုံး မေထိုက်အိမ်ညဖြစ်၏။ သူ့နာမည်က ဘာတဲ့လဲ မေထိုက်အိမ်၊ မေထိုက်အိမ်၊ မေထိုက် .. ..။
(ခုနစ်)
မနက်မိုးလင်းတော့ သူမသည် တကယ့်ကို မေထိုက်အိမ် ဖြစ်သွားလေသည်။ မေထိုက်အိမ်သည် အိပ်ရာထသည်။ ရင်ခုန်သည်။ မျက်နှာသစ်သည်။ အလှဆုံးပြင်သည်။ ထို့နောက် မေထိုက်အိမ်သည် အဓိပတိလမ်းကို လျှေ;ာက်လာလေသည်။ အဓိပတိလမ်းမှ လိုင်ဗရီရှေ့ ကံ့ကော်ပင်ရိပ်မှာ သူ့ကိုတွေ့ရတော့ မေထိုက်အိမ်ရင်သည် ကျင်ခနဲ ခုန်ကာသွား၏။ ၀င်ထိုင်ပြီးသည့်အထိ သူက ဘာမှမပြော။ မေထိုက်အိမ်လည်း ဘာမှ မပြောနိုင်။ တိတ်ဆိတ်နေချိန်များမှာ မေထိုက်အိမ်ဆိုသော နာမည်ကိုသာ ရွတ်နေလိုက်၏။ ရင်ထဲမှာ မောကာနေသည်။
"ကျွန်. . . ကျွန်တော့်အတွက် အဲဒါ ဟိုဟာလေ"
"အင်း စဉ်းစားပြီးပါပြီ"
တိတ်ဆိတ်သွားကြပြန်၏။ ဒီတစ်ခါတော့ စကားကို မေထိုက်အိမ်က စရ၏။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ တို့အဖြေမပေးခင် သူ့နာမည်ကို အရင်ပြောပြရမယ်"
"ဗျာ"
သူ တအံ့တသြ မော့ကြည့်သော အကြည့်ကို မေထိုက်အိမ် သဘောပေါက်လိုက်ပါသည်။ သူ မျှော်လင့်တကြီး အခက်အခဲအဖြေကို ရရန်အတွက် တစ်ညလုံး ထိတ်လန့်စိုးရိမ်နေလိမ့်မည်။ အခုကျတော့ သူလုပ်ရမှာက အင်မတန်မှ လွယ်ကူသော သူ့နာမည်ကို ပြောပြရန်သာ ဖြစ်နေသည့်အတွက်ပဲ ဖြစ်ရမည်။
သူ့ကို ပြုံးပြလိုက်ရ၏။
"ဟုတ်တယ်လေ။ သူ့နာမည်။ သူက တို့ကိုလိုက်တယ်။ ချစ်တယ်လို့လည်း ပြောတယ်။ အခု အဖြေပေးမယ့်အချိန်ပဲ ရောက်နေပြီ။ သူ့နာမည်ကို တစ်ခါမှ မပြောဖူးဘူး။ အခု တို့တောင်းဆိုတာ ဒါပဲ။ သူ့နာမည်ပြောပြီးရင် အဖြေပေးမယ်။ တို့ကလည်း သူ့နာမည်ကို သိပ်သိချင်နေတာ။ ကဲ ပြော သူ့နာမည် ဘယ်သူလဲ"
"နာမည် နာမည်"
သူ ထိတ်လန့်တကြား ထကာရပ်၏။ သူ့မျက်ဝန်းတွေက အံ့သြနေတာမဟုတ်တော့။ ကြောက်လန့်နေတာ ဖြစ်သည်။ သူ့နှုတ်ခမ်းတွေ ဟကာနေ၏။ ဘာဖြစ်တာလဲ။
"ဟုတ်တယ်လေ နာမည်ကို မေးနေတာ။ သူ့နာမည် ဘယ်သူလဲ။ ကဲ ပြော"
"ဟို ဟိုလေ အဖြေပေးပြီးမှ နာမည်ပြောလို့ မရဘူးလား"
တုန်လှုပ်ကြောက်ရွံ့စွာ ပြောလာသော သူ့စကားကြောင့် သူမလုံးဝ အံ့သြသွားသည်။ သူမ သူ့နာမည်ကို ဘယ်လောက် သိချင်ခဲ့ရသနည်း။ အကြိမ်ကြိမ်မျှော်လင့်ခဲ့၊ စိတ်ကူးယဉ်ခဲ့၊ မှန်းဆခဲ့ရသည်။ သူမ သူ့နာမည်ကို သိချင်ခဲ့သော်လည်း ကိုယ့်ဘက်က အဆင်မပြေသဖြင့် မမေးရဲခဲ့။ အခုအဖြေပေးဖို့ အချိန်ရောက်တော့လည်း ကိုယ့်ဘက်က ပင်ပန်းကြီးစွာ ပြင်ဆင်ခဲ့ရသည်။ အခုမှ သူက ဘာကြောင့် မပြောရသနည်း။
"ဒီမှာ ၇ှင်ဘာဖြစ်နေတာလဲ။ ရှင့်နာမည်ကို ပြောနေတာ ဘာဖြစ်နေတာလဲ"
"ဟို သူ သူတို့ကို အဖြေအရင်ပေးပါလား။ အဖြေပေးပြီးမှ တို့နာမည်. . . "
သည်းမခံနိုင်တော့ပြီ။ ဒေါသက နှလုံးကိုပင့်တင်ကာ ဆွဲမသဖြင့် သူမ ၀ုန်းခနဲ ထရပ်သည်။ ဘာဖြစ်ရသနည်း။ ဘာကြောင့် သူ့နာမည်ကို မပြော၇သနည်း။ သူ့နာမည်ကို သိချင်စိတ်က တစ်ကိုယ်လုံး မွှန်ထူကာလာသည်။
"ဒီမှာ ရှင့်ကို ကျွန်မ တစ်ခါတည်းပြောမယ်။ ရှင့်နာမည်မသိဘဲနဲ့ လုံးဝအဖြေမပေးနိုင်ဘူး။ ဘာမှမဟုတ်တဲ့ဟာကို ဘာဖြစ်နေတာလဲ။ ရှင့်နာမည်မပြော၇င် ရှင်ကျွန်မဆီက ဘာမှ မမျှော်လင့်နဲ့တော့"
ဒေါသဖြင့် အော်ဟစ်လိုက်သော သူမစကားဆုံးတော့ သူခေါင်းငိုက်စိုက်ကျသွားပြီး တွေတွေကြီးရပ်ကာ စဉ်းစားနေသည်။ ဘာကြောင့် ဒီလောက်လွယ်ကူသော နာမည်ကလေး ပြောဖို့ကိစ္စကို သူလုပ်နေပုံကြည့်ပြီး သူမ အသည်းယားကာ အ၇မ်းသိချင်လာ၏။ ခဏကြာတော့ သူခေါင်းမော့ကာလာသည်။ သူ့မျက်ဝန်းတွေက မယုံနိုင်စရာ ညှိုးရိပ်သင့်နေကြသည်။
"ကျွန်တော် ပြောပါ့မယ်။ ကျွန်တော်"
"ပြော ပြောမှာသာပြော။ ဘယ်သူလဲ နာမည်"
"ကျွန်တော့်နာမည် ပြားကြီးပါ"
"ဘာ"
"ဟုတ်ပါတယ် ပြားကြီးပါ"
လောကကြီးသည် ဘာသံမှ မမြည်တော့ဘဲ တိတ်ဆိတ်ကာသွား၏။
ခါးကလေးကုန်း၊ လက်သီးကလေးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကာ အော်မိသော သူမလည်း ခါးကို ပြန်မဆန့်နိုင်ခဲ့။ ပြားကြီး ပြားကြီးဆိုသော အသံသည် အသိဥာဏ်ထဲမှာ တွန်းထိုးရုန်းကန်နေသည်။ ဘုရား ဘုရား သူမ မျှော်လင့်မြတ်နိုးစွာ အကြိမ်ကြိမ်တမ်းတခဲ့ရသော သူမချစ်သူ၏ နာမည်က ပြားကြီးတဲ့လား။ အံ့သြဒေါသဖြစ်စွာ ငြိမ်သက်ပြီးကြည့်နေသော သူမကို သူက ငေးကြည့်ကာ ခြေတစ်လှမ်းနောက်ဆုတ်သည်။
"ကျွန်တော်က ရွှေဘိုနယ်သားပါ။ ကျွန်တော့်ကို မွေးပြီးတော့ အမေက ကြမ်းပေါ်မှာ အနှီးနဲ့ ခုခုသိပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က မွေးခါစက ထွားလွန်းတော့ ရုန်းရင်းကန်ရင်း ကြမ်းပြင်ပေါ်ရောက်ရောက်နေတတ်တော့ ကျွန်တော့်နောက်စေ့က ပြားသွားတာပါ။ အဲဒါကို အဘွားက ချစ်စနိုးခေါ်ရင်း တစ်အိမ်လုံး ဒီနာမည်ပဲ ဖြစ်သွားတာပါ"
သူ့အသံတွေက တုန်ယင်ကာနေကြသည်။ သူ့မျက်ဝန်းထဲမှာ မျက်ရည်က ဝေ့ကာတက်လာ၏။ လေသံပြတ်သွားပြီး၊ သူဘာစကားမှ မပြောနိုင်။ ခဏကြာမှ အားတင်းကာ ဆက်ပြောသည်။
"ကြီးလို့ မှတ်ပုံတင်ရိုက်ကြတော့ မိဖတွေမအားလို့ အစ်မတွေနဲ့ သွားရတာ။ ကလေးတွေဆိုတော့ ဘာမှမသိဘဲ ခေါ်နေကျအတိုင်း ပြားကြီးပဲ"
သူ့အသံက တိုးပျော့တိမ်ဝင်ကာ သွားသည်။ သူ အံကို တစ်ချက် ကြိတ်၏။
"ကျွန်တော်သိပါတယ်။ ဒီနာမည်က ရန်ကုန်ကလူတွေ ပေးကြတဲ့ နာမည်တွေလို မလှပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကို တကယ်ချစ်တာပါဗျာ။ သူ့ကို တွေ့ကတည်းက တစ်လျှေ;ာက်လုံး ကျွန်တော်သိစေချင်တာက ကျွန်တော့်အချစ်ပါ။ မသိစေချင်တာက ကျွန်တော့်နာမည်ပါ"
"အို"
သူ နောက်ဆုံးစကားက သူမရင်ထဲက နှလုံးသားကို တိုက်ရိုက်ထိသွားခဲ့၏။
"အခု ကျွန်တော့်ကို မုန်းသွားပြီဆိုတာ နားလည်ပါတယ်"
စကားဆုံးသည်နှင့် သူက ချာခနဲ လှည့်ထွက်သွားသည်။ သူမ အံ့သြကာ ငေးနေမိသည်။ ဘာပြောရမှန်းမသိ။ သူမထံမှ စကားသံမှ ထွက်မလာ။ သူမ၀ိညာဉ်တွေကို ခါချလိုက်ကာ အော်သည်။
"ကိုပြားကြီး"
သူ ဆတ်ခနဲ ရပ်သွားတော့ သူမ၀ုန်းခနဲ ပြေးထွက်သွားသည်။
"မထင်ပါနဲ့။ ကျွန်မနာမည်လည်း မလှပါဘူး။ ကျွန်မလည်း ရှင့်လိုပဲ"
သူ တအံ့တသြ မော့ကာ ငေးသည်။ မျက်ရည်ဝဲနေသော မျက်လုံးနှင့် ၀မ်းသာစပြုနေသော မျက်လုံးနှစ်စုံ ဆုံတွေ့ကြသည်။
"ဘယ် .. ဘယ်သူလဲဟင်။ သူ့နာမည်က ဘာတဲ့လဲ"
"မအုန်းကြည်တဲ့"
"ဘာဖြစ်လဲ။ လှသားပဲဟာ။ ကျွန်တော့်နာမည်ထက်စာရင် အများကြီးလှတာပဲ။ မအုန်းကြည်တဲ့"
"ဟုတ်ပါတယ်။ တကယ်တော့ နာမည်ဆိုတာ အသိအမှတ်ပြုတဲ့ အာရုံတစ်ခုပါ။ လူနဲ့မတူတဲ့ နာမည်တွေ၊ အဓိပ္ပါယ်မရှိတဲ့ နာမည်တွေ၊ ဘာလုပ်ရမှာလဲ။ ပြားကြီးဆိုတာ ဘာဖြစ်လဲ။ ရှင့်နောက်စေ့ကလေး ပြားနေလို့ ချစ်စနိုးခေါ်တာပဲ။ အဓိပ္ပါယ်ရှိတယ်။ ကျွန်မနာမည်ကိုလည်း အဘိုးက သေသေချာချာ တွက်ပေးသွားတာ။ အမှတ်တရနဲ့ အဓိပ္ပါယ်ရှိတယ်။ ဘာဖြစ်လဲ"
"ဒါ ဒါဆိုရင် ကျွန်တော့်ကိုမမုန်း"
မအုန်းကြည်က မျက်ဝန်းကိုမှိတ်ကာ ခေါင်းကို ဖြည်းညင်းစွာခါရင်း ပြုံးကာပြောသည်။
"ဟောဒီက မအုန်းကြည်က ဒီက ပြားကြီးကို ချစ်ပါတယ်တဲ့ရှင်"
နွေးထွေးစွာ လက်ဖ၀ါးများ ဆုပ်ကိုင်လိုက်ကြသည်။ နောက်ဆုံးတော့ နှလုံးသားချင်း တည့်တည့်ထိကြသည့်အခါ ကျန်သည့်အရာအားလုံး လွင့်စဉ်ထွက်သွားကြစမြဲသာ ဖြစ်သည်။ သူတို့နှစ်ဦး လက်ချင်းဆုပ်ကာ ခြေလှမ်းစလှမ်းသည်။ ထိုခြေလှမ်းသည် မအုန်းကြည်နှင့် ပြားကြီးတို့၏ စစ်မှန်သော ခြေလှမ်းများသာ ဖြစ်ပါသည်။
~~~~~
နီကိုရဲ
၁၉၉၉ ဒီဇင်ဘာလ၊ မဟေသီမဂ္ဂဇင်း

သစ္စာနီ (စာအုပ်နဲ.လူ)
သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ ၍ဖြီး သင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာပြန့်ကျ နေသည်။ ရှုံ့တွတွသူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့်အရေးအ ကြောင်းအတွန့်များပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိနေတက် သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန်သည်လည်း သူ့နည်းတူ အိုမင်းနေလေပြီ။သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြန်စေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင် ဆက်သွယ်ထား၏။
အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့်ပျယ်စပြုနေ သော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူဝတ်နေကျ အဆင်အယင်များ ဖြစ်၏။ ကိုင်းနေသော သူ့ခါးကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံ အင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိနေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲကို သူတရွရွဖြည်းညင်းစွာ လျှောက်လှမ်း ၀င်လာသည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲရှိ စာအုပ်သည်များ လှုပ်လှုပ်ရှား ရှားဖြစ်သွားကြစမြဲပင်။
သူ့အမည်မှာ ဦးဘအိုဖြစ်သည်။ သို့သော် သူ့အမည်ကို ပန်းဆိုတန်းလမ်းထဲရှိ ဘယ်စာအုပ်သည်ကမှ မသိ။ အားလုံးက တညီတညွှတ်တည်း “ဆရာကြီး” ဟုသာ ရိုသေစွာခေါ်ဝေါ်ဆက်ဆံလေ့ရှိကြသည်။ သူတို့အားလုံးက ဤလူကြီးသည် တက္ကသိုလ်တစ်ခုခုမှ အငြိမ်းစားပါမောက္ခအိုကြီးတစ်ယောက် သို့မဟုတ် စီးပွားပျက်သွားရှာသော စာပေမြတ်နိုးသည့် သူဌေးဟောင်းကြီးတစ် ယောက်ဖြစ် မည်ဟုသာ အတွေးကိုယ်စီနှင့် လက်ခံထားကြ၏။ သူဘယ်မှာနေသည်။ သူ့မိသားစု ရှိမရှိဆိုတာ ဘ၀ဇာတ်ကြောင်းကို မည်သူကမှမသိ။ သူတို့သိသည်က ဦးဘအို၏ လွယ်အိတ်ထဲတွင် အဖိုးတန်ရှားပါးသော စာအုပ်များ ပါလာတတ် သည်ဆိုသော အချက်သာဖြစ်၏။
ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း တစ်ဝိုက်သည် စာအုပ်ဟောင်းရောင်း ၀ယ်သူများ၊ စာကြမ်းပိုးများ လေ့လာကျက်စားရာ ဒေသဖြစ်၏။ ထိုတစ်ဝိုက်က စာအုပ်သည်များသည် စာအုပ်ရောင်းလည်းရောင်း၏။ ၀ယ်လည်းဝယ်၏။ ဦးဘအိုသည် သူတို့၏ ဖောက်သည်တစ်ဦးဖြစ်၏။ အ၀ယ်သမားဖောက် သည်မဟုတ် အရောင်းသမားဖောက်သည် ဖြစ်သည်။
အနှစ်နှစ်အလလက စုဆောင်းထားသမျှကို အကြောင်းအမျိုးမျိုးကြောင့် လာရောင်းကြသူတွေ လက်ထဲဝယ် အင်္ဂလိပ် မြန်မာစာအုပ်ကောင်းများပါ လာ တက်၏။ အင်မတန်ချိုသာသော ဈေးနှုန်းဖြင့် ၀ယ်ယူရသော စာအုပ်များကို ပြန်ရောင်းသောအခါ သူတို့နင့်ခနဲ အမြတ်ရလေ့ရှိသည်။ အခုတလော အထူးသဖြင့် အင်္ဂလိပ်လိုရေးထားသော ကမ္ဘာ့ဂန္တ၀င်စာအုပ်များမှာ အ၀ယ် လိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အစိုးရစာအုပ်များမှာ နှစ်ကျပ်ခွဲ သုံးကျပ်နှင့် ၀ယ်ခဲ့ရသော စာအုပ်များမှာ ယခုဈေးကွက်တွင် နှစ်ဆယ်၊ အစိပ်ဖြစ် နေသည်။ ကမူး၊ ဆတ်၊ ဂျွိုက်၊ ကပ်ဖကာ စသူတို့၏ စာအုပ်ဆိုလျှင် ထို့ထက်ဈေး ခေါ်ရ၏။ လေးငါးဆယ်ဆိုလည်း ၀ယ်မည့်သူ မနည်း။ စာရူးပေရူးကလေးများသည် ထိုဆိုင်များရှိရာသို့ ချောင်းပေါက်မတက် ရောက်လာကာ ကမ္ဘာ့ဂန္တာ၀င်တွင် ဖတ်ရခက်ခဲသည်ဆိုသော နာမည်ကြီးပေ့ဆိုသော၊ အနုပညာမြောက်လှသည်ဆိုသော စာအုပ်များကို ကြားဖူးနားဝလောက်ဖြင့် တဖွဖွ မေးကြ၀ယ်ကြသည်။ ထိုစာရူးပေရူးလေးများထဲတွင် တက္ကသိုလ်မှ ဆရာပေါက်စလေးများ၊ ကိုယ့်ကို ကမ္ဘာ့စာပေးနှင့် အကျွမ်းတ၀င်ရှိသည်ဟု အထင်ခံချင်နေရှာသော ပိုက်ဆံရှိသားသမီးများ၊ စာရေးဆရာ ကဗျာဆရာပေါက်စကလေးများ စသဖြင့် လူစုံပါ၏။ ထိုအထဲမှ အတော်များများ မှာ စာအုပ်နာမည်လောက်ပင် အတော်ကြိုးစားဖတ်ရမည့်သူတွေ ဖြစ်သည်။ သို့ သော် ဟန်လုပ်ကာ အလုအယက်ဝယ်ကြသည်။ မဂ္ဂဇင်းတစ်စောင်မှာ ဂျိမ်းဂျွိုက် ကြောင်းပါလာလျှင် ဂျိမ်းဂျွိုက်စာအုပ် လာမေး၏။ သောမတ်မန်းအကြောင်းပါလာလျှင် သောမတ်မန်းစာအုပ်ကို လာမေး၏။ ဗာဂျီးနီယားဝုဖ်အကြောင်းပါလာလျှင်၊ ကပ်ဖကာအကြောင်းပါလာလျှင် မြန်မာလိုဆောင်းပါးကို ဖတ်ကာ အဲဒီစာအုပ် တွေ မရှိဘူးလားဟု အင်္ဂလိပ်လိုစာအုပ်ကို သူတို့ လာမေးတတ်ကြ၏။ စာအုပ်သည်များအဖို့ ထိုလူစုမှာ အမြတ်အစွန်းကြီးကြီးရနိုင်သော ပုံသေဖောက်သည်များဖြစ်၏။ ထို ချည်ပြီးတုတ်ပြီး ၀ယ်သူများကို အရှည်သဖြင့် ဆွဲဆောင်ထားနိုင်ရန်အတွက် သူတို့စာအုပ်များကို ကြိုးစားရှာဖွေကြရသည်။ စာအုပ်ကောင်းများကလည်း ရှားပါးတန်သလောက် ရှားပါးနေ၏။ ထိုအခြေအနေ မျိုးတွင် ဦးဘအိုမှာ သူတို့အတွက် တန်ဖိုးရှိလှသော အထောက်အပံ့ကောင်းကြီး တစ်ယောက် ဖြစ်နေလေသည်။ ထိုကြောင့် ဦးဘအို ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း စာအုပ်တန်းဘက် ကို ရောက်လာလျှင် အားလုံးလိုလိုက ပျုပျုငှာငှာ ကြိုဆိုလေ့ရှိကြ၏။ ဦးဘအို လာတိုင်းလည်း သူလွယ်လာသည့် လွယ်အိတ်ကြီးနှင့် တစ်လုံးစာအုပ်ကောင်း များ အပြည့်အသိပ်ပါလာတက်၏။ မြန်မာစာအုပ်များမဟုတ် တန်ဖိုးရှိ အင်္ဂလိပ် စာအုပ်များဖြစ်သည်။ ဒီနေ့လည်း ဦးဘအိုသည် သူ့ဆီမှ စာအုပ်ဝယ်နေကျ ပန်းဆိုးတန်းက ကိုတင်အိ ဆိုင်မှာ ရောက်နေ၏။ ကိုတင်အိဆိုသူက ဈေးနှိပ်ပေးလေ့မရှိ။ အရောင်း အ၀ယ်ဖြစ်ပြီးလျှင် လက်ဖက်ရည်တွေ ဘာတွေ တိုက်သေးသည်။ သူ နှင့် လူချင်းလည်း အတန်အသင့် ရင်နှီးနေ၏။ ဦးဘအို လွယ်အိတ်အနက်ကြီးထဲ မှ စာအုပ်များကို ကိုတင်အိက အပြင်မှာ တစ်အုပ်ချင်းထုတ်ကာ ပုံရင်း ....က “ဂျွန်ကိ၊ ရှယ်လီ၊ ၀ီလျံဘလိတ်၊ ဒီအပတ် ဆရာကြီးစာအုပ်တွေက ရိုမန် တစ် ကဗျာစာအုပ်တွေချည်းပါလား၊ ကဗျာစာအုပ်ဆိုရင်လည်း ဟိုတစ်ခေါက်က လိုရစ်ချက်ဝက်ဘာ၊ ရောဘတ်လိုဝယ်တို့၊ ပရဲဗတ်တို့လို မော်ဒန်ဆရာတွေဟာ ယူလာပါ၊ ဒါက ဒစ်ကင်း ဒါက ရောဘတ်ဖရော့၊ ဟာ....သောမတ်ဟာဒီ ၀တ္ထုတွေ တော်တော်များပါလား၊ ပါးလ်အက်စ်ဘတ် စာအုပ်တွေလဲ ပါတယ်။ သူတို့က လူသိပ်မဖတ်တော့ဘူး ဆရာကြီးရဲ့ ခေတ်ကုန်နေပြီ။” ဦးဘအိုက ကိုတင်အိပြောသမျှ ခေါင်းသာညိတ်ပြ၏။ ထောက်ခံသည့် သဘောဖြင့်တော့ ဟုတ်ဟန်မတူ။ သူခေါင်းညိတ်နေပုံက “လောကကြီးအကြောင်း အလုံးစုံငါသိပါတယ်” ဆိုသည့် ပညာရှိကြီးတစ်ဦး တစ်ကိုယ်တည်းနှလုံးသွင်းနေပုံနှင့်သာ တူ၏။ “တော်သေးတယ် ဆရာကြီးရေ၊ ကမူးရဲ့ အောက်ဆိုက်ဒါစာအုပ် ကလေးရယ်၊ နာဘိုကော့ဗ်နဲ့ ဆောဘဲလ်ဘိုးရဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ကလေးတွေရယ် ပါလာပေလို့၊ ဂျက်ကာရိုယက်၊ သောမတ်ပင်ချွန်း၊ စူဆန်ဆွန်တက်၊ ဒါက ဂျွိုက်စ်ကာရိုးအုတ်၊ သူတို့စာအုပ်အကြောင်းတော့ ကျွန်တော်လဲ ကောင်းကောင်းမသိဘူး ” ဦးဘအိုက ခေါင်းညိတ်ပြန်၏။ ဒီအဘိုးကြီးက စကားနည်းသည်။ ပညာရှိ ဆိုတာ မတီးလျှင် မမြည်တဲ့စည်နဲ့တူတယ်ဆိုတဲ့ စကားရှိသားပဲ။ တစ်လကို နှစ်ခေါက်သုံးခေါက် ထိုလူကြီး သူတို့ဆီိကို စာအုပ်တွေ လာရောင်းနေခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ။ သူရောင်းပြီးခဲ့သည့် စာအုပ်များကို ရေတွက်ကြည့်မည် ဆိုလျှင်တောင် အရေအတွက်အားဖြင့် နည်းမည်မဟုတ်တော့။ နောက်ရောင်းဖို့ အများကြီး ကျန်သေးတယ်ဟု ပြောဖူးသေး၏။ ဒီလောက်များတဲ့ စာအုပ်တွေကို ဖတ်မှတ်လေ့လာထားခဲ့ပြီးပြီဆိုတော့လည်း ဆရာကြီး ဤမျှတည်ငြိမ်မှုရှိနေ သည်ကို ဆန်းသည်ဟု မဆိုသာ။ တစ်ခါတလေ သူတို့က စာအုပ်တွေအကြောင်း ပြောလျှင်လည်း အပြုံးဖြင့်သာ နားထောင်နေတက်သည်။ အပြန်အလှန် လက်ခံ ဆွေးနွေးရလောက်အောင် သူတို့မှာ အရည်အချင်းမရှိဟု ယူဆလေသလားမသိ။ “ဆရာကြီး၊ သောမတ်မန်းရဲ့ “မက်ဂျစ်မောင်းတိန်း” မရှိဘူးလား၊ ဒီဘိုးဗွား ရဲ့ ‘အောဆက်အင်ဒန်း’ ရော၊ ဆင်ကလဲလွီစာအုပ်တွေရောပေါ့၊ ယူလာခဲ့ပါ၊ အထူးသဖြင့် ကပ်ဖကာရဲ့ ရဲတိုက်စာအုပ်ရှိရင် လိုချင်တယ်။ ဈေးကောင်းရမယ် ဆရာကြီး၊ အဲဒီစာအုပ်ကိုတော့ ကျွန်တော့်ကို အော်ဒါမှာထားတာပဲ သုံးလေးဦးရှိ တယ်” ဦးဘအိုက ခေါင်းညိတ်ပြန်သည်။ ဦးဘအို အိမ်ပြန်ရောက်တော့ မောမောဖြင့် လွယ်အိတ်ကို ကြမ်းပြင်ပေါ်ချ သည်။ အိမ်က ထွက်သွားစဉ်က စာအုပ်များဖြင့် ပြည့်နေသော လွယ်အိတ်ကြီးမှာ အိမ်ကို ပြန်လာတော့ ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်တို့ဖြင့်ပြည့်လာ၏။ သူ့အိမ်က ဆယ်မိုင်ကုန်းမှာရှိသည်။ ဓနိမိုး ထရံကာအိမ် ခပ်သေးသေး သာ ဖြစ်သည်။ အိမ်ပေါ်မှာ တန်ဖိုးကြီးသော ပရိဘောဂဟူ၍ မရှိ၊ ဖရိုဖရဲဖြစ်နေ သော စာအုပ်ပုံကြီးတစ်ပုံတော့ရှိ၏။ စာအုပ်ကြီးကိုမြင်တော့ ကွယ်လွန်သူ သူ့ဆရာကြီး ဦးအောင်ဆက်ကို ဦးဘအို သတိရလာသည်။ ဦးအောင်ဆက်သည် ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုမှ ပါမောက္ခကြီးတစ်ဦးဖြစ်သည်။ သူ့ဘ၀ကို စာပေလေ့လာခြင်း၌သာ ထာဝရ မြှပ်နှံထားခဲ့သော လူပျိုကြီးတစ်ဦးဖြစ်သည်။ ဦးအောင်ဆက် တာဝန်ထမ်းဆောင် နေစဉ်ကတော့ တက္ကသိုလ်ကပေးသော အိမ်တစ်ဆောင်တွင်နေ၏။ ဆွေမရှိမျိုးမ ရှိ တစ်ကောင်ကြွက်ဖြစ်သော ဦးအောင်ဆက်အဖို့ အိမ်ထောင်ထိန်းသိမ်းရန် လူ တစ်ဦးလိုနေသည်။ ထမင်းချက်၊ အ၀တ်လျှော်ကအစ တာဝန်ယူနိုင်မည့်သူဖြစ်ရ မည်။ သို့သော် သူက လူလွတ်တစ်ဦးဆိုတော့ မိန်းမအဖော်နှင့်လည်း မသင့် တော်ပြန်ချေ။ သို့ဖြင့် မိတ်ဆွေတစ်ယောက်၏ ဆက်စပ်ပေးမှုနှင့် သူ့ဆီကို ဦးဘအို ရောက်လာသည်။ ဦးဘအိုကလည်း တောက တက်လာသော တစ်ကောင်ကြွက်တစ် ယောက်ဖြစ်၏။ တခြားအလုပ် မရခင်စပ်ကြား ခဏခိုနားမည်ဆိုသော ရည်ရွယ် ချက်ဖြင့် ဦးအောင်ဆက်ထံရောက်ခဲ့သော ဦးဘအိုမှာ မထင်မှတ်ဘဲ အနှစ်လေးဆယ်ကျော် ဦးအောင်ဆက် သေဆုံးချိန်အထိ အတူနေဖြစ်ခဲ့လေ တော့သည်။ တက္ကသိုလ်ကျောင်းတော်ကြီးမှ ဦးအောင်ဆက် အငြိမ်းစားယူသောအခါ သူ တို့ဆရာတပည့်နှစ်ဦး ဤဆယ်မိုင်ကုန်းမှာ အိမ်ကလေးတစ်လုံးဆောက်၍ ပြောင်းရွှေ့နေကြသည်။ ဦးအောင်ဆက်၏ အငြိမ်းစားလစာငွေမှာ အသုံးအဖြုန်း မရှိသော ဆရာတပည့်နှစ်ယောက်၏ စားဝတ်နေရေးအမှုအတွက် ဖူလုံ၏။ ဦးအောင်ဆက်မှာ စုဆောင်းပြီး ငွေကြေးဟူ၍ မည်မည်ရရမရှိ။ တစ်သက်လုံး သူ ရခဲ့သမျှမှာ စာအုပ်ဝယ်ခြမ်းဖြင့် ကုန်ခမ်းခဲ့သည်။ သူချမ်းသာသမျှမှာလည်း စာအုပ်များသာ ဖြစ်၏။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကတော့ ဦးဘအိုထက် ဆယ်နှစ်ကြီးသော ဦးအောင်ဆက် သေဆုံးသွားလေသည်။ သူ့အတွက် ဦးအောင်ဆက်ချန်ရစ်ခဲ့ သော အမွေပစ္စည်းမှာ များမြောင်လှစွာသော စာအုပ်များသာဖြစ်၏။ လက်ထဲမှာရှိသမျှ ငွေကြေးကလေး ကုန်ခန်းသွားသောအခါ အိုမင်းမစွမ်းရှိ ပြီဖြစ်သော ဦးဘအိုသည် စားဝတ်နေရေးအခက်အခဲ ကြုံလာသည်။ ယခုလို အခါမျိုးတွင် သူ့ ၌လုပ်ကိုင်စားနိုင်သော ခွန်အားလည်း မရှိတော့။ ရောင်းချစား စရာ ငွေကြေးလည်း မရှိ။ သို့ဖြင့် တစ်နေ့ ပန်းဆိုးတန်းဘက်ရောက်ခိုက် အင်္ဂလိပ်စာအုပ်များရောင်းနေသော စာအုပ်ဆိုင်တစ်ဆိုင်သို့ ၀င်ကာ ‘ဒီလိုစာအုပ် တွေ ရောင်းရင် ၀ယ်သလား’ ဟုမေးမိ၏။ ဆိုင်ရှင်က ‘ယူခဲ့ပါ ဆရာကြီး ကျွန်တော်ကြည့်ပေးပါမယ်’ ဟု ဆိုသည်။ သည်လှိုနှင့် နောက်နေ့တွင် စာအုပ်များကို လွယ်အိတ်တစ်လုံးနှင့် ထည့် ယူလာကာ သြူုပ၏။ ဆိုင်ရှင်က ၀မ်းသာအားရ၀ယ်၏။ ဆိုင်ရှင်ထံမှ သူဘယ်လိုမှ ထင်မှတ်မထားသော ငွေကြေးကို ရသဖြင့် ဦးဘအို အံ့အားပင်သင့်နေသည်။ သူ ယူလာသော စာအုပ်နှစ်ဆယ်ကို တစ်အုပ်ငါးကျပ်နှုန်းဖြင့် ရှင်းပေး၏။ တစ်ကြိမ် က သူပိုက်ဆံပြတ်ခိုက် ရပ်ကွက်ထဲတွင် စက္ကူလည်ဝယ်သည့် သူတစ်ဦးကို ခေါ် ရောင်းဖူး၏။ တစ်ပိသာ သုံးကျပ်ခွဲပဲရခဲ့သည်။ ဆိုင်ရှင်က နောက်ရှိရင်လည်း ယူလာခဲ့ပါဦးဟု မှာသည်။ သို့ဖြင့် ဦးဘအိုသည် ဈေးသုံးလိုတိုင်း ပန်းဆိုးတန်းကို လွယ်အိတ်တစ်လုံးနှင့်ရောက်လာကာ စာအုပ်ရောင်းသူဖြစ်လာသည်။ သို့သော် တစ်လကို နှစ်ကြိမ်သုံးကြိမ်ထက် သူပိုမရောင်း။ သူ့မှာ ဒီထက်ငွေပို မလိုသော ကြောင့် ဖြစ်သည်။ အခုတော့ သူ့ဆရာပေးခဲ့သော အမွေအနှစ်များဖြင့် သူကြီးပွားနေသည်ဟု ဆိုနိုင်သည်။ စာအုပ်များသာမက သူ့ဆရာကျန်ခဲ့သည့် အ၀တ်အစားအဟောင်း များမှာလည်း သူ့အ၀တ်အစားဖြစ်ခဲ့သည်။ တိုက်ပုံအင်္ကျီကတော့ သူနှင့် နည်း နည်းပွနေသည်။ သို့သော် ၀တ်ဖို့ပြင်မနေနိုင်။ ပြီးတော့ သူ့ဆရာကျန်ခဲ့သည့် မျက်မှန်။ မျက်မှန်က အိုဟောင်းနေသော်လည်း သူ့အတွက် စပါးလုံးရွေးရာတွင် ကောင်းကောင်း အသုံးဝင်နေသေ၏။ စာအုပ်စင်များကိုတော့ သူခွဲခြမ်းကာ ထင်း စိုက်ပစ်ခဲ့သည်။ သူက ပါမောက္ခတစ်ယောက်မှ မဟုတ်တာ။ ခမ်းခမ်းနားနား စာအုပ်စင်တွေ ဘာတွေလည်း မလိုလှပါဘူးဟု တွေးမိသည်။ စာအုပ်တွေကို ခုလို ကြမ်းပြင်ပေါ်တွင် စုပုံထားလည်း ရတာပဲဟာ။ စာအုပ်များမှာ အစီအရီရော ဖရိုဖရဲပါ အပြိုပြိုအလဲလဲကျ ထွေးသီထပ် တင်နေသည်။ ကမူး၏ ပလိပ်ဝတ္ထုစာအုပ်မှာကြွက်ကိုက်ထားသဖြင့် စုတ်ပြတ်နေ ၏။ တော်စတွိုင်း၏ အင်ညာကရီနီနာခြေရင်းတွင် ဂျိုးဇက်ကွန်းရဒ်၏ လာ့ဒ်ဂျင် လဲကျနေသည်။ အရင်းကျမ်းမှာ ခြများစားလျက်ရှိသည်။ ဟင်နရီဂျိမ်း၏ ချိုးငှက် အတောင်ပံများမှာ ဂျက်လန်ဒန်၏ သံဖနောင့်အောက် ရောက်နေ၏။ မားကွပ်၏ အထီးကျန်နှစ်တရာမှာ ပင့်ကူမျှင်များ ငြိတွယ်နေ၏။ ရုဖ်အယ့်လီဆင်၏ ကိုယ်ပျောက်သူမှာ ပိုးဟတ်ချေးများ စွန်းကွက်နေသည်။ ဗာဂျီးနီးယားဝုဒ်၏ လှိုင်းများအပေါ်တွင် ဂျိမ်းဂျွိုက်၏ ယူလီစီးရောက်နေ၏။ ဒီအိတ်ခ်ျလောရင်၏ လေဒီချက်တာလီချစ်သူမှာ မျက်နှာဖုံးမရှိတော့။ က၀ါဘာတား၏ နှင်းပွင့်တိုင်း ပြည်မှာ ဖုန်အလိမ်းလိမ်းတင်နေသည်။ နှုတ်ခမ်းမွှေး တထောင်ထောင်နှင့် ပိုးဟပ် တစ်ချို့က စာအုပ်ပုံထဲမှ ထွက်လာကာ ဦးဘအိုကိုငေးကြည့်ကြ၏။ ထိုအထဲမှ တစ်ကောင်ကို ဦးဘအိုက ချစ်စနိုးဖြင့် ကောက်ယူလိုက်ကာ ‘မင်းတို့လဲ စာအုပ်တွေကို စားပြီး အသက်ရှင်နေရတဲ့ကောင်တွေ၊ ငါနဲ့ ဘ၀တူပေါ့ကွာ’ ဟု ဆိုသည်။ ဦးဘအိုသည် ထိုအကောင်များကို မောင်းပစ်လေ့မရှိချေ။ မှောင်စပျိုးပြီ ဖြစ်သဖြင့် ဦးဘအို မီးအိမ်ကို ထွန်းညှိနေဆဲမှာ တိုက်ခတ်လိုက်သော လေအေးတစ်ချက်က စုတ်ပြဲနေသော ၀ါးထရံပေါက်မှ တိုး ဝှေ့စိမ့်ယိုဝင်လာ၏။ ဤထရံကို သူ အသစ်ပြန်မလဲနိုင်သေးခင် လေလုံအောင် ထရံအပေါက်များကို စက္ကူနှင့်ကပ်ကာ ပိတ်ဖို့ကိစ္စကို သတိရလာ၏။ ထို့ကြောင့် စာအုပ်ပုံထဲက လက်လှမ်းမီရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ကာ စာရွက်များကို တစ်ရွက်စီဖြုတ်၍ ထမင်းလုံးကော်နှင့် သုတ်ရင်း ထရံမှာ ကပ်နေမိ၏။ ထိုကဲ့သို့ သူဆုတ်ဖြဲ၍ ထရံပေါက်ကို ကပ်ပစ်လိုက်ကာ စာအုပ်မှာ စာအုပ် သည်များက လိုချင်တပ်မက်စွာ တဖွဖွမှာကြားနေသည့် ကပ်ဖကာ၏ ရဲတိုက် စာအုပ်ဖြစ်ကြောင်းကိုမူ ဘယ်တုန်းကမှ စာမသင်ဖူးသဖြင့် အင်္ဂလိပ်လိုဝေး၍ မြန်မာလိုပင် တစ်လုံးမှ မတတ်ရှာသော ဦးဘအိုတစ်ယောက် သိနိုင်ရှာလိမ့်မည် မဟုတ်ပါချေ။ ------------------ သစ္စာနီ

Friday, July 18, 2008
Monday, July 14, 2008
Friday, July 11, 2008
Metta - နှလုံးအေးသည့်အရာ(သည်ခံစိတ်)
(ဤဆောင်းပါးကို နှစ်သက်၍ MSMA ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။)
သည်းခံစိတ်မှာ လွယ်ကူသောစိတ် မဟုတ်ကြောင်းကိုလူအများသိကြ၏ ။ မလွယ်ကူအင်မတန်လည်းခက်လှသည်။"သည်ခံပါ"ဟုပြောတက်ကြသော်လည်းသည်မခံတတ်ကြချေ။ ပြောသာပြောကြ၏ ။လူ့လောကတွင်ကိုယ်၏ဆင်းရဲခြင်းကိုအတော်ပင်ခံနိုင်ကြ၏ ။ သို့ သော် စိတ်ဆင်းရဲခြင်းကိုမခံနိုင်ကြချေ ။ကိုယ်၏ဆင်းရဲခြင်းကြောင့်ရူးသွားသည်ဟုမရှိ။ စိတ်ဆင်းရဲခြင်းကြောင့်သာစိတ်မမှန်ရာမှ ရူးသွပ်သည်အထိဖြစ်ရသည်။ ကိုယ်၏
ဆင်းရဲခြင်းကို မလွဲမရှောင်သာသော်လည်း စိတ်၏ ဆင်းရဲခြင်းကို လွဲရှောင်နိုင်
သည်။ မိမိ၏ စိတ်ကိုမိမိဥာဏ်ဖြင့် ထိန်းသိမ်းပေးခြင်းဖြင့် စိတ်၏ဆင်းရဲခြင်းကို
ပယ်ဖျက်နိုင်၏ ။ လျှော့ပေါ့နိုင်၏ ။
စိတ်၏ ဆင်းရဲခြင်းကို ပယ်ဖျက်နိုင်သည့်စိတ်မှာ သည်းခံစိတ်ဖြစ်ချေသည်။
သည်းခံစိတ်မွေးမှစိတ်ဆင်းရဲခြင်းကင်း၏ ။
* လုပ်မှ ဖြစ်သည် ။
* ရှာမှ ရသည် ။
* စားမှ ၀သည် ။
* သွားမှ ရောက်သည် ။
* သင်မှ တက်သည် ။
* ကြည့်မှ သိသည် ။
* မေးမှ သိသည် ။
* သည်းခံစိတ်ထားမှ စိတ်ချမ်းသာမည် ။
သည်းခံစိတ်သည် မွေးရာပါစိတ် မဟုတ်ပေ ။ အသိနှင့်ယှဉ်ပြီးကြိုးစားယူရ
သော မွေးမြူယူရသော စိတ်မျိုးသာ ဖြစ်ပေသည်။
သည်းခံခြင်း၏ အခြေခံမှာ မိမိစိတ်ကို ထိန်းခြင်းနှင့် တစ်ဖက်သားအပေါ် ခွင့်လွှတ်ခြင်းပင်။
ဒေါသသည် မကောင်း။ လူတို့သည် ဒေါသမကောင်းမှန်း မသိသဖြင့်မဟုတ် ။
သိကြ၏ ။ ရန်ပွားပြီး အကျိုးယုတ်ကြ၏ ။
ရက်စက်စွာ သတ်ဖြတ်သည့်အဖြစ်မျိုး ရောက်ကြရသည်မှာ ဒေါသကိုအရင်းခံ၏။
ထို့ကြောင့် ဒေါသထွက်သည်နှင့် တစ်ပြိုင်နက် မသင့်ကြောင်းကိုတွေးပြီး သ
တိထားပြီး အပြစ်မဖြစ်မီ ထိန်းသိမ်းရမည်။ ဒေါသကအကျိုးမရှိကြောင်း ၊ ပြသနာ၏
အဖြေမဟုတ်ကြောင်းကို တွေးပြီ ချူပ်တည်း သည်းခံရ၏ ။
အသေးအဖွဲအကြောင်းရာများမှအစ တဖြည်းဖြည်း ရင့်ကျက်အောင်အလေ့အ
ကျင့်ပြုပြီး သည်းခံရမည် ။အကြောင်းအရာငယ် ၊ ပြသနာငယ်ကို သည်းခံတတ်လာလျှင် ကြီးကြီးမားမား
ပြသနာများကိုပါ သည်းခံတတ်လာမည် ။
တစ်ဖက်သားက ဒေါသကို မချုပ်တည်းနိုင်သဖြင့် ကိုယ့်အပေါ်တွင် ကျူးလွန်
လျှင် မိမိက ဖက်ပြိုင် ဒေါသတုံ့ပြန်က ထပ်ကာထပ်ကာ ဒေါသဖြစ်စရာတွေသာ ကြုံ
နေရမည်။ တစ်ဖက်သားအမှားသည် မိမိအမှားပါဖြစ်လာ၏ ။
ဒေါသစိတ်သည် ကလေးငယ်ကလေးတွင်ပင် ဖြစ်တတ်၏ ။ နို့ဆာလျှင်သော်
လည်းကောင်း ၊ ကလေးချင်း ရန်ဖြစ်လျှင်သော်လည်းကောင်း ၊ ဒေါသတကြီး ကိုက်ဆွဲတတ်သော ၊ ကစားစရာ လွှင့်ပစ်တတ်သော ကလေးများကို သင် မြင်ဖူးမည်
ဖြစ်သည်။
ကလေးငယ်များပင် ထိုမျှဖြစ်လျှင် လူကြီးများ ဒေါသမှာ မည်မျှထိ ဖြစ်မည်နည်း။
အသက်ကြီးသော်လည်း သည်းခံစိတ်ရှိသောသူမှ ရှိလေသည်။ အရွယ်အိုသော်
လည်း သည်းခံစိတ် မရှိသူများ ရှိသည် ။
သည်းခံစိတ်မွေးမိလျှင် ဂုဏ်ပြိုင်ရခြင်း ၊ သူများထက်နိမ့်ကာ စိတ်ညိုးငယ်ခြင်း ၊ အနှိမ်ခံရသဖြင့် စိတ်ဆင်းရဲခြင်း ၊ တုပအားကျရခြင်းတို့မှ ကင်းဝေးပြီး နှလုံးအေးမည်။
သည်းခံစိတ်က မြတ်စွာဘုရားရှင်၏ စိတ် ။
ထိုစိတ်သာ မွေးနိုင်လျှင် လောကကို တစ်နည်းအားဖြင့် အောင်နိုင်နေသည်။
အပြစ်များ ၊ ခံစားမှုများ ၊ ဆုံးရူံးနစ်နာမှုများလည်း လျော့ပျက်သွားမည်မှာ ဧကန်ပင်။
ဒေါသနယ်သည် အပိုင်းအခြား မရှိ ။
လောဘနယ်သည် အပိုင်းအခြား မရှိ ။
ဒေါသနှင့်လောဘကို ချိုးနှိမ်ပြီး သည်းခံနိုင်မှသာ ပြည့်စုံမှုများ ၊ လိုအင်များ ၊ ငြိမ်းချမ်းမှုများ ၊ တောင့်တချက်များ အလွယ်တကူ ပြည့်စုံလာမည် ။
လောဘ၏ ကျေးကျွန်ဖြစ်က ပင်ပန်းသထက် ပင်ပန်းသည် ။
ဒေါသ၏ ကျေးကျွန်ဖြစ်က ပင်ပန်းသထက် ပင်ပန်းသည် ။
မကောင်းမှုများမှာ လောဘနှင့် ဒေါသနောက်မှ အမြဲကပ်လိုက်လာတတ်သည် ။
လောဘကြီးလွန်းက မရတတ်ချေ ။ ရောင့်ရဲစိတ်သည် သည်းခံစိတ်တစ်မျိုး ဖြစ်
၏ ။
သည်းခံစိတ်ရှိလျှင် လိုတိုင်း မပြည့်စုံသည့် ပြသနာလည်း ပြင်းပြင်းထန်ထန် မခံစားရချေ ။
ကိုယ့်ဘ၀ကိုပင် ကိုယ်သည်းခံရလေသည် ။
သည်းခံခြင်းတစ်မျိုးမှာ မိမိတွင် ဖြစ်ပေါ်သော ဆင်းရဲသောစိတ်နှင့်ဝေဒနာ စသည်
တို့ကို သည်းခံခြင်းဖြစ်၏ ။ ဝေဒနာကို မခံမရပ်နိုင်ဘဲ ထိုဝေဒနာကြောင့် ဖြစ်လာရသည့်ဒေါ
သနှင့် သောကကို ဖယ်ထုတ်သည်းခံခြင်း သဘောဖြစ်၏ ။
သည်းခံခြင်း အခြေခံမှာ စိတ်ကို ဆောက်တည်ခြင်းဖြစ်သည် ။ သည်းခံမှုသည် စိတ်၏ အရည်အချင်း တစ်ရပ်ပင် ။ အရိယာသူတော်ကောင်းတို့၏ အလုပ်တွင်သည်းခံခြင်း
သည်လည်း အဓိကအခန်းမှပါရှိသည် ။ သူတော်စင်တို့သည် သည်းခံမှုအလေ့အကျင့်ကို
အထူးအားထုတ်ကြသဖြင့် လောကတရားလမ်းကိုလိုက်ကြလေသည်။
သည်းခံရမည့်အကြောင်း ၊ သည်းခံရမည့်တစ်ဦးတစ်ယောက်ရှိသောကြောင့်သာ အကြောင်းအရပ်တစ်ခု
ပေါ်တွင်လည်းကောင်း ၊ သူတစ်ပါးအပေါ်တွင်လည်းကောင်း သည်းခံခြင်းဟူသော အကြောင်းရပ်ပေါ်လာရခြင်းဖြစ်၏ ။
ဒေါသဖြစ်အောင်ပြောသူ ၊ ရန်စသူ ၊ နူတ်ဖြင့်စော်ကားသူတို့အပေါ်တွင် သည်းခံစိတ်မွေးပြီး ပြန်မပြော
လျှင်၊ ကိုယ့်ဒေါသကိုထိန်းလျှင် ကျူးလွန်သူသာ အရှက်ရတတ်၏ ။
ခြွင်းချက်။ ။ ဖြေရှင်းသင့်သည်ကိုတော့ ဖြေရှင်းရမည် ။ ပြောဆိုပြရပေမည် ။ သည်းခံစိတ်သည်လူ၏ စရိုက်ကိုမဆိုးဝါးအောင် ထိန်းကန့်ပေးသည့် အထိန်းအကွပ်ဖြစ်သည်။
သို့သော်...
သည်းခံခြင်းတွင် သည်းခံနိုင်စွမ်းရှိသည့်အတိုင်းအတာအထိသာ သည်းခံနိုင်ကြပေမည်။
သည်းခံနိုင်သည့်အဆင့်ကျော်လျှင်တော့ သည်းခံကြမည် မထင်တော့ချေ ။
သည်းခံစပြုတတ်လျှင်..
စိတ်ဆတ်ခြင်း
စိတ်ကောက်ခြင်း
စိတ်တိုခြင်း
ဆတ်ဆတ်ထိမခံခြင်း
အကျအနကောက်ခြင်းများ ပျောက်သွားပေလိမ့်မည် ။
ထိုကဲ့သို့ ပျောက်ရန်မှာ ရုတ်တရက်မလွယ်ချေ ။ ပုထုဇဉ်လူသားတိုကအဖို့ ခက်ပါသည် ။ သို့သော်အထူးတလည်လေ့ကျင့်ယူလျှင်တော့ ဖြစ်လာမည်မှာ မလွဲပါ ။
သည်းခံခြင်းက ရူံးစိတ်မဟုတ် ။ စိတ်ထားမွန်မြတ်ရာ ရောက်သည် ။
လူထဲကလူဖြစ်သဖြင့် အခြားသူက စော်ကား ထိပါးလာခြင်းလည်း ရှိတတ်၏ ။ မတော်တဆ ထိပါးခြင်းလည်း ရှိတတ်၏ ။
သည်းခံစိတ်ရှိလျှင် ရန်ကိုရန်ချင်း မတုံ့လျဉ်းသဖြင့် ပြသနာပေါင်းစုံ မတက်တော့ချေ ။ အပြစ်ပြုသူပင်
အပြစ်မဖြစ်သဖြင့် ထိုသူသတိရသောအခါ ၊ နောင်တရသောအခါ ကျေးဇူးပင် တင်ပေမည် ။
စဉ်းစားဆင်ခြင်တရား သုံးလေ့မရှိဘဲ တစ်ခုခုတွင် စိတ်လိုက်မာန်ပါ ထလုပ်တတ်ခြင်းသည် အမှားများကိုသာ ထပ်ကာထပ်ကာ ကျူးလွန်ခြင်းဖြစ်သည် ။ စိတ်လိုက်မာန်ပါ မပြုဖြစ်မီ စဉ်းစား ဆင်ခြင်ခြင်းကို အချိန်ရနိုင်စေသည် ။ သည်းခံ မြော်မြင်ခြင်းဖြစ်၏ ။
အမှန်တစ်ကယ် သည်းခံမှု ၊ ကြင်နာမှု ပြည့်ဝသူမှာ မည်သူ၏ စိတ်နှလုံးတခါးကိုမဆို ပွင့်စေနိုင်လေ၏ ။သည်းခံစိတ်တရားသည် ကြင်နာခြင်း ၊ သဘောထားကြီးခြင်း ၊ ထောက်ထားညှာတာငဲ့ကွက်ခြင်း ၊ ကိုယ်ချင်းစာတတ်ခြင်း ၊ အနစ်နာခံခြင်းများ အကျုံးဝင်လေသည် ။ ကိုယ့်အဖို့သာ သိတတ်သောသူ၏ အပြုအမှုတွင် သည်းခံခြင်း မရှိနိုင် ။
သည်းခံစိတ် ရင်ထဲတွင် ခိုတွယ်လာလျှင် နူတ်အမှုအရာများ ပြောင်းလဲလာသည်ကို တွေ့ရမည် ။
* စကားလုပြောလေ.မရှိခြင်း
* ငြူစူငေါ့ထေးမှု မရှိတော့ခြင်း
* ဆင်ခြင်လဲလေ့ မရှိတော့ခြင်း
* စကားကို ရှည်လျားစွာ မပြောဘဲတိုတို နှင့် လိုရင်းသာ ပြောတော့ခြင်း
* ရှည်လျားစွာ မြည်တွန်တောက်တီးလေ့ မရှိခြင်း ဖြစ်၏ ။
အောင်မြင်တိုးတက်မှု အချက်ကြီး (၉) ချက်တွင် သည်းခံခြင်းသည် ထိပ်ဆုံးမှ ပါဝင်လေသည် ။ သည်းခံခြင်း အလျင်ဆုံးရှိမှသာ နောက်အချက်များ ပြည့်စုံမည်ဖြစ်သဖြင့် ထိပ်ဆုံးမှ ရှိရခြင်း ဖြစ်
သည် ။
၁ ။ သည်းခံခြင်း
၂ ။ စိတ်သဘောထားကြီးခြင်း
၃ ။ ဖြောင့်မတ်တည်ကြည်ခြင်း
၎ ။ ဇွဲကောင်းပြီး ခံနိုင်ရည်ရှိခြင်း
၅ ။ မြော်မြင်တတ်သော ပညာဥာဏ်ရှိခြင်း
၆ ။ အတိုင်အပင် ပညာရှိအမှီကောင်းရှိခြင်း
၇ ။ မြင့်မြတ်သောစိတ်စေတနာ တရားရှိခြင်း
၈ ။ စွဲမြဲခြင်း
၉ ။ မည်သည့်အလုပ်မဆို အညှာ အချက်ကောင်းကို သိမြင်ခြင်းပင် ဖြစ်၏ ။
သည်းခံခြင်း၏ အတိုင်းအတာ သက်ရောက်မှုမှာ ကျယ်ဝန်းထိရောက်လှချေသည် ။
သည်းခံစိတ်မှာ ကြင်နာဂရုဏာစိတ်နှင့် နွယ်သောစိတ်ဖြစ်လေသည် ။
လူအမျိုးမျိုး ၊ စရိုက်အမျိုးမျိုး ရှိကြသည် ။
စရိုက်မအမျိုးမျိုးရှိသဖြင့် အမြင်အမျိုးမျိုး ပြသနာအမျိုးမျိုးလည်း ရှိလေသည် ။
လူသည် သူတစ်ပါးအပေါ်တွင် အပထား ၊ ကိုယ့်အပေါ်တွင် စိတ်ကျေနပ်မှု မတွေ့တတ် ။ စိတ်ပင်ပန်းပြီး ကိုယ့်လုပ်ရပ် ၊ ကိုယ့်မျက်လုံး ၊ ကိုယ့်လက် ၊ ကိုယ့်ခြေ ၊ ကိုယ့်ကိုကိုပင် ဒေါသဖြစ်နေတတ်ပြန်၏ ။ စိတ်အလိုကျ ဖြစ်မနေ ။
ကိုယ့်ကိုကိုပင် ထိုကဲ့သို့ဖြစ်တတ်ရာ အခြားသူများနှင့်ဆိုလျှင် မနှစ်သက်စရာ တွေကရမည်မှာ မလွဲ ပေ ။
တိုကဲ့သို့ အလိုများနှင့် မတိုက်ဆိုင်တိုင်း ၊ စိတ်မကျေမချမ်းစရာမြင်တိုင်း ၊ စိတ်ဆိုးစရာရှိတိုင်း ဆိုးနေလျှင် ၊ စိတ်မော စိတ်ပျက်နေရလျှင် ပျော်ရွှင်မှု ၊ လန်းဆန်းကြည်လင်မှု ရတော့မည်မဟုတ် ။
အသက်ရှည်နိုင်စရာအကြောင်းလည်း မရှိတော့ချေ ။
အရာရာသည် မိမိဖြစ်ချင်သလို ဖန်တီးလို့ မရသဖြင့် ခွင့်လွှတ်သည်းခံစိတ်ရှိမှသာသက်သာမည် ။ မရှိလျှင် မသာယာသောစိတ် ၊ မကျေမနပ်သော စိတ်တို့နှင့်သာ အချိန်ကုန်နေတော့မည် ။
အကြောင်းအရာတစ်ရပ်ကို အပြစ်ယူလိုသည့်ဘက်မှ မကြည့်ဘဲ သည်းခံ ခွင့်လွှတ်သည့်ဘက်က ချဉ်းကပ်ရူမြင်တတ်လျှင် အကောင်းဆုံးဖြစ်၏ ။
ခွင့်လွှတ်သည်းခံခြင်း အလုပ်မှာ အပြောလွယ်သလောက် ပြုရင် လွယ်လှသည်ကား မဟုတ်ပေ ။
နာကြည်းခြင်း ၊ မခံမရပ်နိုင် ခံပြင်းခြင်းတို့မှာ စိတ်၏ ခံစားမှုသာ ဖြစ်သဖြင့် ရူပ်၏ ခံစားမှုမဟုတ်ပေ ။
စိတ်က ခွင့်လွှတ်သည်းခံလိုကလည်း ခွင့်လွှတ် သည်းခံလို့ရ၏ ။ သည်းခံလိုက်သောအခါ ခံစားနေရသည့် ဝေဒနာသည် ခွင့်လွှတ်စိတ်ကြောင့် ပေါ့ပါးသက်သာသွားလေသည် ။
သည်းခံခြင်းက စိတ်ဓာတ်ရင့်ကျက်မှုအတွက် လျှော့ချပစ်နိုင်စွမ်းလည်း ရင့်သန်လာစေ၏ ။
သည်းခံခြင်းမှာ ဒါနကုသိုလ်တစ်မျိုး ဖြစ်သည် ။
မုသားဆိုသူကို သစ်စာဆိုသူ အမြဲနိုင်၏ ။
စေးနှဲသူကို ပေးကမ်းသူ အမြဲနိုင်၏ ။
မကောင်းပြောသူကို အကောင်းပြောသူ အမြဲနိုင်၏ ။
အမျက်ထွက်သူကို သည်းခံသူ အမြဲနိုင်၏ ။
အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးစလုံးတွင် အကျိုး ရှိလေသည် ။
လူ့ဘ၀တွင်...
အနာရောဂါ ကင်းခြင်းသည် အကြီးဆုံး လာဘ်ဖြစ်၏ ။ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံး အဆင်တန်ဆာဖြစ်၏ ။ အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံးလက်နက်ကိုဆောင်ခြင်း ဖြစ်သည် ။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်မှာ တစ်ပါးအပါအ၀င် ဖြစ်ခဲ့သော သည်းခံခြင်း တရားရှိလျှင် ကုသိုလ်ဖြစ်ချေ၏ ။

Labels:
articles
ဖေမြင့်(ဆရာဝန် ပါဝင်ခဲ့ရသော....)
"မဖြစ်ဘူးဒေါက်တာ၊ မဖြစ်ပါဘူး၊ ကွှန်မဘယ်နည်းနဲ့မှ ကလေးယူလို့ မဖြစ်ပါဘူး"
အချိန်က ညနေ လေးနာရီ။ လူနာကြည့်၍ အကောင်းဆုံးအချိန်မျိုး ဖြစ်သည်။ ကွှန်တော့်အား အကျောက်အကန် ပြောနေသည့် အမျိုးသမီးမှာ အရပ်အမောင်းကောင်းကောင်း၊ ရုပ်ရည်ချောမော၍ ခေတ်ဆန်သားနားသူ တစ်ဦးဖြစ်သည်။ မီးခိုးရင့်ရောင် ၀တ်စုံကို ၀တ်ထားပြီး အနက်ရောင် ဦးထုပ် လှလှလေးတွင်မူ အဖိုးတန် စိန်ကလစ် တစ်ချောင်း ထိုးထား၏။
သူမအား စမ်းသပ် စစ်ဆေးပြီးနောက် ကွှန်တော်က လက်ကို စနစ်တကျ ဆေးကြောသုတ်သင်ကာ ခြောက်သွေ့အောင် သုတ်သည်။ ပြီးလျှ;င် လက်သုတ်အ၀တ်ကို ပြန်ထားလိုက်ပြီးနောက် သူမဘက်သို့ ကွှန်တော်လှည့်သည်။
"မဖြစ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က နည်းနည်းနောက်ကျသွားပြီ ခင်ဗျ၊ ဒီကိစ္စကို အရင်နှစ်လကျော်လောက်က စဉ်းစားခဲ့ဖို့ကောင်းတာ၊ အခုတော့ ကိုယ်ဝန်က ကိုးပတ်ရှိနေပြီ၊ ခင်ဗျားကလေးဟာ ဇူလိုင် အလယ်လောက် မွေးလိမ့်မယ်"
"မွေးလို့ဘယ်ဖြစ်မလဲ ဒေါက်တာ၊ ကွှန်မကို ကူညီပါဆရာ၊ ဆရာကူညီမှ ဖြစ်မယ်"
သည်စကားမျိုး ကွှန်တော်ကြားဖူးပေါင်း များလှချေပြီ။ ဒုက္ခရောက်လာသည့် အရောင်းဈေးသည်မလေးများထံမှ ထိတ်ထိတ်ပျာပျာ ကြားရဖူးသည်။ အရှက်ကြီးရှက်နေသည့် အသက်သုံးဆယ့်ငါးနှစ်အရွယ် အပျိုကြီး၏ နှုတ်မှ သူမသစ္စာအဖောက်ခံခဲ့ရကြောင်း ရှေးပြဇာတ်ထဲက မင်းသမီးလေး၏ လေသံမျိုးဖြင့် တုန်တုန်ရီရီပြောသည်ကို ကြားရဖူးသည်။ ကွှန်မ အနုပညာဘ၀ ဘယ်နည်းနဲ့မှ အပျက်စီးမခံနိုင်ဘူးဟု နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်က မာနတင်းတင်းနှင့် ပြောသည်ကိုလည်း ကြားခဲ့ရဖူးသည်။ ထို့ပြင်လည်း ကလေးမွေးချိန် ဗိုက်နာရမှာ ကြောက်လှပါသည်၊ ကိုယ်ကာယ အလှပျက်မှာ၊ ကျန်းမာရေး ထိခိုက်မှာ၊ အသက်အန္တရာယ်ဖြစ်မှာတွေကို စိုးရိမ်လှပါသည်ဆိုသော မိခင်မေတ္တာနည်းပါးသည့် ဇနီးမယားများ၊ ခင်ပွန်းသည်၏ အချစ် လက်လွတ်ဆုံးရှုံးခံရမှာ ကြောက်လှပါသည်ဟု ပလီပလာဆိုလာသူများ စသည်ဖြင့် အမျိုးမျိုး အပြားပြားသော ဆင်ခြေများနှင့် ပြောကြားသည်ကို ကွှန်တော် ကြားခဲ့ရဖူးပါသည်။
သို့သော် ယခုကိစ္စကတော့ နည်းနည်းပို၍ ထူးခြားသည်။ လူနာ အမျိုးသမီး ဘီယာထရစ်ဂလင်ဒင်းနင်းက ကွှန်တော်နှင့် ရင်းနှီးခင်မင်သူ ဖြစ်သည်။ သူမ၏ခင်ပွန်း ဟင်နရီနှင့် သူမ၏ လူလားမြောက်နှင့်ပြီဖြစ်သော သားနှစ်ယောက်ပါ ကွှန်တော်နှင့် ရင်းနှီးကြသည်။ သူတို့မိသားစုက ချမ်းသာကြွယ်ဝသည်။ နိုက်တ်(စ)ဘရစ်ခ်ျမှာ အိမ်တစ်လုံးရှိသည်။ ဟင့်(ပ)ရှိုင်းယားမှာလည်း ကျယ်ဝန်းသော ခြံမြေတစ်ခုရှိသည်။ ဟင့်(ပ)ရှိုင်းယားခြံမှာ ငှက်ပစ်၍ ကောင်းလှသည်။ ရစ်တွေ ပေါသည်။ စနေ တနင်္ဂနွေ အားရက်များမှာ ကွှန်တော် ကြိမ်ဖန်များစွာ သွားရောက်လည်ပတ်ခဲ့ဖူးသည်။
\"ဒီမှာဒေါက်တာ.. ပိုက်ဆံသက်သက်တင် မဟုတ်ပါဘူး၊ ဒီကိစ္စ ကွှန်မရှင်းပစ်မှဖြစ်မယ်၊ အဲဒီအတွက် ကွှန်မဘာပဲ ပေးရပေးရ ပေးမှာပါ\"
သူ့စကားက အဓိပ္ပါယ်ကောက်လွဲစရာ အကြောင်းမရှိပါ။ စင်စစ် နောက်ပိုင်းတွင် ပြဿနာတွေ မျိုးစုံတက်လာမည့် အလားတူ ကမ်းလှမ်းချက်မျိုးတွေကို ကွှန်တော် ကြုံခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ဒီလောက် ပြောင်ကျကျကြီးတော့ မဟုတ်။ တစ်ခါတုန်းကလည်း ဖက်ရှင်ဝတ်စုံ လောကမှ အမျိုးသမီးလေးတစ်ယောက်နှင့် ကြုံရဖူး၏။ အခြားသော သူတစ်ယောက်နှင့် ဖောက်ပြားသဖြင့် ယောက်ျားနှင့် ကွဲခဲ့သည့် ပြင်သစ်မလေး။ ညှို့ယူဖမ်းစားတတ်သော မျက်နှာနှင့် ယဉ်ကြော့ကြော့ သွယ်လျလျ ကိုယ်ကာယပိုင်ရှင်လေး။ လှပသည့် သူ့မျက်ဝန်းထဲမှာ မျက်ရည်ဥကြီးတွေ တွဲခိုလျက်၊ သူက အတင်းရှေ့တိုးကာ ကွှန်တော့်လက်နှစ်ဖက်ကို ဆုပ်ကိုင်မည် ပြုသည်။
စင်စစ် ဆရာဝန်များသည်လည်း လူသားများသာ ဖြစ်သည်။ အခြားယောက်ျားများ နည်းတူ သဘာဝဗီဇစိတ်ကို ခဲယဉ်းစွာ ချိုးနှိမ်ကြရသော သဘောရှိပါသည်။ သို့သော် လူမှုကျင့်ဝတ်များကို ထားဦးတော့၊ သာမန်ကျိုးကြောင်းဆင်ခြင်ဉာဏ် သက်သက်ဖြင့်ပင် ကွှန်တော့်ကိုယ်ကွှန်တော် ထိန်းချုပ်နိုင်ခဲ့မြဲ ဖြစ်ပါသည်။ ဆရာဝန်တစ်ဦးသည် ကိုယ်ဝန်ဖျက်ချသော အလုပ်ကို တစ်ကြိမ်တစ်ခါ လုပ်ပေးမိသည် ဆိုလျှ;င်ပင် သူ၏လုပ်ငန်းမှာ ပြန်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားတော့မည် ဖြစ်သည်။
သို့သော် ကွှန်တော်တို့အနီး ပတ်ဝန်းကျင်၌ပင် သည်ကိစ္စကို တိုးတိုးတိတ်တိတ် လုပ်ကိုင်နေကြသူတွေ အများအပြားရှိနေသည်။ ယောက်ျားလည်း ရှိသည်။ မိန်းမလည်း ရှိသည်။ အန္တရာယ်များလှသည့် ထိုအလုပ်ကို အခကြေးငွေ မတန်တဆယူကာ လျှ;ို့လျှ;ို့ဝှက်ဝှက် လုပ်ကိုင်ပေးနေကြသည်။ သို့သော် သူတို့အတွက် ကံဆိုးမိုးမှောင်ကျသည့် တစ်နေ့ကား မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။ ဒုက္ခသည်မလေး တစ်ယောက်တစ်လေ သေဆုံးသွားသည့် ကိစ္စမျိုးမှ စတင်ကာ ဟိုးလေးတကြော်ဖြစ်ပြီး အခြေအနေအားလုံး ပျက်စီးသွားရမည်၊ နှစ်ရှည်လများ ထောင်ကျခံနေရမည်ဖြစ်သည်။
ကွှန်တော့်ထံ ရောက်ရှိလာသည့် ဖော်ပြခဲ့သည့် လူနာမျိုးများမှာ သည်ကိစ္စကြီးပြီးလျှ;င် ပြီးရောဟူသည့် သဘောမျိုးဖြင့် မျက်ကန်းတစ္ဆေမကြောက် ရောက်လာကြခြင်း ဖြစ်သည်။ စင်စစ် ယင်းသို့ တိတ်တိတ်ကျိတ်၍ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မည်မျှ;ဆိုးဝါးသော ဘေးအန္တရာယ်များ ပေါ်ပေါက်နိုင်သည်ကိုမူ စဉ်းစားသိမြင်သူ အလွန်နည်းပါးလှသည်။ ပစ္စည်းပစ္စယ ပြည့်စုံသည့် ဆေးရုံ၌ ကျန်းမာရေးဆိုင်ရာ လုပ်သင့်လုပ်ထိုက်သည့် အကြောင်းကြောင့် တရားဝင်လုပ်ကိုင်ရသည့် အခါမျိုး၌ပင် အန္တရာယ်က အနည်းနှင့် အများရှိပေသေးသည်။ အိမ်နောက်ဖေးဘက် အခန်းများတွင် မကွှမ်းကျင်သူ အကြင်နာတရားမရှိသူတို့က မသန့်ရှင်းသော ပစ္စည်းများဖြင့် လုပ်ကိုင်ကြသည့်အခါမျိုးတွင်မူ သွေးလွန်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ၀မ်းတွင်းမြှေးရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲဖြစ်ရပ်များ မလွဲမသွေ ပေါ်ပေါက်လာရသည်။
အချို့သူများမှာလည်း ဖြစ်နိုင်မည်ထင်ရသည့် မဟုတ်က ဟုတ်က နည်းလမ်းမျိုးစုံကို မကြောက်မရွံ့ လုပ်ကိုင်ခဲ့ကြပြီး ဖြစ်ကြောင်း သူတို့ကိုယ်တိုင်၏ ဖွင့်ဟပြောဆိုချက်များအရ သိရှိရသည်။ အလွန်ပူပြင်းသော ရေနွေးထဲတွင် စိမ်၍ ရေချိုးခြင်းမှသည် လှေကားပေါ်မှ လေးဖက်ထောက်၍ နောက်ပြန်ဆင်းသည် ဆိုသည်မျိုးအထိ မျိုးစုံ ကြားရဖူးသည်။ ကြံရာမရဖြစ်ကာ ပြောသံကြားဖူးသမျှ;ကို လိုက်၍လုပ်ကိုင်ကြသူများမှာ တစ်ခါတစ်ရံ ငိုအားထက် ရယ်အားသန်စရာပင် ကောင်းလှသေးတော့သည်။
သူတို့အထဲတွင် တကယ်ပင်သနားဂရုဏာ သက်စရာကောင်းသူ ကူညီဖေးမမှု လိုနေသူများလည်း ရှိကြပါသည်။ သူတို့အား ကွှန်တော် တတ်နိုင်သမျှ; ဖေးမကူညီမှု ပြုခဲ့ပါ၏။ သို့သော် ကွှန်တော့်အကူအညီကား အကြံဉာဏ်ကောင်း ပေးခြင်းမျှ;သာ ဖြစ်သည်။ သည့်ထက် လုံးဝမပိုခဲ့။
ဘီယားထရစ်ကား မျက်ကလဲဆန်ပျာ ဖြစ်တတ်သည့် မိန်းမမျိုး၊ အသိဉာဏ်ခေါင်းပါးသည့် မိန်းမမျိုး မဟုတ်ပါ။ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဉာဏ်ပညာ ဗဟုသုတ ရှိသူတစ်ဦးဖြစ်သည်။ အထက်တန်းအကျဆုံး အသိုင်းအ၀ိုင်းထဲတွင် လေးစားအသိအမှတ်ပြုမှု ခံရသူ တစ်ဦးလည်း ဖြစ်သည်။
ယခုအခြေအနေတွင် ကွှန်တော့်ဘက်က လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းကား သူ့စကားကို မသိကျိုးကွှန် ပြုရန်သာပဲ ဖြစ်သည်။ သို့နှင့် ကွှန်တော်က အကျိုးသင့်အကြောင်းသင့် နှစ်သိမ့်ပြောဆိုသော သဘောဖြင့် ပြောရသည်။
\"ဟုတ်တာပေါ့ဗျာ၊ သားနှစ်ယောက်ကလဲ အရွယ်ရောက်နေပြီဆိုတော့ နည်းနည်း ကသိကအောက် ဖြစ်စရာတော့ ရှိနေတာပေါ့ဗျာ၊ လန်ဒန်အလည်သွားမယ့် ခရီးလည်း ပျက်သွားနိုင်တာပေါ့၊ ဒါပေမယ့် ဟင်နရီကတော့ ၀မ်းသာမှာပေါ့ဗျာ\"
\"အိုရှင် .. ဒေါက်တာကလည်း နားဝေးမနေစမ်းပါနဲ့၊ ဟင်နရီက ကလေးအဖေမဟုတ်ဘူးရှင့်\"
သည်အတိုင်းဖြစ်နိုင်သည်ဟူ၍တော့ ကွှန်တော် တစ်ဝက်တစ်ပျက် မျှေ;ာ်လင့်ထားပြီးဖြစ်၏။ သို့သော် သူ့နှုတ်က ဖွင့်ပြောသည့်စကားကို ကြားရသည့်အခါမှာတော့ ကွှန်တော် ဘာမှပင် ပြန်မပြောနိုင်အောင် ဖြစ်သွားရသည်။
ဟင့်(ပ)ရှိုင်းယားသို့ ကွှန်တော်ရောက်တိုင်းပင် သူတို့မိသားစု တစ်ပိုင်းလိုဖြစ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ရလေ့ ရှိခဲ့သည်။ သူက ဟင်နရီ၏ မိတ်ဆွေ အရင်းအချာတစ်ယောက်ဖြစ်၍ ငါးမျှ;ားဖက် အမဲပစ်ဖက်လည်း ဖြစ်သည်။ လူက ပျော်ပျော်ပါးပါး နေတတ်သလို သဘောကောင်းသလို ဘာလို ပုံစံမျိုးဖြစ်၏။ ကွှန်တော်ကမူ လူပုံကို မြင်သည်နှင့်ပင် အလိုလို မနှစ်မြို့ဖြစ်မိသည်။ ဟင်နရီ၏ ဇနီးနှင့် ၎င်းတို့ ရင်းနှီးလွန်းကြောင်းကး သိသာထင်ရှားလှသည်။
\"အင်း၊ ပြဿနာပဲပေါ့လေ၊ ဒါပေမယ့် ကွှန်တော်ကတော့ ဘာမှ တတ်နိုင်မယ် မထင်ဘူးဗျာ\"
\"ဆရာ ကွှန်မကို မကူညီတော့ဘူးလားဟင်\"
\"ကွှန်တော် မတတ်နိုင်ပါဘူးဗျာ\"
ခဏမျှ; ငြိမ်သက်သွားသည်။ သူမပါးပြင်မှာ သွေးရောင်လွှမ်းလာတာ မြင်ရသည်။ ထို့နောက် ဒေါသရောင်တောက်သော မျက်လုံးများဖြင့် ကွှန်တော့်ကို ကြည့်သည်။ လက်အိတ်ကို စွပ်သည်။ လက်ကိုင်အိတ်ကို ကောက်ကိုင်သည်။
မိန်းမတစ်ယောက်အား ငြင်းပယ်လိုက်ခြင်းသည် တစ်သက်တာအတွက် ရန်သူတစ်ယောက် မွေးလိုက်ခြင်းပင် ဖြစ်သည်။
\"ကောင်းပါပြီ ဒေါက်တာ၊ နောက်ထပ် ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့\"
\"ခင်ဗျားမသွားခင် တစ်ခုတော့ ပြောချင်တယ် .. ရမ်းကု တစ်ယောက်လက်ထဲတော့ ခင်ဗျားကိုယ်ခင်ဗျား မအပ်လိုက်ပါနဲ့၊ နောက်တော့မှ နောင်တရမိလိမ့်မယ်\"
သူက ကွှန်တော့်စကားကို ကြားဟန်မရှိ။ ဘာတစ်ခုမှ မပြောတော့ဘဲ အခန်းထဲမှ တစ်ရှူးထိုး ထွက်သွားသည်။
သည်အတွေ့အကြုံအတွက် ကွှန်တော့်ရင်ထဲတွင် အော်ဂလီဆန်ချင်သလို ဖြစ်သွားမိသည်။ စိတ်က တကယ်ပင် မသက်မသာ ခံစားရမိသည်။ ကွှန်တော့်အဖို့ ဖောက်သည်ကောင်းတစ်ယောက် လက်လွှတ်လိုက်ရသလို သဘောကောင်းသော အိမ်ရှင်မတစ်ယောက် ဆုံးရှုံးခံလိုက်ရခြင်းလည်း ဖြစ်၏။ ထို့ပြင် နှစ်စဉ် ဆောင်းဦးပေါက်တိုင်း ကွှန်တော် ရနေကျဖြစ်သည့် ရစ် အဖိုအမ ခြောက်စုံခန့်ကိုလည်း သည်နှစ် ရနိုင်မည် မဟုတ်တော့။
မစ္စဂလင်ဒင်းနင်းကို ကွှန်တော် နောက်ထပ် တွေ့ရလိမ့်မည်ဟု မမျှေ;ာ်လင့်တော့ပါ။
သို့သော် ကွှန်တော် ဘယ်လောက် လွဲလိုက်ပါသနည်း။ ထိုမိန်းမ၏ တားဆီးမရနိုင်သည့် စိတ်ဓာတ်ကို ကွှန်တော် လုံးဝ အကဲမခတ်တတ်ခဲ့ချေတကား။
နောက် ဆယ်ရက်ခန့်အကြာတွင်ပင် ကွှန်တော့်ထံသို့ တယ်လီဖုန်း လာသည်။ ဆက်သူက ဂလင်ဒင်းနင်း ဖြစ်သည်။ ဘီယားထရစ်သည် အအေးမိပြီး ဖျားနေကြောင်း၊ သာမန်မဟုတ် အလွန်ဆိုးသည့် တုပ်ကွေးဖျားဖြစ်ကြောင်း ပြောဆိုပြီး ကွှန်တော့်အား ကျေးဇူးပြု၍ အမြန်ဆုံး နိုက်တ်(စ)ဘရစ်ခ်ျသို့ ကြွရောက် ကြည့်ရှုပေးပါဟု မေတ္တာရပ်ခံ လာလေသည်။ ဆက်ဆံရေး မပျက်သေးသည့်အတွက် ကွှန်တော် ၀မ်းသာသွားမိပြီး နောက်တစ်နာရီခန့် အတွင်းမှာပင် ဂလင်ဒင်းနင်းတို့၏ မြို့ပိုင်းနေအိမ်သို့ ကွှန်တော် အရောက်သွားခဲ့သည်။
ကွှန်တော့်အား ဘီယားထရစ်၏ အခန်းသို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။ လူနာနံဘေးတွင် သူနာပြုတစ်ယောက် ရှိနေသည်။ လူလတ်ပိုင်းအရွယ် တုတ်တုတ်ခိုင်ခိုင် မိန်းမတစ်ယောက်။ မျက်နှာ၇ိပ် မျက်နှာကဲ ကြည့်ရသည်မှာ စိတ်မချ မယုံကြည်ချင်စရာ။
လူနာက ခုတင်ပေါ်မှာ ပက်လက်ကလေး။ ရုတ်တရက် လှမ်းမြင်လိုက်ရသည့် အခိုက်မှာပင် ကွှန်တော်မျှေ;ာ်လင့်ထားသည့်ထက် အများကြီးပို၍ နေမကောင်းဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ လူတစ်ကိုယ်လုံး ကြောက်စရာကောင်းလောက်အောင် သွေးဆုတ်သလို ဖြစ်နေသည်။ နှုတ်ခမ်းတွေက ဖွေးဖွေးလှုပ်လျက်။ ပြီး အပြင်းဖျားနေသည့် လက္ခဏာများလည်း အပြည့်အ၀ ရှိနေသည်။
ကွှန်တော် ဇဝေဇ၀ါဖြစ်သွားသည်။ အပေါ်က ခြုံလွှာကို ဆွဲခွါကြည့်လိုက်သည့် အခါ၌မူ အဖြစ်မှန်က ဘွားခနဲ ပေါ်လာသည်။ ဟိုကိစ္စ လုပ်ထားပြီး ဖြစ်နေပြီ။ မတတ်တတတ် ပစ်စလက်ခတ် လုပ်ထားခြင်း ဖြစ်သည်။ မသန့်ရှင်းသဖြင့် ပိုးဝင်ကာ အကြီးအကျယ် မန်းတက်လျှ;က် ရှိပြီး သွေးဆင်းနေသည်မှာလည်း အနည်းဆုံး ၁၂ နာရီမျှ; ကြာခဲ့ပြီ ဖြစ်သည်။
\"ကွှန်မ အားလုံး အဆင်သင့် ပြင်ထားပါတယ် ဒေါက်တာ\"
သူနာပြု အမျိုးသမီးက ကွှန်တော့်အား ခံစားချက်ကင်းသည့် လေသံဖြင့် ပြောပြီး ဂွမ်းတို့ဖတ်နှင့် ဆေးဝတ်စများ ထည့်ထားသော ဇလုံကို ပေးသည်။
ကွှန်တော် ရုတ်တရက် အကြီးအကျယ် ဒေါသထွက်ကာ ဆက်ခနဲ နောက်ဆုတ်လိုက်မိသည်။ အခန်းထဲမှ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်သွားသည်။ သို့သော် အဘယ်မှာ ထိုသို့လုပ်နိုင်ပါမည်နည်း။ လူနာက အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေမှာ ရှိသည်။ သည်မိန်းမမိုက်အတွက် ကွှန်တော် တစ်စုံတစ်ခု လုပ်မှဖြစ်တော့မည်။ ကွှန်တော် ကျကျနနကြီး ချောင်ပိတ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။
ကွှန်တော် လုပ်စရာရှိတာတွေ စ,လုပ်သည်။ ကွှန်တော့်နည်းလမ်းက သိပ်ညှာညှာတာတာလည်း လုပ်၍မရ။ သို့သော် သူမက လုံးဝညည်းညူခြင်း ငြင်းဆန်ခြင်း မပြု။ အပြင်းထန်ဆုံး ဝေဒနာကိုပင် ကျိတ်မှိတ် မျိုသိပ် ခံရှာသည်။ သွေးဒလဟော ဆင်းနေခြင်းကို ထိန်းလိုက်နိုင်ပြီးသည့် အခါ၌ ကွှန်တော် အိမ်ပြန်ဖို့ပြင်ဆင်သည်။
လူနာက ကွှန်တော်လုပ်ကိုင်နေစဉ် တစ်လျှေ;ာက်လုံး ကွှန်တော့်မျက်နှာကိုသာ မခွာတမ်း စိုက်ကြည့်နေခဲ့သည်။ ယခု ကွှန်တော်ပြန်တော့မည် ဆိုတော့မှ သူက လေသံသဲ့သဲ့လေးဖြင့် ကြိုးစားအားယူ၍ ပြောသည်။
\"ဒေါက်တာ ကွှန်မဖြစ်တာ တုပ်ကွေးနော်၊ ဟင်နရီက တုပ်ကွေးလို့ပဲ သိထားတယ်၊ ညဘက်လည်း လာပါဦးဒေါက်တာ\"
အောက်ထပ် စာကြည့်ခန်းထဲတွင် ဟင်နရီက ကွှန်တော့်အား ရှယ်ရီတစ်ဖန်ခွက်နှင့် အသင့်စောင့်နေသည်။ ဇနီးသည်အတွက် စိုးရိမ်သောက ရောက်နေသည့် ကြားကပင် ထုံးစံအတိုင်း ဖော်ဖော်ရွေရွေ ဧည့်ဝတ်ကျေနေပေးသေးသည်။ လူက သေးသေးကွေးကွေး၊ ဟိတ်ဟန်မရှိ၊ ရှက်ရွံ့တတ်သည့် အမူအရာမျိုးသာ ရှိ၏။ ဖခင်ထံမှ အမွေအမြောက်အများ ရခဲ့သူဖြစ်ပြီး သူ့ချမ်းသာ စည်းစိမ် အများအပြားကို တစ်ပါးသူတို့၏ ပျော်ရွှင်မှုအတွက် သုံးစွဲနေသူလည်း ဖြစ်၏။ ရိုးသားပွင့်လင်း၍ ခင်မင်ကြင်နာဟန် ရှိသည့် သူ့မျက်နှာကို ကြည့်မိသည့်အခါ စောစောကပင် ကွှန်တော်ပြောမည်ဟု စိတ်ကူးခဲ့သမျှ; စကားတွေသည် နှုတ်ဖျားမှာပင် ချုပ်ငြိမ်းသွားခဲ့သည်။ သူ့ကို ကွှန်တော် မပြောနိုင်တော့။ ဘယ်နည်းနှင့်မျှ; ပြောမထွက်နိုင်တော့။
\"ဒီ တုပ်ကွေးဆိုတဲ့အကောင် အတော်ဆိုးတာဗျ နော်\"
ကွှန်တော် သက်ပြင်းချလိုက်သည်။
\"ဟုတ်တယ် ဟင်နရီ\"
\"အခု ကွှန်တော့်အမျိုးသမီး ဖြစ်တာလဲ တော်တော့်ကို ဆိုးတယ် ပြောရမှာပေါ့ဗျာ\"
\"ဟုတ်တယ်၊ ဆိုးတယ်ပြောရမှာပေါ့\"
\"သေသေချာချာ ကောင်းသွားတဲ့အထိ ကြည့်ပေးပါ ဒေါက်တာ\"
ခဏငြိမ်သက်နေသည်။
\"ကြည့်ပေးပါ့မယ်ဗျာ၊ ကောင်းသွားတဲ့အထိ ကွှန်တော် ကြည့်ပေးပါ့မယ်\"
ထိုနေ့ ညနေပိုင်းတွင် ကွှန်တော် တစ်ကြိမ် ထပ်ရောက်သည်။ နောက်ထပ် ဆယ်ရက်ခန့် နေ့စဉ် တစ်ရက်နှစ်ကြိမ် မှန်မှန်သွားကြည့်သည်။ လူနာအခြေအနေက နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်သည့် အနေအထားမျိုးဖြစ်ရာ အမြဲသတိထား စောင့်ကြည့်နေရသည်။
ဟင်နရီမသိအောင် ဖုံးကွယ်ရသည့် ကိစ္စတွင်မူ ကွှန်တော်လည်း ပါဝင်သွားခဲ့သည်ဟု ဆိုရပါမည်။ သို့သော် တကယ့်လှည့်ကွက်များကိုကား ဘီယားထရစ်နှင့် သူနာပြု အမျိုးသမီးတို့က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဟင်နရီဂလင်ဒင်းနင်းကား တစ်ချိန်လုံး အိမ်တွင် အတူနေကာ ညတိုင်းလည်း လူနာခန်းနှင့် ကပ်လျက် အခန်းတွင် အိပ်နေပါလျက် တကယ့်ရောဂါ အစစ်အမှန်ကို တစိုးတစိမျှ;ပင် မရိပ်စားမိခဲ့ချေ။ ပြော၍ယုံနိုင်စရာပင်မရှိ။ သို့သော် တကယ်မသိခဲ့သည်ကား အမှန်ပင်ဖြစ်သည်။
လကုန်ပိုင်းလောက်တွင် နောက်ဆုံးအခေါက်အဖြစ် ကွှန်တော် သွားရောက်ရသည်။ ဘီယားထရစ်က ထနိုင်နေပြီ။ ဇာဖြူ အနားတပ် နှင်းဆီသွေးရောင် လက်ဖက်ရည်ပွဲ ၀တ်စုံကို ဆင်မြန်းကာ ဧည့်ခန်းဆိုဖာ၌ ထိုင်နေပုံမှာ အလှကျက်သရေ ဖြာဝေနေသကဲ့သို့ ရွှင်ပျလန်းဆန်းဟန်လည်း ပေါ်လွင်လှ၏။ တစ်ခန်းလုံးတွင်လည်း ပန်းတွေ ဝေ၍နေပေသည်။ ဇနီးသည်အား မြတ်နိုးမြဲ မြတ်နိုးဆဲ ဖြစ်သည့် ဟင်နရီကား အထူးဝမ်းသာ ရွှင်လန်းလျက်ရှိပြီး ကြင်နာယုယ၍ မဆုံးနိုင်အောင် ရှိနေလေတော့သည်။
လက်ဖက်ရည်ပွဲကို သပ်ရပ်သန့်ပြန့်သည့် အိမ်စေတစ်ယောက်က ယူဆောင်တည်ခင်းပေးသည်။ မျက်နှာကြောတင်းတင်းနှင့် သူနာပြု အမျိုးသမီးကား မရှိတော့တာ အတော်ကြာပြီဖြစ်၏။
ကိတ်မုန့်တစ်ချပ်ကို လက်ထဲတွင် တကိုင်ကိုင်လုပ်နေရင်း ဘီယားထရစ်က အလိုဆန္ဒ ပြည့်ဝသေးဟန်မတူသည့် မျက်လုံးများဖြင့် ကြည့်၍ပြောသည်။
\"နောက်အပတ်ကျရင် ဟင်နရီက ကွှန်မကို မဒီရာကို ခေါ်သွားမယ်တဲ့ ဒေါက်တာ၊ သူက ကွှန်မအတွက် အပြောင်းအလဲ တစ်ခုခု ရှိသွားအောင် လုပ်ပေးရမယ်တဲ့\"
\"ဟုတ်တယ်၊ ဒါလင့်မှာ လိုအပ်နေတာကိုး\"
\"ကျေးဇူးတင်ပါတယ် မောင်ရယ်\"
ဘုရား .. ဘုရား .. တတ်လည်းတတ်နိုင်သည့် မိန်းမပါတကား။ သွေးအေးအေးနှင့် စနစ်တကျ ကြံစည်ကာ ပက်ပက်စက်စက် လိမ်လည် လှည့်ဖြားတတ်သော မိန်းမမျိုး၊ အလွန်တရာ သစ္စာမဲ့သော မိန်းမမျိုးပါတကား။
\"ပထမတစ်ပတ်တော့ ကွှန်မတို့နှစ်ယောက်တည်း အတူတူပေါ့လေ\"
သူက လေသံချိုချိုဖြင့် ဆက်ပြောနေပြန်သည်။
\"ဒုတိယ ဟန်းနီးမွန်းပေါ့၊ နောက်တော့ ဂျော့ခ်ျလိုက်လာမယ်၊ သူ့ကိုတော့ ကွှန်မတို့ နှစ်ယောက်လုံး သိပ်ခင်ကြတယ်လေ\"
သူမ၏ မျက်လုံးများက ကွှန်တော့်ကို မခွာတမ်း စိုက်ကြည့်လျက် ရှိနေသည်။ စကားသံက တစ်ချက်ကလေးမျှ;ပင် ထစ်ငေါ့သွားသည်မရှိ။
\"လက်ဖက်ရည် ယူပါဦး ဒေါက်တာရဲ့၊ ကွှန်မတို့ ပြန်ရောက်တဲ့အခါ အလည်လာပြီး ငှက်အတူ ပစ်ရဦးမယ်နော်\"
ကွှန်တော်ပြန်မည်ပြုတော့ ဟင်နရီက တံခါးဝအထိ လိုက်ပို့ပြီး ကွှန်တော့်ကို လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်သည်။
\"ဒေါက်တာ အခုလို ဂရုစိုက် ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီတုပ်ကွေးဆိုတဲ့ အကောင်က အတော့်ကို ဆိုးတာဗျနော်\"
သူက မှတ်ချက်ချလိုက်သေးသည်။
ကွှန်တော်က ကင်ဆင်တန်ပန်းခြံကို ဖြတ်ကာ အိမ်သို့ လမ်းလျှေ;ာက်ပြန်လာသည်။ တစ်လမ်းလုံး အံတကြိတ်ကြိတ်နှင့် တစ်ယောက်တည်း မြည်တွန်တောက်တီး လာခဲ့မိသည်။
\"ခွေးမသား တော်တော် အသုံးမကျတဲ့ သတ္တ၀ါ၊ ဒီလောက် .. .. .. သုံးမကျတဲ့ သတ္တ၀ါမျိုးကွာ\"
သို့သော် နိုဝင်ဘာလတွင်ကား ကွှန်တော့်စံချိန်အတိုင်း ရစ်အဖိုအမ ခြောက်စုံ ကွှန်တော်ရရှိခဲ့ပါသည်။ တကယ် နူးညံ့ အရသာရှိလှသည့် သတ္တ၀ါများပင်။
စာရေးဆရာ ခရိုနင်(A.J Cronin)၏ ဆောင်းပါးများနှင့် ၀တ္ထုများကို စုစည်းဖော်ပြထားသည့် ဖေမြင့် ၏ ဘ၀ဒဿန ရသစာများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
ဒီမယ်… မိတ်ဆွေတို့… ကျွန်တော့်နာမည်က "အံ့ထူးကျော်"ပါခင်ဗျာ၊ ဒါပေမယ့် အများတကာကတော့ "ကျောက်ဖြုံးကျော်ကြီး"လို့သာ ခေါ်ကြသဗျ။ ကျွန်တော်တို့မြို့ကလေးမှာ ကျွန်တော် ၄-နှစ်သားအရွယ်လောက်က ကျောက်ရောဂါစဖြစ်တာ ကျွန်တော်နေတဲ့ မြို့ပြင်သုဿာန်အနီးရှိ နိဗ္ဗာန်ရပ်ကွက်ဟာ အဆိုးရွားဆုံး ခံရပါတယ်။ ကျွန်တော်တို့မိသားစု အဖေအမေနဲ့ ညီမလေး နှစ်ယောက်စလုံး သေကုန်ကြပါတယ်။ ကျွန်တော်သာ ထူးထူးကဲကဲ အသက်မသေဘဲ ကျန်ခဲ့တဲ့အတွက် သုဿာန်ကျောင်းဆရာတော် ကျွန်တော့်ဘကြီးက ကျွန်တော့်ကို ကောက်ယူမွေးစားပြီး "အံ့ထူးကျော်"လို့ နာမည်ပေးပါတယ်။ ဒါပေမယ့် ဆိုခဲ့တဲ့အတိုင်း အရပ်ကတော့ ကျောက်ဖြုံးကျော်ကြီးလို့ပဲ ခေါ်နေကြတော့ ဘဘုန်းကြီးပေးတဲ့ "အံ့ထူးကျော်"ဟာဖြင့် အသက် ၁၂၀-ရှည်စေသတည်းဆိုတဲ့ ဇာတာခွင်မှာ ပေထက်အက္ခရာ အဖြစ်သာ ရှိနေပါတော့တယ်။ ကျွန်တော်တို့ရပ်ကွက်ဟာ ဆင်းရဲသားရိပ်မြုံကြီးဖြစ်လို့မို့ လက်လုပ်လက်စား လူတန်းစား အမျိုးမျိုး ရှိပါတယ်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်၊ လမ်းလျှောက်ပျံကျဈေးသည်၊ ပန်းရံ ကူလီကအစ သူတောင်းစားနဲ့ ပြည့်တန်ဆာမ အဆုံး အို… စုံလို့… စုံလို့။ မစုံခံနိုင်ရိုးလား၊ သားသတ်ရုံ၊ သားရေစိမ်အလုပ်ရုံ၊ မုန့်ဟင်းခါးဖို စတဲ့ နံစော်ညစ်ပတ်တဲ့အလုပ်ရုံတွေကို မြူနီစပယ်က မြို့ပြင်မှာ ထားလေးတော့ ကျွန်တော်တို့ စံဌာနေဟာ "နိဗ္ဗာန်ရပ်ကွက်" ဆိုတာနဲ့ ဆန့်ကျင်ဘက်၊ သူ့အလုပ်ရုံနဲ့၊ သူ့အလုပ်သမားနဲ့၊ အုံးအုံးကျက်ကျက် စည်စည်ကားကားပါပဲ။ အဲသည်ရပ်ကွက်ဆိုတဲ့ အဲသည်လူတွေက ကျွန်တော့်ကို ကျောက်ကြီးရောဂါပေါက်ပြီး ကျောက်ပေါက်မာတွေ ဗလဗွေနဲ့ မသေဘဲ ရုပ်ပျက်ဆင်းပျက် ကျန်ခဲ့တဲ့အတွက် ကျောက်ရူးရှိတယ်ထင်ကြပြီး အမျိုးမျိုး စကြ နောက်ကြ ပြောင်ကြ လှောင်ကြ လုပ်ကြပါတယ်။ သူတို့က ကျွန်တော့်ကို အရူးအပေါရယ်လို့ ခင်မင်လို့ စကြပေမယ့် တခါတလေ ကျွန်တော့်မှာ တော်တော်ဒုက္ခတွေ့ရပါတယ်။ ပြောရဦးမယ်။ ကျွန်တော် ငယ်စဉ်ကဆို ကျောင်းမှာ သူငယ်ချင်းတွေက "မြို့လယ်ဘုရားက ခြင်္သေ့ကြီး ဖင်တုန်နေတယ်။ ဟေ့ ကျော်ကြီး မင်းသွားကြည့်စမ်း"ဆိုတော့ အဟုတ်မှတ်ပြီး သွားကြည့်မိတာ ပြန်လာတော့ ဘုန်းကြီးက စာသင်နေတုန်း ကျောင်းပြေးကောင်းလားဆိုပြီး ရိုက်လိုက်တာ လူကို သေလုရောလားခင်ဗျာ။
တစ်ခါလဲ ဘုန်းကြီးကခိုင်းလို့ ဈေးကိုသွားတာ ဈေးဝနားရောက်တော့ ခွေးအူသံကြားရတယ်။ ခွေးသံကလဲ ရိုးရိုးခွေးမျိုး မဟုတ်ဘူး။ ဆွဲဆွဲငင်ငင် ကြောက်စရာကြီး၊ မကောင်းဆိုးရွားအသံမျိုး။ ဒါနဲ့ ကျွန်တော် ရှေ့မတိုးဝံ့တောဘဲ ပြန်ပြီး သုတ်ခြေတင်ခဲ့တော့ နောက်က တဟားဟားနဲ့ ရယ်မောတဲ့အသံတွေ ကြားရတယ်။ ဒီတော့မှ ကျွန်တော်ရပ်ပြီး ပြန်ကြည့်လိုက်တော့ လား-လား ဈေးဂျပိုးလေး ဖိုးထူးရယ်ဗျာ။ သူက ကျွန်တော်ခွေးရူးကြောက်တတ်မှန်း သိတာနဲ့ ဈေးရှေ့လူပုံလယ်မှာ ခွေးလိုအူပြီး ကျွန်တော်ကို အရှက်ခွဲတာကိုးဗျ။ ပြီးတော့ သူကပြောသေးတယ်။ "အောင်မာ ကျောက်ရူးကများ ခွေးရူးကြောက်တယ်လို့ဘဲ၊ ကျောက်ရူးနဲ့ခွေးရူး ဘာခြားနားသလဲ"။ ဘယ့်နှယ် ခွေးရူးမကြောက် ဘယ်သူရှိပါ့မလဲခင်ဗျာ။ ဘဘုန်းကြီးက ပြောဖူးတယ်။ ခွေးရူးများ ကိုက်ရင် နာရီတစ်ပတ်ပြန်ရန် ဂန့်-ဂန့် နဲ့ ပါးစပ်က အမြှုပ်တွေထွက်ပြီး သေတာဘဲ။ ဆေးမရှိဘူးတဲ့။ ကဲ- ဒါကိုကြောက်တာ အရူးမို့လားဗျ။ ဒါထက်ဆိုးတဲ့အဖြစ် ရှိသေးတယ်။ တစ်နေ့ နေ့လည်ပေါ့ဗျာ။ ကျွန်တော့်လိုပဲ မိဘမရှိလို့ ဘုန်းကြီးကျောင်းမှာ နေရတဲ့ ဘ၀တူ ဆိတ်သိုးဆိုတဲ့အကောင်ဟာ အမောတကောပြေးလာပြီး "ဟေ့ကောင် ကျောက်ကြီး နွားခြံနားက စက်ချုပ်တဲ့ အပျိုကြီး မဂျမ်းစိန်ရယ်လေ - ၀က်ကလေး မွေးနေတယ်တဲ့ဆရာ… သွားကြည့်စမ်း" ဆိုတော့ ကျွန်တော်က အံ့အားသင့်ပြီး… "ဟင်… သူ့မှာ လင်မရှိဘဲနဲ့" "ဟ.. ကောင်ရ လင်မရှိကော ၀က်မမွေးရတော့ဘူးလား။ မင်းကို ဒါကြောင့် လူတွေက အရူးလို့ပြောကြတာ" တကယ်တော့ ကျွန်တော့်ကို အရူးလို့ပြောကြတာ မခံချင်ပါဘူး။ ဒါကြောင့်… "အေး… မင်းပြောတာ ဟုတ်မဟုတ် ငါသွားကြည့်မယ်" ဆိုပြီး ဘုန်းကြီး အလစ်ထွက်ခဲ့ပြီး မဂျမ်းစိန်အိမ်ရှေ့မှာ မယောင်မလည်နဲ့ အသာချောင်းကြည့်နေတာ၊ ခဏကြာတော့ မဂျမ်းစိန်ဟာ ၀က်ဖြူဖြူငယ်ငယ်လေးတစ်ကောင် ပိုက်ပြီး အိမ်နောက်ဖေးက ထွက်လာတာ တွေ့တာနဲပ ကျွန်တော်က ဆိတ်သိုးပြောတာတော့ ဟုတ်နေပြီလို့ ပိုသေချာအောင် မဂျမ်းစိန်ကို လှမ်းမေးလိုက်တယ်။ "ဗျို့ - အမကြီး မဂျမ်းစိန်၊ ဒါ ခင်ဗျားမွေးတဲ့ ၀က်လေးလားဗျ…" "ဒါပေါ့ဟဲ - သေနာကောင်လေးရဲ့" "ဟင်… ခင်ဗျားကလဲ လင်မရှိဘဲနဲ့ ခလေးမွေးလဲ လူကလေးမွေးရောပေါ့ဗျာ၊ ခုတော့ ၀က်ကလေး မွေးရတယ်လို့ပဲ၊ လူတွေက ခင်ဗျား တစ်လွဲထင်မကုန်ကြပေဘူးလားလို့…" ဒီတော့ မဂျမ်းစိန် ဒေါပွပြီး… "ဟာ… ဒီသေနာကျ ကျောက်ရူး၊ ငါ့ကို ဘာတွေ လာပြောနေတာလဲ၊ ဒီဝက်က ငါ့ဗိုက်ထဲက ထွက်လာတာမဟုတ်ဘူးဟဲ့။ ငါ့ပိုက်ဆံနဲ့ ငါဝယ်မွေးတာ၊ ကောင်စုတ်ကလေး၊ အရူး - အရူးနဲ့ အိမ်ဦးလာ ချီးပါတယ်၊ ကဲဟယ် - ကဲဟယ် - ငါ့လာနောက်အုံး" ဆိုပြီး ၀င်းဘေးထောင်ထားတဲ့ တံခါးဂလန့်နဲ့ လိုက်ရိုက်တာ လူကို မူးဝေ ဖူးရောင်သွားတာဘဲ။ ဒီတစ်ခါတော့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ဘယ့်နှယ်ဗျာ၊ ကိုယ်နဲ့ဘ၀တူ ဘုန်းကြီးကျောင်းကပ်နေရတဲ့ မိဘမဲ့အချင်းချင်း ဒီလိုဂျောက်တွန်းတာ ကောင်းရဲ့လားခင်ဗျာ၊ ဒါနဲ့ ဘုန်းကြီးကျောင်းပြန်ရောက်တော့… "ဟေ့ကောင်ဆိတ်သိုး၊ မင်းက ငါ့ ဂျောက်တွန်းလွှတ်တယ်ပေါ့လေ၊ ကြည့်စမ်း ခုငါ့မှာ အပျိုကြီးဆော်လွှတ်လိုက်တာ ခေါင်းမှာ ချိုတွေတောင် ထွက်ကုန်ပြီ၊ ငါ ဘုန်းကြီးသွားလျှောက်မယ်" ဆိုတော့ ဆိတ်သိုးက စပ်ဖြီးဖြီးနဲ့… "အောင်မယ် ငါက ဘာဂျောက်တွန်းသလဲ၊ နို့ မဂျမ်းစိန်အိမ်မှာ ၀က်ကလေး မတွေ့ခဲ့ဘူးလား…" "ဒါ သူ့ဗိုက်ထဲက မွေးတာ မဟုတ်ဘူးတဲ့။ ပိုက်ဆံနဲ့ ၀ယ်မွေးတာတဲ့…" "အေးလေ မင်းငါက မဂျမ်းစိန် ၀က်ကလေးမွေးတယ်ပဲ ပြောတာပဲ၊ သူ့ဗိုက်ထဲက မွေးတယ် မပြောရပါလား…" ကျွန်တော့်ဘ၀ကို ကျွန်တော် စိတ်ကုန်လောက်အောင် အကျီစားခံလိုက်ရတာကတော့ ကျွန်တော်အင်မတန်ချစ်တဲ့ ဘဘုန်းကြီးနှမအရင်းက မွေးတဲ့ ကျွန်တော့် တစ်ဝမ်းကွဲညီမလေး ပိုးမြပေါ့ခင်ဗျာ။ သူဟာ ငယ်စဉ်တုန်းကတော့ သူတကာတွေ ကျွန်တော့်စ ရင် သူကပဲ ကက်ကက်လန်အောင် ရန်တွေ့လွှတ်တတ်ပါတယ်။ နောက်တော့ ကျွန်တော်လဲ လူပျိုပေါက်၊ သူလဲ အပျိုဖျန်းလေး ဖြစ်လာရော၊ လူချင်းအနေဝေးသွားကြပါတယ်။ သူ ၄-တန်းအောင်တော့ ကျောင်းကထွက်ပြီး သူတို့အိမ်မှာမွေးတဲ့ နွားတွေ အစာကျွေး၊ နို့ညှစ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ တခါတလေ လမ်းမှာတွေ့ကြမှ မေးထူးခေါ်ပြောလောက်ပါပဲ။ ဒီအချိန်မှာ ကျွန်တော်ကလဲ ကျောင်းကထွက်ပြီး မုန့်ဟင်းခါးဖို တစ်ခုမှာ အလုပ်ဝင်လုပ်နေရပါပြီ။ မုန့်ဖိုက စက်ဖိုမဟုတ်ဘူး။ လက်ဖိုဆိုတော့ မုန့်ကြိတ်ရ၊ ကျိုရ၊ ညှစ်ရနဲ့ အင်မတန် ပင်ပန်းပါတယ်။ နို့ပြီး မုန့်တွေကို တောင်းတစ်လုံးနဲ့ ထမ်းပြီး မုန့်ဟင်းခါးဆိုင်တွေကိုလဲ လိုက်ပို့ရတယ်။ တစ်နေကုန် အားတယ်မရှိပါဘူး။ တစ်နေ့သော မနက်စောစောမှာ မုန့်ဟင်းခါးဆိုင်တစ်ခု မုန့်သွားပို့ပြီးအပြန် ပိုးမြတို့အိမ်ရှေ့ရောက်တော့ သူတို့ခြံထဲမှာ ပိုးမြရယ်၊ သူတို့အိမ်က ငှားထားတဲ့ ဇေဇဘာရီ ကုလားကပြားလေး မန်ဇူးရယ်၊ နွားမတစ်ကောင်ကို နို့ညှစ်ဖို့ လုပ်နေရာက ပိုးမြက ကျွန်တော့်လှမ်းမြင်တော့… "ဟော… ကျော်ကြီးရေ အဆင်သင့်ပဲ၊ ဒီမှာ တို့နွားမ နို့ညှစ်မရတာနဲ့ လာကူစမ်းပါကွာ" "အေး… ဘယ်လိုကူရမှာလဲ၊ ငါက မုန့်ဟင်းခါးပဲ ညှစ်တတ်တာ၊ နွားနို့မှ မညှစ်တတ်ဘဲ" "နို့ညှစ်ခိုင်းဖို့ မဟုတ်ပါဘူး။ ဒီနွားမက နို့ကြောင်းပိတ်နေလို့၊ လက်နဲ့ညှစ်မထွက်ဘူး၊ မိန်းမတွေ နို့ချောင်းပိတ်ရင်တော့ အားသန်သန်လူတစ်ယောက်ကို စို့ခိုင်းရင် နို့ကြောင်းပွင့်တာပဲတဲ့၊ ဒါကြောင့် ဒီနွားမကို ကျော်ကြိးက စို့ပေးပါလားကွာ၊ မင်းက အားသန်တယ်မဟုတ်လား"လို့ ပြောပြီး သူ့ဇေကောင်လေးကို မျက်စလေးချီ ပြုံးပြတော့ ကျွန်တော်က- "ဟဲ့… ပိုးမြရဲ့ သူ့ကို နင်တို့ငှားထားတာ ဘာလုပ်ဖို့လဲ၊ သူ့စို့ခိုင်းပါလား၊ ငါ့မှာ အချိန်မရှိဘူး၊ သွားတော့မယ်" ဆိုတော့ ပိုးမြက ကျွန်တော့်ကို လက်ဖမ်းဆွဲပြီး- "အို… ကျော်ကြီးကလဲ သူ့စို့ခိုင်းတာ မရလို့ပေါ့၊ ကြည့်ပါလား၊ သူက ပိန်ပိန်သေးသေးလေး၊ ကျော်ကြီးလို ဗလမကောင်းတော့ အားမရှိဘူးပေါ့။ အစ်ကိုတစ်ယောက်လုံး လုပ်နေပြီး ဒီလောက်ကလေးမှ အားမကိုးရဘူး" ဒီလိုဆိုတော့လဲ ကျွန်တော့်ဗလ ကျွန်တော်ကြည့်ပြီး အင်း-ဟုတ်ပေသားရယ်လို့ ဘာမှ အထူးအထွေ ပြောမနေတော့ဘူး။ နွားမနောက်က ပေါင်နှစ်လုံးကြားထဲ ခေါင်းလျှိုပြီး နို့သီးနဲ့ ပါးစပ် တပ်ရုံရှိသေး၊ တကတဲဗျာ- သောက်ကမြင်းမ နွားမ၊ ကျွန်တော့်မျက်နှာ တအားကန်ထည့်လိုက်တာ လူ့ကို ပက်လက်လန်လဲကျပါရောလား။ ဒါတင်မကသေးဘူး၊ ပက်လက်လန်နေတဲ့ ကျွန်တော့်မျက်နှာပေါ် နွားမက သေးတဖြန်းဖြန်းနဲ့ ပါချလိုက်သေးဗျ၊ ပြီးတော့ ချေးတွေလဲ ယိုချသဗျ။ အဲဒါကို ကျွန်တော့်ညီမ ပိုးမြနဲ့ ဟို ကောင်လေးက အားရပါးရ ရယ်နေကြပြီး နှမတော် ပိုးမြက ဘယ်လိုပြောလိုက်သေးသလဲဆိုရင် - "ကဲ… ငါပြောတာ တွေ့ပြီမဟုတ်လား၊ သူက ကျောက်ရူးလူပေါဟဲ့၊ ဘာမှ သိတာမဟုတ်ဘူး" တဲ့။ ဒီလို ကိုယ့်နှမကအစ ကိုယ့်အပေါ် အထင်သေးကြတော့ ကျွန်တော် ဒီအရပ်မှာ မနေချင်တော့ဘူး။ ဒိပြင် ကျွန်တော့်ကို အရူးလို့မထင်ဘဲ လူကောင်းတစ်ယောက်လို ဆက်ဆံကြမယ့် အခြားမြို့တစ်မြို့ကို သွားနေဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် တရပ်တကျေး သွားနေမယ်ဆိုတော့ လက်ထဲ ငွေကလေး ထုပ်ထုပ်ထည်ထည်ပါဦးမှ၊ ဒါကြောင့် အသင့်အတင့် စုဆောင်းမိအောင်လို့ အောင့်အည်းနေလိုက်ပါတယ်၊ သို့သော် ဒီအရပ်က မခွာဖြစ်နိုင်တဲ့ အကြောင်းတစ်ရပ်က ဖန်လာပြန်တော့တယ်။ ဘယ်လိုလဲဆိုတော့ အရပ်ထဲက ကာလသားခေါင်းနဲ့ ကာလသားတစ်သိုက်က ကျွန်တော့်ကို မိန်းမယူဖို့ နားချနေကြတယ်။ သူတို့ပြောတဲ့ ကောင်မလေးက သုဿာန်အုတ်နံရံကို အဖီလေးချပြီးနေတဲ့ မိန်းကလေးပဲ။ သူ့မှာ နှစ်ခါလည်ကျော် ကလေးတစ်ယောက်ရှိတယ်။ လင်ယောက်ျားတော့ မရှိဘူး။ သူ့အလုပ်က တောက်တိုမယ်ရပဲ၊ အများအားဖြင့် တိုက်တွေ ဘာတွေ ဆောက်တာမှာ မဆလာသယ်တယ်၊ ရုပ်ကလေးက သနားကမား၊ ဒါပေမယ့် လျှာချောင်တယ်၊ ပါးစပ်ကြမ်းတယ်။ ဒါကို ကာလသားခေါင်း ကိုဖိုးချိန်ကြီးက - "ဟေ့ကောင် ကျော်ကြီး၊ လုံးတင်က မင်းဗလကြီးကို သဘောကျလို့တဲ့ကွ၊ တစ်နေ့က ငါ့ပြောတယ်။ သူနဲ့သာဆိုရင် မယ်တစ်ရွက် မောင်တစ်ထမ်းနဲ့ သိပ်ဟန်ကျမှာပဲတဲ့။ အဲဒီလောက်တောင် စကားခေါ်နေမှ ဂျီးများမနေနဲ့တော့ကွာ၊ မင်းမလဲ အခြေတကျဖြစ်ကရော၊ ကောင်မလေးလဲ အားကိုးအားထားရကရော၊ နို့မို့ သူတစ်ယောက်ထဲ နေရတာ အပျိုလေးတန်မဲ့နဲ့" ဒီတော့ ကျွန်တော်က- "ဟင်း ဘယ်က အပျိုရမှာလဲ၊ ကလေးတစ်ယောက်နဲ့ဟာပဲ၊ ဒီကောင်လေးကလဲ ဆိုးပါဗျာ" "အား- အဲဒါ သူ့မောင်လေးကွ၊ လုံးတင် ၁၅-နှစ် သမီးလောက်ကတည်းက သူတို့မိဘများဆုံးတော့ ဆွေမျိုးမရှိဘူး၊ တစ်ကောင်ကြွက်ကွ၊ ဒါကြောင့် ဒီကောင်လေးကို သူပဲ ရှာဖွေကျွေးမွေးနေရတာ၊ ဒို့အစိုးရကျောင်းဆောက်နေတဲ့ ပန်းရံဆရာ ကိုမွတ်တားက ဟိုမြို့က ပြောင်းလာတော့ သူတို့မောင်နှမပါ သနားလို့ခေါ်လာတာ၊ ဒီရောက်တော့ ဒီကောင်မလေးကလဲ အာဂသတ္တိကွ၊ ဘယ်သူ့အိမ်မှ မခိုဘဲ သူ့ဘာသာ သူ ခုလို တဲကလေးထိုးနေတာသာကြည့်၊ မင်းအထင်မလွဲနဲ့၊ အပျိုမှ အပျိုအစစ်" "ဟာ.. ခင်ဗျားတို့ အရပ်ပျက်မ အပျိုစစ်ပေမယ့် ကျွန်တော်မလိုချင်ပါဘူးဗျာ" လို့ လွှတ်ခနဲ ပြောလိုက်မိပြီးတော့ ကိုဖိုးချိန်ကြီးက ဒေါပွပြီး - "ဟိတ်… ဘာကွ၊ သူများသမီးပျိုကို သွားပုပ်လေလွင့်မပြောနဲ့၊ ငါသူကြီး သွားတိုင်ရင် သရေဖျက်မှုနဲ့ တရားစွဲလို့ ထောင်တစ်သက် လွတ်ရက်မရှိ ကျနေအုံးမယ်၊ ငါက ကောင်းတယ်ထင်လို့ စီမံပေးတာ၊ မင်းက ငါ့ကို အာဏာဖီဆန်တဲ့ သဘောလားကွ ဟင်၊ မင်း လုံးတင်ဆီ သွားရင်သွား၊ မသွားရင်တော့ ငါနဲ့အသိပဲ" ဒီလိုဆိုတော့ ကျွန်တော် သူ့ကိုကြောက်တယ်၊ ဒါကြောင့် ကျွန်တော် နောက်တစ်နေ့ညနေမှာ လုံးတင်ဆီကို ကြောင်းလမ်းရအောင် သွားရတယ်၊ ကျွန်တော့်နောက်က ကာလသားတွေ ဟေးလားဝါးလားနဲ့ အားပေး အားမြှောက် ပါလာကြတယ်၊ လုံးတင်ကို သူ့တဲရှေ့မှာ လှန်းထားတဲ့ အ၀တ်တွေ ရုပ်နေတာ တွေ့ရတယ်။ လုံးတင်က ကျွန်တော့်ကိုမြင်တော့ ခါးထောက်လိုက်ပြီး - "အမယ်… ဘယ်သူများလဲလို့၊ လက်စသတ်တော့ ကုသမင်း ကြွလာတော်မူသကိုး" ကျွန်တော်က ရှက်လို့ ဘာမှ ပြန်မပြောနိုင်ပါဘူး။ ခေါင်းငုံ့ပြီး မြေကြီးကိုပဲ ခြေမနဲ့ ကုတ်ခြစ်နေမိပါတယ်။ ဒီတော့ လုံးတင်က- "ကိုယ်တော် ရှက်တော်မူသဖြင့် အတွင်းဆောင်သို့ ကြွတော်မူပါ"လို့ သူကြည့်ဖူးတဲ့ ဇာတ်တွေထဲက မင်းသမီးဟန်ပါပါ ပြောတယ်။ သူညွှန်းတဲ့အတိုင်း သူ့တဲအဖီကလေးထဲ ၀င်မိတယ်ဆိုရင်ပဲ ကျွန်တော်ကို ထင်းရှူးသေတ္တာတစ်လုံးပေါ် ထိုင်ခိုင်းပြီး- "ကဲ… ဘာကိစ္စ" "ဟို… ဟို" ကျွန်တော် အထစ်ထစ် ဖြစ်နေပြီးမှ "ကိုဖိုးချိန်ကြီး စီမံတဲ့ကိစ္စပဲ" "သြော်.. ဒါလား၊ ဒါဆိုရင်တော့ ငွေငါးဆယ် တင်ရလိမ့်မယ်၊ နောက် ကာလသားတွေ ခဲဖိုးပေးဖို့နဲ့ အရပ်ထဲ အသိအမှတ်ဖြစ် ကျွေးမွေးဖို့လဲ လိုလိမ့်မယ်၊ ဒါတွေ ရှင် တတ်နိုင်ပါ့မလား" ဒီတော့ ကျွန်တော်က- "ဟ… မင်းလို ငါ့လို တစ်ကောင်ကြွက်ချင်းပဲ၊ ငွေတင်တောင်းနေရအုံးမလား လုံးတင်ရယ်၊ ဒီ ကာလသားတွေ နဲနဲပါးပါး တိုက်ကျွေးလိုက် ပြီးရောမဟုတ်လား" "အို… ကျုပ်ကို ဈေးဆစ်မနေနဲ့၊ ကြိုက်ရင်ယူ မကြိုက်ရင်သွား၊ ဒါပဲ" မှန်တာပြောရင် သူ့ကို ကျွန်တော် ဒီလိုနီးနီးကပ်ကပ် ပြောဆိုမိတော့လဲ အဟီး…ဟီး ဒါနဲ့ မပြောပါရစေနဲ့တော့။ ကျွန်တော်တို့ရပ်ကွက်က ဆင်းရဲသားရပ်ကွက်ပေမယ့် သာရေးနာရေးမှာ ညီညာကြပါပေတယ်။ ကျွန်တော့်မင်္ဂလာဆောင်မှာ ကျွန်တော်လုပ်တဲ့ မုန့်ဖိုပိုင်ရှင် အဖိုးကြီး အမယ်ကြီးက မုန့်ဟင်းခါး ခွက်တစ်ဆယ် ကျွေးပါတယ်။ မင်္ဂလာပွဲကို လုံးတင်တို့တဲနဲ့ ခပ်လှမ်းလှမ်း သင်းချိုင်းတံခါးရှေ့က ကွက်လပ်မှာ ကန္နဖျဉ်းထိုးပြီး ကျင်းပပါတယ်။ ကာလသားတွေအတွက် ခဲဖိုး ၂၅-ကျပ်နဲ့ လုံးတင်အတွက် တင်တောင်းရတဲ့ ငွေငါးဆယ်ကို နှုတ်လိုက်ရင် ကျွန်တော်သတို့သားကြီးမှာ တစ်သက်လုံး စုထားတဲ့ ငွေ ၆-ကျပ် တစ်မတ်ပဲ ကျန်ပါတော့တယ်။ ကြွရောက်လာကြတဲ့ ပရိသတ်များကလဲ သူတို့တတ်နိုင်သလောက် လက်ဖွဲ့ကြပါတယ်။ အိုးခွက် ပန်းကန်၊ ယောက်မ၊ ငရုတ်ဆုံ၊ ကြွေရည်သုတ် သံဇွန်း စသည်တို့ပေါ့။ မုန့်ဟင်းခါး အချိန်တစ်ဆယ်ကုန်လို့ ပရိသတ်စဲတော့ ကာလသားနှစ်ယောက်က ကြိမ်ပုခက်တစ်လုံးကို တစ်ယောက်တစ်ဖက်ကိုင်ပြီး ပြုံးစေ့စေ့နဲ့ ရောက်လာကြတယ်။ ကျွန်တော်က ဒါဘာလုပ်ဖို့လဲ မေးတော့- "ဟာ… မင်္ဂလာဆောင်တာမှာ ဒါဟာ အဓိကအကျဆုံး လက်ဖွဲ့ပစ္စည်းပေါ့ကွ" တဲ့။ လုံးတင်ကဖြင့် ကျေးဇူးမတင်တဲ့ပြင် ဆဲတောင်လွှတ်လိုက်သေး။ "မအေသရာတွေ၊ ဒါပဲ စိတ်ကူးနေကြ" သတဲ့။ ဒီလိုနဲ့ မင်္ဂလာကိစ္စတွေဟာ သိုက်မြိုက်စည်ကားစွာပဲ ပြီးစီးသွားပါတယ်။ ဒါပေမယ့် ညကျတော့ လုံးတင်တဲက တစ်ခုတည်းသော အိပ်ခန်းထဲ ကျွန်တော်ဝင်မယ်လုပ်တော့ သတိုးသမီးက- "ဒါ ဘာလဲဟဲ့" "ဟဲ့- မေးနေရသေးလား၊ မင်္ဂလာဆောင်ပြီးရင် လင်နဲ့မယား အတူအိပ်ကြတာပဲ မဟုတ်လား" "အို အို… ဒီည ကျုပ် နေမကောင်းဘူး၊ မသန့်မရှင်းဖြစ်နေတယ် ရှင်- အပြင်မှာအိပ်ပါ" အဲဗျာ- အဲ့သည် ပထမဦးညကတည်းကစပြီး ကျွန်တော် သူ့သြဇာကို နာခံခဲ့ရပါတယ်။ နေ့ရွှေ့ ညရွှေ့ ဗိုက်နာတယ်၊ ခေါင်းကိုက်တယ်၊ လေထိုးတယ် စတဲ့ အကြောင်းအမျိုးမျိုး ပြချက်နဲ့ သူ့အနား ကပ်ရတယ်ပဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် မင်္ဂလာဆောင်ပြီး ၅-လလောက်အကြာမှာတော့ မိလုံးတင်ကို မီးကပ်ပေါ် တပ့်တော့တာပါပဲဗျို့။ သူ ဗိုက်နာတယ်ဆိုကတည်းက အော်လိုက် ဟစ်လိုက်တာ မပြောပါနဲ့တော့။ အိမ်နီးချင်းမိန်းမတွေလဲ ပြေးလားကြပြီး ရေနွေးတည်တဲ့လူနဲ့၊ နနွင်းမှုန့် သွားဝယ်တဲ့လူနဲ့၊ စမုံနက်နှမ်းထုပ် လုပ်တဲ့သူနဲ့ ယောက်ယက်ခတ်နေကြတာပါပဲ။ ဒီအထဲ မရွှေစာက အော်ဟစ်ညည်းညူလိုက်ပုံက- "အောင်မယ်လေး ကိုကျော်ကြီးရဲ့၊ ကျုပ်တော့ သွားရတော့မယ် ထင်ပါရဲ့၊ ကျုပ်ကို မကယ်နိုင်တော့ဘူးလား၊ နောက်များ လင်ဆိုရင် ဇပလင်ပင်တောင် မမြင်ပါရစေနဲ့" ကျွန်တော့်မှာ သူ့အော်သံတွေကြောင့် နေစရာကို မရှိတော့ဘူး။ ဒါကြောင့် ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ညောင်ပင်ကြီက နတ်စင်အောက် သွားထိုင်ပြီး သူ့အတွက် ဆုတောင်းနေပါတယ်။ အနီးဖြတ်သွားတဲ့လူတစ်ချို့က "အမ်မာ- ငကျော်ကြီး ဘာလုပ်နေတာလဲ" မေးလို့ ကျွန်တော်က- "ကွာ- ငါ့မိန်းမ ၀မ်းနာနေလို့ ချောချောမောမောဖြစ်အောင် ရုက္ခစိုးမင်းကို ဆုတောင်းနေတာကွ" ဒီတော့ သူတို့ရယ်မောကြပြီး တစ်ယောက်က- "ဘယ်လိုလဲ လမစေ့ဘဲနဲ့ မွေးလို့လား" "အေးကွာ- ငါနဲ့ မင်္ဂလာဆောင်ပြီး ၅-လ ထဲနဲ့" "သြော်… နောက်တော့ လစေ့မှာပဲ မွေးတော့မှာပါကွာ စိတ်ချ၊ ရော့ရော့" အနီးမှာရှိတဲ့ မြက်တွေနုတ်လာပြီး ကျွန်တော့်ပါးစပ်ထဲ ခွံ့ကာ "ဒီမြက်စားပြီး ဆုတောင်းကွ၊ ဒါမှ မင်းဆန္ဒပြည့်မှာ" အတော်နောက်တဲ့ကောင်တွေ။ ကျွန်တော် အိမ်ပြန်ရောက်တော့ မရွှေစာက သားယောက်ျားကလေး မွေးပြီးနေပါပြီလေ၊ နနွင်းရောင်လေး ၀ါဝါနဲ့ ကျုံ့ကျုံ့လေး ထိုင်လို့ အနီးပါးနားက လူအားလုံး လိုလိုပဲ ပွဲတစ်ခုအလား လာကြည့်ကြပါတယ်၊ မီးနေသယ်နဲ့ သင့်လျော်ရာ ပစ္စည်းလေးများလဲ ယူလာကြပါတယ်။ ကျွန်တော့်ကို မြင်တော့ ကာလသားခေါင်း ကိုဖိုးရှိန်ကြီးက သူ့အသံကျယ်ကျယ်ကြီးနဲ့… "သြော်- သူဌေးမင်း ကြွလာတော်မူပြီ၊ သူဌေးမင်းရဲ့ သားဦးသားမြတ် သက်တော်ရာကျော်ရှည်ပါစေသောဝ်"လို့ ဆိုလိုက်တော့ အားလုံး ၀ိုင်းရယ်ကြတယ်။ ကျွန်တော့်မှာတော့ ငိုရမလိုလို ရယ်ရမလိုလို အဲသည်တုန်း ၀မ်းဆွဲသည် အဒေါ်ကြီးက … "ကဲ- လူလဲစုံတုန်း ကလေးကင်ပွန်းတပ် တစ်ခါထဲ လုပ်ရအောင်၊ မောင်ကျော်ကြီး မင်းသားကို ဘယ်လို နာမည်ပေးမတုံး" ကျွန်တော်လဲ သောက်မြင်ကပ်ကပ်နဲ့ "မျိုးမြတ်ထွဋ်ခေါင်"လို့ ပြောလိုက်တယ်။ ပရိသတ်က သဘောကျလိုက်ကြတာလေ။ ဧည့်သည်တွေ အားလုံးပြန်ကြတော့ ကျွန်တော့်တစ်ယောက်ထဲ ကွပ်ပျစ်ပေါ်မှာ ဒူးနှစ်လုံးပေါ် မေးတင်ပြီး ငူငူကြီး ကျန်ခဲ့တဲ့အခါမှာ လုံးတင်က အခန်းထဲက ခေါင်းတစ်လုံးပြူထွက်လာပြီး… "တိတ်လှချည့်လား ကိုကျော်ကြီးရဲ့၊ ကျုပ်ကို နေကောင်းရဲ့လား ဘာလား မေးဖော်တောင်မရဘူး၊ ဘာလဲ တေမိဇာတ် ခင်းနေတာလား" ကျွန်တော်က စိတ်ပျက်စွာနဲ့… "ဘာပြောစရာလိုသလဲကွ၊ မင်းလုပ်ပုံက ငါ့ဘဘုန်းကြီးသာ ဘ၀နတ်ထံက ကြားရင် နှစ်ပြန်တောင် ပျံတော်မူချေသေးရဲ့" "ရှင် ဘာဖြစ်နေသလဲ ရူးနေသလား" "ရူးရုံ တော်သေးတာပေါ့ကွာ၊ ခုတော့ နွားဖြစ်ရသေးတယ်၊ ငါလိုတစ်ကောင်ကြွက်ကို မင်းအသုံးချပုံ သဘောကျလှသကွဲ့၊ နို့မို့ရင် ဖအေမပေါ်တဲ့သား မွေးနေရမယ် မဟုတ်လား" "ကြံကြံဖန်ဖန်၊ ဒါ ရှင့်သားပဲဥစ္စာ" "ဘယ်နှယ်- ငါ့သားဖြစ်နိုင်မလဲ၊ ငါ အရူးဆိုပေမယ့် ရက်လကို တွက်နိုင်ပါသေးတယ်၊ မင်းနဲ့ငါ မင်္ဂလာဆောင်တာ ၅-လပဲ ရှိသေးတာ၊ နို့ပြီး" "ရှင် ဒီလိုမပြောနဲ့၊ ရှင်နဲ့ မင်္ဂလာဦးညမှာတောင် ကျွန်မ မီးယပ်တွေ လာနေလို့ ရှင်အပြင်ဖက်မှာ အိပ်ရတာ ရှင်အသိ၊ ဒါက လမစေ့ဘဲ မွေးတဲ့ ကလေးရှင့်" "ငါးလနဲ့မွေးတဲ့ကလေးတွေ မကြားဖူးပေါင်ဟယ်- အလွန်စော ၇-လပါပဲ" "ကျွန်မတို့အဖွားဆို ၃-လနဲ့တောင် မွေးသေး၊ ကျုပ်တို့က မျိုးရိုးလိုက်တာရှင့်" မှန်တာပြောရရင် သူ့စကားကို ကျွန်တော်မယုံပါဘူး၊ ဒါကြောင့် တစ်နေ့ လမ်းမှာတွေ့လို့ ကျောင်းဆရာလေး ကိုကျော်စွာကို အကျိုးအကြောင်းပြောပြီး မေးကြည့်မိတော့… "ကိုကျော်ကြီးရယ် ကျွန်တော်တို့ရဲ့ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်မှာ ချက်တော်ကို လက်တော်နဲ့ ရစ်ရုံနဲ့ သုဝဏသာမတောင် မွေးသေးတာပဲ၊ ခင်ဗျာ့ကိစ္စလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဟာကိုယ် ယုံရင် စိတ်ချမ်းသာတာပေါ့ဗျာ"လို့ နှစ်သိမ့်ရှာတယ်။ ကျွန်တော်ကလဲ ကြာကြာစိတ်ညစ်မနေတတ်ပါဘူး။ ကလေးကို ကျွန်တော်က ချစ်ခင်နေပြီကိုဗျ။ ဘယ်သူနဲ့ မွေးမွေး ကလေးက ကလေးပဲ။ အမယ်… တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း ကလေးကလဲ ကျွန်တော့်ကို ချစ်ပုံရသဗျ။ ကျွန်တော့်ကိုမြင်ရင် ၃-၄ လသားကတည်းက လက်ကလေး ကမ်းတတ်တယ်၊ ပြုံးပြတယ်၊ ချီခိုင်းတယ်၊ ကလေးနေထိုင်မကောင်းရင် ကျွန်တော်ပဲ ပြုစုရတယ်၊ သူ့အမေကတော့ အိပ်ပျက်မခံဘူး။ ကျွန်တော်က ကလေးကျန်းမာအောင် ဆင်မြီးလက်စွပ်ကလေး ၀ယ်ပေးထားတယ်၊ အံကြိုးလဲ ချည်ပေးတယ်၊ ဗေဒင်ဆရာက လိုတယ်ဆိုလို့ ကြက်ဖြူမတစ်ကောင်လဲ ၀ယ်ပြီး ခမဲပေးထားတယ်၊ ဒီခလေးအတွက် ကျွန်တော်ပိုပြီး အလုပ်ကြိုးစားလုပ်ရတယ်။ တတ်နိုင်သလောက် ငွေရှာရတယ်။ အချိန်အားလေးမှာ ဈေးပြေးပြီး ကူလီထမ်းလိုက်သေးတယ်။ ကလေး နို့၀၀စို့ရအောင်လဲ သူ့အမေကို နွားမြီးတွေ ၀က်မြီးတွေ ရေမုံညင်းရွက်နဲ့ မပြတ်သောက်ရအောင် ၀ယ်ပေးရတယ်။ လုံးတင်လဲ စားကောင်းသောက်ကောင်းနဲ့ တစ်သားမွေး တစ်သွေးလှလာတယ်။ သားကိုချစ်တော့ ကျွန်တော်သူ့ကိုလဲ ဂရုစိုက်ရတယ်။ ဒါပေမယ့် သူကတော့ ကျွန်တော့်ကို မျက်နှာသာမပေးပါဘူး။ သူ့မျက်လုံးတစ်ချက် ကြည့်လိုက်ရင် ကျွန်တော်ကျောယားတယ်။ သူ့ပါးစပ် ဟလိုက်ရင် မီးခိုးလုံးတွေ ထွက်လာတယ်တောင် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သည်းခံပါတယ်။ စင်စစ်တော့ ကျွန်တော်ဟာ သူ့ရဲ့ စေသည့်ကျွန် ထွန်သည့်နွားပါ။ သည်ဒဏ်တွေကို ခံနိုင်တဲ့ အားဆေးကတော့ ကလေးအပေါ်မှာ ထားတဲ့ ကျွန်တော်ရဲ့ မေတ္တာအဟုန်ပါပဲ။ သူ့မောင်ဆိုတဲ့ ဟိုကလေးဟာလဲ ခုတော့ ၀လို့ လှလို့ဗျ။ ဆိုးလိုက်တာကလဲ လွန်ပါရော၊ ကျွန်တော့်ဆို တက်လိုက်ခွလိုက်၊ ထုလိုက်၊ နှက်လိုက်နဲ့ တခါတလေ ကျွန်တော်က ပြောဆိုမရလို့ တစ်ချက်လောက်များ ရိုက်လိုက်မိရင် မိလုံးတင်တို့ ဒေါသ အမျက်ချောင်းချောင်းထွက်ပြီး ကွာမယ်ရှင်းမယ်နဲ့ လုပ်ပါရော၊ ကျွန်တော့်နေရာမှာ သည့်ပြင်ယောက်ျားသာဆိုရင် ကိစ္စပြတ်တာ ကြာလှရောပေါ့။ ဒါပေမယ့် ကျွန်တော့်အဖို့တော့ ရိုးနေပါပြီ။ ကိုယ့်ဘ၀ပေး တာဝန်တွေပဲလို့ သဘောထားရပါတော့တယ်။ဒီလိုနဲ့ လတွေကုန်ပြီး နှစ်တွေပြောင်းခဲ့တယ်။ ကျွန်တော်ဟာ နေ့ဆိုရင် မုန့်ဟင်းခါးဖို၊ ညဆိုရင် ဈေးထဲက ကာကာလက်ဖက်ရည်ဆိုင်မှ အိပ်ပြီး မနက်စောစော နံပြားထဖုတ်ရပါတယ်။ သောကြာနေ့ ညတစ်ညပဲ အိမ်ပြန်အိပ်ရပါတယ်။ သောကြာနေ့ဆိုတာ မူဆလင်ဘာသာတွေရဲ့ ဘုရားရှိခိုးနေ့မို့ အအားရတာပါ။ ဒါနဲ့ တစ်ညမှာတော့ သောကြာနေ့မဟုတ်ဘဲနဲ့ ဂျုံမရလို့ နံပြားဖုတ်စရာ မရှိတဲ့အတွက် ည ၁၂-နာရီလောက် လက်ဖက်ရည်ဆိုင်ပိတ်တဲ့အချိန် အိမ်ပြန်အိပ်ရတယ်။ ခါတိုင်းတော့ လက်ဖက်ရည်ဆိုင်က စားပွဲတွေပေါ်မှာ ကွေးကွေးကောက်ကောက်နဲ့ ဖြစ်သလို အိပ်ရတာ၊ ဒီညတော့ ကိုယ့်အိမ်က အိပ်ရာမှာ ကျကျနန အိပ်မဟဲ့လို့ စိတ်ကူးပြီး အိမ်ပြန်ရောက်တဲ့အခါ ကလေးလဲ နိုးမှာစိုးလို့ အသာခြေဖွပြီး အထဲဝင်လိုက်တော့ ဟောက်သံတွေ ညံနေတာ ကြားရတယ်။ ဟောက်သံမှ ကြီးကြီးကတစ်ခု သေးသေးကတစ်ခု၊ ဒါနဲ့ အခန်းထဲ လှမ်းကြည့်လုက်တော့ … လား-လား- မိလုံးတင်ရဲ့ နံဘေးမှာ လူတစ်ယောက်။ ကျွန်တော့်မျက်လုံးတွေ ပြာသွားတာပဲ၊ အနားမှာရှိတဲ့ တံခါးကဲလားဒေါက်ကို ကောက်ကိုင်ပြီး ခွေးမသားကို အသေရိုက်မယ် စိတ်ကူးတုန်း ဗြုန်းဆို အသိဥာဏ် ၀င်လာတယ်။ ရိုက်ရင်နှက်ရင် ဆူဆူညံညံ ဖြစ်မယ်။ အရပ်ကကြားမယ်။ ငါပါ အရှက်ကွဲမယ်၊ ဒါတွေထက် အရေးကြီးတာက ပုခက်ထဲမှာ အိပ်နေတဲ့ ကလေး နိုးသွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် တုတ်ကို အသာပြန်ချပြီး ခြေသံဖွဖွနဲ့ အပြင်ထွက်၊ လက်ဖက်ရည်ဆိုင်ဖက် ပြန်လာခဲ့တယ်။ အဲဒီည လက်ဖက်ရည်ဆိုင်က စားပွဲပေါ်မှာလှဲရင်း ကြောင်တောင်လင်းခဲ့တယ်။ နောက်ဆုံး လင်းရောင်ခြည်လာတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ "တော်ပြီ… သည်ထက် နွားကျမခံနိုင်တော့ဘူး။ ကျော်ကြီးဟာ အရူး-အရူးဆိုပေမယ့် လူကောင်းတွေ စည်းကမ်းကို မကျော်နိုင်သေးပါဘူး" မနက် လင်းလင်းချင်း သူကြီးအိမ်သွားပြီး အကျိုးအကြောင်းကို တိုင်တယ်။ ခဏအတွင်း ရပ်ကွက်က သိသွားပြီး သူကြီးအိမ်မှာ လူတွေပြည့်သွားတယ်။ သူကြီးက လုံးတင်ကို ခေါ်ခိုင်းတော့ လုံးတင်က ကလေး ခါးထစ်ခွင်ချီလာပြီး သူကြီးကမေးတော့ အားလုံးဗြောင်ငြင်းတဲ့အပြင် ကျွန်တော် ခုတလော ရောဂါထချင်နေတယ်။ လပြည့်လကွယ် ရက်တွေမှာဆို ဒီလိုပဲ၊ ကျွန်တော့်မျက်စိထဲမှာ တောင်တောင်အီအီတွေ တွေ့တတ်မြင်တတ်တယ်ဆိုတာ၊ သူလို နီးနီးနားနားလူအဖို့ မဆန်းတော့ပါဘူး။ စိတ်မငြိမ်လို့ ပြောချင်ရာတွေ လျှောက်ပြောနေတာ မယုံကြပါနဲ့လို့ မှင်သေသေနဲ့ ပြောတယ်ခင်ဗျ။ တချို့လူတွေက သူ့ဘက်က ပါကြတယ်။ နွားသတ်ရုံက ကောင်လေးတစ်ကောင်ကများ ကျွန်တော့်ကို "ကိုယ့်လူ လည်လှီးပစ်ဖို့ ကောင်းနေပီ" လို့တောင် ပြောတယ်။ ကျွန်တော်က "မင်း ငရဲကြီးမှာပေါ့"လို့ပဲ ပြန်ပြောလိုက်တယ်။ ဒီတော့ သူက "ခွေးရူးသတ်ရသလို ကျောက်ရူးသတ်ရတာပဲ၊ ဘာအပြစ်ရှိမှာလဲ"တဲ့။ ဒီအချိန်မှာပဲ လုံးတင်ကလေးက ၀မ်းတွေ သွားချလိုက်တာ သူကြီးက သူတို့သားအမိကို ချက်ချင်း နှင်ချလိုက်တာပဲ။ သည့်ပြင်လူတွေလဲ ပြန်ကြရော အားလုံး လူရှင်းသွားတော့ သူကြီးကို ကျွန်တော်က ဘာလုပ်ရမလဲမေးတယ်။ သူကြီးက ကျွန်တော့်ဘက်ကပဲ။ "ဒီမိန်းမကို ချက်ချင်းကွာလိုက်ကွာ" တဲ့။ "သူက မကွာချင်ဘူးဆိုရင်ကော" "ကွာရှင်းလိုကြောင်း လျှောက်လွှာရေးပြီး ငါ့ဆီတင်ကွာ၊ ကျန်တာ ငါကြည့်လုပ်ပေးမယ်" "ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော်စဉ်းစားပါအုံးမယ်" "ဘာမှ စဉ်းစားမနေနဲ့၊ ငါပြောသလိုသာလုပ်၊ ဒီအတွင်း မင်းက သူ့ဆီ မသွားနဲ့တော့" "ကျွန်တော့်ကလေး ကျွန်တော်တွေ့ချင်သေးတယ်ခင်ဗျာ" "အောင်မယ်၊ မင်းကလဲ အိုးကမပူ စလောင်းကပူနေပြန်ပြီ။ နေပလေ့စေ၊ ပစ်ထားလိုက်၊ မင်းက ကွာရှင်းခွင့်မရခင် သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေ၊ အိမ်ရိပ်တောင် သွားမနင်းလေနဲ့" အင်း… သူကြီးစကား နားထောင်ရပါတယ်။ နေ့မှာတော့ အလုပ်နဲ့ လက်နဲ့မပြတ်တာမို့ မထောင်တာလှပေမယ့် ည-ညကျတော့ရင် ။ ကျွန်တော် သူတို့သားအမိကို သတိရတယ်ဗျာ။ အထူးသဖြင့် ကျွန်တော့်ကလေးပဲ၊ ပေပေကြီး-ပေပေကြီးနဲ့၊ သူ့အမေအဖေ စိတ်ဆိုးပေမယ့် နာရီညောင်းတာနဲ့အမျှ ကျွန်တော့်အမျက်က ပြေပြေလည်ခဲ့ပြီ။ သူ့အပေါ် ခွင့်လွှတ်ဖို့ အမျိုးမျိုးကြံဖန်တွေးနေမိတယ်။ သူ့ဘေးနားမှာအိပ်နေတဲ့ကောင်က၊ သူ့ကို လက်ကောက်လှလှလေး ၀ယ်ပေးမယ်လို့ သွေးဆောင်လေသလား၊ (ကျွန်တော်က ၀ယ်မပေးနိုင်ဘဲကိုး) မိန်းမဆိုတာခက်သားပဲ၊ ငယ်လဲငယ်သေးတော့ လုပ်သင့်တာ၊ မလုပ်သင့်က မချင့်ချိန်တတ်သေးဘူး။ နို့မဟုတ်ရင်လဲ၊ သူဒီလောက် လူကြီးစုံရာရှေ့မှာ ကျိန်တွယ်ပြီး ငြင်းနေပုံထောက်တော့၊ သူပြောသလို ကျွန်တော့်မျက်စိ မှားတာများလား၊ ကျွန်တော်ကလဲ နေ့ရောညရော လောဘတကြီး ငွေရှာနေတော့ အိပ်ရေးပျက် ဘာပျက်နဲ့ သွေးလေးချောက်ချားပြီး အရိပ်လဲ လူထင်ရင် ထင်နေမှာ၊ ဒီလိုဆို ငါ့မယားလေး ငါသနားပါတယ်။ သားတစ်ယောက်နဲ့ မျက်စိသူငယ် နားသူငယ်နေရှာရော့မယ်။ ဒီအတွေးတွေ ၀င်လာတော့ ကျွန်တော့်မျက်ရည်တွေ ဖြိုင်ဖြိုင်ယိုစီးပြီး ခေါင်းအုံးအိပ်တဲ့ ဂျုံအိတ်မှာ ရွှဲရွှဲစိုပါရော။ မနက်ကျတော့ သူကြီးအိမ်သွားပြီး ကျွန်တော့်မိန်းမနဲ့ ကျွန်တော်မကွာရှင်းလိုတော့ပါဘူး၊ တကယ်ဆိုတော့ ကျွန်တော့်အပြစ်ပါ၊ လုံးတင်မှာ အပြစ်မရှိပါဘူးပြောတော့၊ သူကြီးက မင်းအမှုရုံးရောက်နေပြီ၊ ပြန်ရုတ်လို့မလွယ်တော့ဘူး၊ ဒါပေမယ့် အတတ်နိုင်ဆုံး ငါကြည့်စီစဉ်ပေးပါမယ်။ ဒီအတောအတွင်းတော့ မင်းသူ့အိမ်မသွားနဲ့အုံး။ ကလေးတွေ့ချင်ရင် ငါတစ်ယောက်ယောက် လွှတ်ခေါ်ပေးမယ်။ ဒီအတွင်း မင်းလဲ မင်းမိန်းမအခြေ ဟုတ်မဟုတ် စောင့်ကြည့်ပေါ့၊ အမှုတစ်ခု ရုံးပြင်ကန္နားရောက်တယ်ဆိုတာ ခုလုပ် ခုရုပ် လွယ်တာမဟုတ်ဘူး၊ မင်းမိန်းမကို မင်းမကွာချင်တော့ဘူး၊ အမှုပြန်ရုတ်သိမ်းတဲ့အကြောင်း ဒီကနေပဲ ငါ စာတင်ပေးပါမယ် မပူနဲ့၊ ဒီအတွင်းသာ မင်းဥပဒေလွတ်အောင် ကင်းကင်းရှင်းရှင်းနေပေရော့ ဟုတ်လား" သူကြီးပြောတာတွေ ဟုတ်-မဟုတ် မသိပေမယ့် ကျွန်တော်ကတော့ ဥပဒေဆိုတာကြီး သိပ်ကြောက်တာပဲဗျို့၊ ဒါကြောင့် သားလွမ်းစိတ် မယားလွမ်းစိတ်တွေ ဥပဒေနဲ့ ကိုယ့်ကိုယ်ကို ချောက်ချားပြီး မျိုသိပ်နေရတယ်၊ တစ်ခုတော့ တော်သေးတာပေါ့၊ ကျွန်တော့်သားလေးကို တစ်ပတ် နှစ်ခါ သူကြီးက ဆယ်အိမ်ခေါင်း မောင်တင့်နဲ့ ခေါ်ခိုင်းပြီး တွေ့ပေးတယ်ဗျ။ သားကလဲ ကျွန်တော့်ကို မမြင်ရတာ ကြာလေ ပိုကပ်လေပဲ၊ ပြန်တော့မယ်ဆိုရင် မခွဲချင် ခွဲချင်ပဲ၊ ငိုများတောင်ငိုရဲ့။ အမှုတစ်ခုဖြစ်ရတာ ကြာတာပဲဗျာ၊ ဟိုရက်ချိန်း ဒီရက်ရွှေ့နဲ့ ၈-လကျော် ၉-လနီးပါးရောက်သွားတယ်၊ မိလုံးတင်လဲ ကလေးတစ်ယောက်မွေးပြန်ရော၊ ဒီတစ်ခါတော့ မိန်းခလေးပဲ။ ကျွန်တော့်ဒုက္ခကို အရပ်က၀ိုင်းပြီး သနားကြပါရဲ့၊ ဒါပေမယ့် လုံးတင်ရဲ့သတင်းတွေကလဲ ခုတစ်မျိုး- ခုတစ်မျိုးနဲ့၊ လင်နဲ့ကွဲရတဲ့မိန်းမဆိုတော့ စေတနာနဲ့ ပြောတာလဲရှိ၊ အမနာပ ပြောတာလဲရှိမှာပေါ့လေ၊ ကလေးမွေးပြန်တယ်ဆိုတော့ ကျွန်တော်လဲ သူ့အတွက် စားကောင်းဖွယ်လေးတွေ ၀ယ်ခြမ်းပို့ပါတယ်၊ ဆယ်အိမ်ခေါင်း မောင်တင့်ကလဲ သူတို့သားအမိကို ဂရုဏာသက်တယ်ဆိုပြီး မုန့်ပဲသားရေစာလေးတွေ ၀ယ်ဝယ်သွားတာလဲ တွေ့ရပါရဲ့၊ မောင်တင့်နဲ့ ကျွန်တော်လဲ တော်တော်အကျွမ်းဝင်လာတယ်၊ လုံးတင်ဆီက သူပြန်လာရင် ဟိုသားအမိတွေသတင်းပြောရင်း ကျွန်တော့်ကို ခေါင်းပုတ်၊ နှာခေါင်းဆွဲ ကျီစယ်ပြီး။ " ဒီမှာ ကျော်ကြီး- မင်းမိန်းမနဲ့ မင်းကလေးတွေက ချစ်စရာကွ၊ မင်းနဲ့တောင် မတန်ဘူး၊ ခဏတဖြုတ် သွားကြည့်ပါလား၊ ခုဆို လုံးတင်က ပိုတောင်လှလာသေး" ဒီတော့ ကျွန်တော်က " အေးကွာ ဒါပေမယ့် သူကြီးက ရုံးမိန့် မကျမချင်း အိမ်ရိပ်တောင်မနင်းရဘူးဆိုလို့၊ ဒီအမိန့်ကလဲ ကြာလှချည်လားဗျာ၊ ခုဆို၉- လကြီးတောင် ကျော်တမင့်ပဲ " ဒီလို တစတစနဲ့ သားမယားလွမ်းနာကျလိုက်တာ နောက်ဆုံးတစ်နေ့တော့ မနေနိုင်တော့ဘူးဗျ၊ ယောက်ျားကြီးတန်မဲ့နဲ့ သူကြီးဆီမျက်ရည်စက်လက်နဲ့သွားပြီး ကျွန်တော့်အိမ် ကျွန်တော်ပြန်ရအောင် ကြည့်ရှုမစပါလို့ တောင်းပန်ရတော့တယ်။ သူကြီးလဲ ကျွန်တော့်အဖြစ်ကိုသာ မသက်မသာကြည့်ရင်း… " ကဲ - မောင်ကျော်ကြီး - မင်းကိုတော့ ငါဇိကုတ်ပြီး နတ်ပြည်တင်ဖို့ လက်လျှော့လိုက်ပါပြီ၊ တကယ်တော့ မင်းအမှုက ရုံးကမကျသေးလို့ ဆိုတာမဟုတ်ဘူး၊ မင်းအမှုမျိုး ရုံးကလက်ခံတာလဲမဟုတ်ဘူး၊ ငါ့ဆန္ဒက မင်းဟာ မီးဝေးချိပ်မာ သဘောမျိုးဖြစ်ပါစေ၊ ကြာကြာနေလို့ ဒီကောင်မအပေါ် မင်းစိတ်ကုန်သွားရင် ဒီဒုက္ခကြီးက လွတ်ပါစေဆိုတဲ့ စေတနာနဲ့ တမင်သက်သက် မင်းကိုငါလှည့်ထားတာ။ ခုတော့ မင်းကိုယ်၌က ဒီမီးကို ပြန်တိုးချင်တယ်ဆိုတော့ ငါမတတ်နိုင်ဘူး၊ အဲ - ငါတစ်ခုတော့ မေးမယ်၊ မင်းမိန်းမမှာ အပြစ်မရှိဘူး၊ ဟိုညက လင်ငယ်နဲ့ အိပ်နေတာ မင်းမျက်စိမှောက်မှားတာဆိုတာ မင်းကိုယ်မင်း စိတ်ချယုံကြည်သလား " " ဟုတ်ကဲ့ - ကျွန်တော့်မယားလေးမှာ အပြစ်မရှိပါဘူးခင်ဗျာ၊ ကျွန်တော်ဟာ အိပ်ချင်မူးတူးနဲ့ ထင်ရာတွေပြောမိတာပါ " ဒီတော့ သူကြီးကတော်က… "ဟဲ့ - အဲဒီတုန်းကတော့ မင်းကိုယ်တိုင် သေသေချာချာ မြင်ရတယ်ဆို " "ကျွန်တော်မြင်မိတာက လရောင်ကြောင့် အရိပ်ထိုးနေတဲ့ ထုပ်တန်းဖြစ်လိမ့်မယ်ခင်ဗျ " ဒီတော့ သူကြီးက… " အေး- အေး ဒါဖြင့်လဲပြီးရော၊ ဒို့များတစ်ခုတော့ နောက်ဆုံးမှာလိုက်ပါရစေ၊ မင်းမိန်းမ မင်းဒီလောက်စိတ်စွဲနေတာဖြင့် နောက်များ ဘာပဲမြင်မြင် ဘာပဲကြားကြား မျက်စေ့နဲ့ နားပိတ်သာထား ကြားလား၊ ဒါမှ မင်းလဲ စိတ်ချမ်းသာမယ်၊ ဒို့လဲ နား ချမ်းသာမယ်၊ ကဲ-ကဲ သွားတော့၊ မင်းအိမ် မင်းပြန်နိုင်ပါပြီ " ဒါပေမယ့် ကျွန်တော့်အလုပ်က ရှိနေသေးတော့ ည ကာကာဆိုင် ပိတ်တော့မှပဲ ၀ယ်ထားတဲ့ စားသောက်စရာကလေးတွေနဲ့ ပြန်ခဲ့တယ်၊ ဒီည လမင်းကြီးကလဲ ထိန်ထိန်သာလို့၊ ကြယ်တွေကလဲ စုံလို့၊ အိမ်နားရောက်ခါနီး လမ်းချိုးမှာ အင်္ဂလိပ် သင်းချိုင်းစောင့်ရဲ့ ခွေးတွေက ဆီးဟောင်လို့ သူတို့ပြန်ပြောခဲ့ရသေးတယ်… " အေး- ဟောင်ကောင် အားရအောင်ဟောင်၊ ငါတော့ ငါ့မယား ငါ့သားဆီပြန်ခဲ့တာမို့ မင်းတို့ကို ရန်မလုပ်နိုင်အားသေးပါဘူးကွယ် " လို့…။ အိမ်တံခါးကို အသာတွန်းဖွင့်ပြီး ပုခက်ထဲမှာ အိပ်နေတဲ့ ကလေးငယ်ကို ငုံ့ကြည့်လိုက်တော့ လရောင်ထိုးနေတဲ့ သူ့မျက်နှာလေးဟာ တကတဲ ချစ်စရာပါပဲဗျာ။ ခြင်ကိုက်မှာစိုးလို့ လက်ကလေးကို အသာစောင်နဲ့ ဖုံးပေးခဲ့ပြီး အခန်းထဲ လှမ်းဝင် လိုက်တော့လား- မိလုံးတင်ဘေးမှာ ဆယ်အိမ်ခေါင်း မောင်တင့်က အစန့်သား အိပ်ပျော်နေတယ်။ ခေါင်းရင်းပေါက်က၀င်တဲ့ လရောင်နဲ့အထင်းသား။ ကျွန်တော့်မှာ ၀မ်းသာလာသမျှ တစ်ခါထဲ သဲရေကျဖြစ်တော့သပေါ့။ ရုတ်တရက် ကတုန်ကရင်ဖြစ်ပြီး သူတို့စားဖို့ ၀ယ်လာခဲ့တဲ့ သားရေစာထုပ်တွေဟာ လက်ထဲကလွတ်ကျကုန်တယ်၊ ဒီအသံကြားတော့ မိလုံးတင်ကနိုးပြီး… " ဟင်- ဘယ်သူလဲ " မားမားကြီးရပ်နေတဲ့ ကျွန်တော့်လဲမြင်ရော " သူခိုး - သူခိုး " လို့ အော်ပါလေရော။ အဲသည်မှာ အမှောင်ထဲ ဒေါင့်တစ်ဒေါင့် အိပ်နေတဲ့ သူ့မောင်ဆိုတဲ့ ကောင်ကလေးဟာ အိပ်ရာကထလာပြီး ကျွန်တော့်နောက်စေ့ကို ကဲလားဒေါက်နဲ့ ကောက်တီးလိုက်တာ လူကိုမိုက်ခနဲ့ဖြစ်သွားပြီ ကဗျာကသီ… " လုံးတင်ရ- ငါပါဟ- ငါပါဟ " " ဟင်- သြော်… ကိုကျော်ကြီးလား၊ နို့ ရှင့်ကို သူကြီးက ဒီမလာရသေးဘူး ပြောထားတယ်ဆို " " အေး- ခုတော့ ပြန်ချင်ပြန်နိုင်ပြီဆိုတာနဲ့ ပြန်လာတာ " " ဒါဖြင့် အတော်ပဲ စောစောက ရှင့်သားရဲ့ဆိတ်မလေး ညည်းနေသံကြားတယ်၊ ကလေးများမွေးနေပလားမသိဘူး၊ သွားကြည့်လိုက်ပါအုံး " ဒီတော့လဲ ကျွန်တော့်သားလေးကို ကျွန်တော်ဝယ်ပေးထားတဲ့ ဆိတ်မလေး မမြင်ရတာ ကြာပြီမို့ နံဘေးကဆိတ်ထားတဲ့ တဲကလေးထဲဝင်ခဲ့တယ်၊ ဆိတ်မလေးက တစောင်းလေးလှဲလို့ စားမြုံ့ခတ်နေတယ်၊ ဘာမျှမဖြစ်ပါဘူး၊ ဒါနဲ့ ကျွန်တော် သူ့နဖူးလေး တစ်ချက်ပွတ်ပြီး အိမ်ထဲပြန်ဝင်တော့ လုံးတင်ဘေးမှာ ဟိုလူမတွေ့ရတော့ဘူး။ ဒါနဲ့ ကျွန်တော်က… " ဟဲ့ လုံးတင်၊ မောင်တင့် ဘယ်ရောက်သွားလဲ " မေးတော့ သူက အံ့အားသင့်သံနဲ့… " ဘယ်က မောင်တင့်လဲ" "ခုန- နင့်နံဘေးမှာ အိပ်နေတာ မြင်ပါတယ်ဟ " လုံးတင် အိပ်ရာထဲက ဗုန်းကနဲ ထထိုင်လိုက်တယ် နောက်ပြီး လည်ပင်းကို ဆန့်၊ ပါးစပ်ကျယ်ကျယ်ဟပြီး။ " လာပြန်ပလား၊ ဒီအချိုးမျိုး သေခြင်းဆိုး၊ နင့်ဘာသာနင်၊ ငါနဲ့ မပေါင်းချင် တော်ရာသွားသေ၊ ငါ့ကိုလာပြီ နံမယ်ဖျက်မနေနဲ့၊ ဘယ်လူမှ ငါ့နံဘေးမှာ မရှိဘူး၊ နင်မြင်တယ်ဆိုတာလဲ သက်သက်ငါ့ကို အပြစ်ရှာချင်လို့ နင်မွေးထားတဲ့ သရဲတွေ၊ တစ္ဆေတွေနေမှာပေါ့၊ ရုပ်ကိုက ရူးကြောင်ကြောင်နဲ့၊ မှော်ဆရာယောင်ယောင် ဘာယောင်ယောင်၊ ရှင်ကျုပ်ကို အစိမ်းတိုက်နေတာလားမှ မသိဘဲ " ခုနစ်သံချီအော်တော့ ကျွန်တော်လဲ အရပ်ကကြားရင် နောက်ထပ်အရှက်ကွဲရဦးမှမို့ သူ့ခြေသလုံးကို လှမ်းကိုင်ပြီး… " ကဲ- မဟုတ်လဲတော်တော့ လုံးတင်ရယ်၊ တော်ကြာ ငါ့ကို အရပ်က တကယ့်မှော်ဆရာအောက်မေ့ပြီး ငါလုပ်တဲ့မုန့်တွေ မ၀ယ်ဘဲနေပါဦးမယ်၊ နင်နဲ့ခွဲနေရတဲ့ ၉-လမှာ ငါစုထားတဲ့ငွေလေးတွေနဲ့ ကိုယ်ပိုင်မုန့်ဖိုထောင်မယ်လို့။ တော်ကြာမင်းကြောင့် ဖောက်သည်ရှာမရ ဖြစ်နေပါဦးမယ်၊ တော်ကွာ… လုံးတင်က လိမ်မာပါတယ် " ငွေစကားကြားတော့ လုံးတင်ချက်ချင်း ဘ၀င်ကျသွားပြီ- ဒါဖြင့် ဒီမှာ လာအိပ်၊ နောက်မဟုတ်မဟပ်တွေ မပြောနဲ့နော်၊ ကျူပ်က ဒါမျိုးသိပ်ရှက်တတ်တာ သိလား " ကဲ- အပိုမသွင်းဘဲ လိုရင်းအတိုချုပ်ပါတော့မယ်၊ ဒီလုံးတင်နဲ့ ကျွန်တော်ဟာ နှစ်ပေါင်း နှစ်ဆယ်တိတိ ပေါင်းခဲ့ပါတယ်၊ သားနှစ်ယောက်နဲ့ သမီးလေးယောက်၊ ပေါင်း ခြောက်ယောက် ထွန်းပေါက်ခဲ့ပါတယ်၊ သူကြီးဆုံးမသြ၀ါဒအတိုင်းပဲ ကျွန်တော်ဟာ မျက်စိမှိတ် နားပိတ်ထားတော့ လုံးတင်နဲ့ ကျွန်တော် နောက်ထပ် ဘာပြဿနာမှလဲ မဖြစ်တော့ပါဘူး။ ကျွန်တော့်ကိုယ်ပိုင် မုန့်ဟင်းခါးဖိုကလဲ ကျွန်တော့်ကို ခင်မင်ကြင်နာတရားနဲ့ မေတ္တာထားကြတဲ့ လူတွေများတာကြောင့် စီးပွားလဲ တော်တော်ဖြစ်ထွန်းပါတယ်၊ ကျွန်တော်တို့အရပ်မှာ မုန့်ဟင်းခါးဖို ပိုင်တယ်ဆိုရင် ကြေးရည်တက်စာရင်း ၀င်တာပါပဲဗျာ၊ ရပ်ရွာလူကြီးအရာလဲ ကျွန်တော် ရောက်ခဲ့ပါပြီ၊ သာရေး နာရေးဆိုရင် ကျွန်တော့်ကို အားအထားကြဆုံးပေါ့၊ ကျွန်တော့်ကို ဟိုတုန်းကလို အရူးအပေါကြီးလို မနောက်ပြောင်ကြတော့ဘူး၊ လူ့သဘောကောင်း မနောကောင်းကြီးလို့ ဂုဏ်ပြုကြပါတော့တယ်။ အဲ- လုံးတင်တစ်ယောက်တော့ ကံဆိုးရှာပါတယ်၊ ကျွန်တော် လူရာဝင်ပြီး စီးပွားဖြစ်လာတော့မှ သူရောဂါရရှာတယ်၊ ရင်သားတစ်ဖက်မှာ အစက အကြိတ်တစ်ခုဖြစ်လာရာက နောက်တော့ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့တာပဲ။ ကျွန်တော်လဲ ကောင်းတယ်ဆိုတဲ့ ဆရာအမျိုးမျိုး ကုပါရဲ့၊ ဒါတောင်မရတော့ဘဲ လုံးတင်သေရရှာရော၊ သူသေခါနီးမှာ စိတ်ကောင်းဝင်ပြီး ပြောသွားရှာပါတယ်။ " ဒီမှာ ကိုကျော်ကြီး၊ ကျုပ်တော့ မနေရတော့ဘူး၊ ရှင့်အပေါ်မှာ ကျုပ်ဆိုးခဲ့တာတွေ၊ ခုသေခါနီးမှာ ကောင်းတာလေးတစ်ခု ပြုခဲ့ချင်တယ်။ ဘာလဲဆိုတော့ ခုရှိတဲ့ သားသမီး ၆-ယောက်ဟာ ရှင်နဲ့ရတာ တစ်ယောက်မှမဟုတ်ဘူး၊ ဒီတော့ ကျုပ်သေပြီးရင် ဒီကလေးတွေ ရှင်တာဝန်ယူချင်မှယူတော့ " " အို-လုံးတင်ရယ်၊ ဘယ်လိုပြောလိုက်တာလဲ၊ ဒီကလေးတွေက ကျုပ်ကိုအဖေခေါ်နေတာ၊ ကျုပ်သားသမီးတွေပဲပေါ့၊ ကျုပ်တာဝန်ယူရမှာပေါ့၊ နို့ သူတို့က ကျုပ်ကလေးမဟုတ်ဘူးဆိုရင် ဘယ်သူ့ကလေးတွေလဲ " "အဲဒါ ကျုပ်လဲ မသိဘူးတော်ရေ့၊ ဘယ်ကလေး ဘယ်သူနဲ့ ရလိုက်မှန်းတောင် ကျုပ်မမှတ်မထားမိဘူး၊ ဒီကလေးတွေ ရှင်မပစ်ဘူး တာဝန်ယူမယ်ဆိုလဲ ကျုပ်စိတ်ချလက်ချ သွားရတော့မှာပေါ့၊ ကျုပ်အပြစ်လဲ ကျုပ်ဝန်ချသွားရတာ စိတ်သန့်ရှင်းသွားတယ်၊ကဲ- ကျုပ်ကို ခွင့်လွှတ်ပါတော် ကိုကျော်ရယ် " အနှစ် ၂၀ ပေါင်းခဲ့တာ ဒီသေခါနီး နောက်ဆုံးစကားလေး တစ်လုံးပဲ ကျွန်တော့အပေါ် ကြည်ကြည်သာသာ ပြောသွားဖော်ရတယ်ခင်ဗျာ့၊ အဲဒါလေးတစ်ခုပဲ ကျွန်တော် သူ့အပေါ်မှာ ကြည်နူးလို့ မဆုံးပါဘူး၊ ဒါကြောင့် သူ့သားသမီးတွေ ကျွန်တော်နဲ့ရတာ မဟုတ်ဘူးပဲပြောပြော၊ ကျွန်တော့်စိတ်ထဲမှာတော့ ကိုယ့်သားသမီးအရင်းပဲ။ ကဲ- သူတို့မှာလဲ တခြားအဖေခေါ်စရာမှ မရှိတာဘဲ၊ သူတို့ကို ကျွန်တော်ကောင်းကောင်း ပြုစုတယ်။ ငယ်ငယ်က ဆရာတော်ဘုရား သင်ကြားလိုက်တဲ့ မိဘတို့ဝတ္တရားအတိုင်း မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းဆိုတဲ့အတိုင်း ဟော- အခုအားလုံး လက်လွှတ်ရလို့ ကျုပ်လဲ လူ့ပြည် ငြီးငွေ့တာနဲ့ ရှိပစ္စည်းတွေ လှူတန်ကလှူ၊ သားသမီး ပေးသင့်ကပေးပြီး ပျံတော်မူတဲ့ ဘဘုန်းကြီးသုဿန်ကျောင်းမှာပဲ ညသင်္ကန်းဆီးနေပါတော့တယ်၊ ရဟန်းဝတ်ဖြစ်ပေမယ့် တခြားပုဂ္ဂိုလ်များလို စာပေကျမ်းဂန်မတတ်တော့ အခုပြောခဲ့တဲ့ ကိုယ့်ဘ၀ သုဿန်ပဲ ဟောရပါတော့တယ်။ ဒကာ ဒကာမတို့ရေ … နှစ်သက်လျှင် အနုမောဒနာ ပြုကြပါကုန်။

Wednesday, July 9, 2008
စာအုပ်တွေကို ချစ်တဲ. လူုတွေ အတွက်ပါဗျာ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ ကျနော်. ဆီရှိတဲ့ စာအုပ်လေးတွေကို မျှဝေ သွားပါ့မယ်။
Labels:
explanation
Subscribe to:
Posts (Atom)